ဧငြိမ်းဖြူအတွက် သီချင်းရေးဖို့ရှိတယ်ဆိုတဲ့ ရဲရင့်အောင်

0
93

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူဟာ တွဲလာတာ နှစ်နှစ်ဝန်းကျင်ရှိနေပြီဖြစ်တဲ့စုံတွဲလေးဖြစ်ပြီး အချိန်တွေကြာလာတာတောင်စတွဲခါစကလိုပဲ တစ်ယောက်နဲ့တစ်ယောက် ဂရုတစိုက်ရှိနေကြဆဲ၊ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ သာယာပျော်ရွှင်တဲ့နေ့ရက်တွေကို ဖြတ်သန်းနေကြတဲ့ချစ်သူစုံတွဲလေးဖြစ်ပါတယ်။ မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ရဲရင့်အောင်တို့စုံတွဲလေးက လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ သူတို့ကြားကအချစ်တွေကိုဘယ်လိုခိုင်မြဲအောင်တည်ဆောက်ထားလဲဆိုတာ ပြောပြပေးသွားပါတယ်။

ရဲရင့်အောင်က စိတ်ကောက်ရင်ဘယ်လိုချော့လဲဆိုတာကို ဧငြိမ်းဖြူက “သူက ဖုန်းဆက်ပြီး သတိရတယ်လို့ချော့တာပဲ စိတ်ဆိုးတိုင်းပြတ်ပြီလို့ရေးတင်တတ်တာက ညီမရဲ့ကလေးဆန်တဲ့အပြုအမူပေါ့နော် နောက်မလုပ်ဖြစ်အောင်ဆင်ခြင်ပါ့မယ်”လို့ ဖြေထားပြီး ရဲရင့်အောင်ကတော့“အယ်လယ်.. သူပြောသလိုပဲပေါ့ သတိရတယ်လို့လှမ်းပြောလိုက်တာပဲ ဟဲဟဲ”လို့ ပြောပြထားပါတယ်။

နှစ်ယောက်ကြားက အချစ်တွေကိုဘယ်လိုခိုင်မာအောင်တည်ဆောက်ထားလဲဆိုတာကိုတော့ ရဲရင့်အောင်က “ဒါကတော့ နားလည်မှုယူရတာပဲ ပြဿနာတစ်ခုတက်တိုင်း နားလည်မှုအသစ်တစ်ခုထပ်ယူရတယ်လေ။ မတူဘူးလေ ပြဿနာက။ကြုံရတာခြင်းကမတူတော့ နားလည်မှုတွေအသစ်အသစ်ထပ်ယူသွားရတယ်။နောက်လည်းယူရဦးမှာပါပဲ”လို့ ပြောပြထားပြီး ဧငြိမ်းဖြူကတော့ “နားလည်မှုကတော့ အဓိကကတော့ သူဆုံးမတာများပါတယ်”လို့ ဖြေထားပါသေးတယ်။

စိတ်ဆိုးစိတ်ကောက်တာကို Facebook ပေါ်ကိုသယ်သယ်လာတတ်တာနဲ့ပတ်သက်ပြီး ရဲရင့်အောင်က “ကျွန်တော်ကတော့ ရှင်းတယ်။ Facebook မသုံးဘူး။ အဲ့တော့ ကျွန်တော်ရေးချင်ရင်တောင် ရေးစရာနေရာကမရှိဘူး။ သူကတော့ Facebook သုံးတယ်။ အဲ့တော့ သူကတော့ ရေးနေဦးမှာပါပဲ ဒါပါပဲ”လို့ ဖြေကြားထားပါတယ်။

ချစ်သူအတွက်သီချင်းရေးဖို့ရှိလားဆိုတဲ့မေးခွန်းကို ရဲရင့်အောင်က “ရှိတယ်။ အခုရေးမှမရေးရသေးတော့ ကျွန်တော်ဘယ်လိုပုံစံမျိုးပြောလို့မရသေးဘူးလေ။ ရေးမှာပေါ့။ လာမှာပေါ့။ မပြောပြသေးဘူး”လို့ ခပ်ပြုံးပြုံးလေး ပြောထားပြီး လတ်တလောအနုပညာလှုပ်ရှားမှုကိုတော့ “အခုလတ်တလောကတော့ ကျွန်တော် ဒီ ဘိုဘိုကပဲရိုက်တဲ့ ဂျင်ပါတီဆိုတဲ့ ဇာတ်ကားကိုရိုက်နေပါတယ်။ သီချင်းအသစ်ကတော့ ဒီကားပြီးရင်အခွေထွက်နိုင်ဖို့ကျွန်တော်ကြိုးစားမှာပါ”လို့ သတင်းကောင်းပါးထားခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရဲရင့်အောင်ကိုချစ်ကြလား။ ရဲရင့်အောင်ကို မင်းသားအနေနဲ့ ပိုသဘောကျလား အဆိုတော်အဖြစ်ပဲနှစ်သက်လား။ ရဲရင့်အောင်ရဲ့နောက်ထွက်မယ့်ဇာတ်ကားတွေကိုရော အားပေးဖို့အသင့်ပဲလား။ ပြောခဲ့ကြပါဦး။

Can’t Wait To Say