ကောင်မလေးတွေကိုယ့်ပုံကိုဝိုင်းshareကြလို့ ပျော်တယ်ဆိုတဲ့ ဒေါင်း

0
69

ဒေါင်း ဆိုတဲ့ သရုပ်ဆောင်မင်းသားလေးဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက ပရိသတ်တွေရဲ့ရင်ထဲကိုရောက်နေနှင့်ပြီးသားဖြစ်တဲ့ မင်းသားလေးတစ်ပါးဖြစ်ပြီးအရမ်းကိုတည်ငြိမ်အေးဆေးပြီးလူကြီးဆန်တဲ့ကာရိုက်တာလေးကြောင့် ဆယ်ကျော်သက်ကောင်မလေးတွေအသည်းစွဲဖြစ်ရတဲ့မင်းသားလေးလည်းဖြစ်ပါတယ်။ အခုနောက်ပိုင်း ပုဂံမြို့သူဇာတ်လမ်းတွဲပြသပြီးတော့မှဒေါင်းကိုချစ်တဲ့ ပရိသတ်တွေပိုမိုများပြားလာတယ်ဆိုရင်လည်းမမှားပါဘူး။ လူမှုကွန်ယက်တွေမှာလည်း ကလေးကအစ ခွေးအဆုံး ဒေါင်းကိုကြွေနေကြပြီး ဒေါင်းပုံတွေ မ share တဲ့ မိန်းကလေးရှိရင်ခေါ်လာပြစမ်းပါလို့ ပြောရလောက်တဲ့အထိကိုတော်တော်ဖြစ်ကုန်ကြတာပါ။ ဒေါင်းက မီဒီယာတွေနဲ့အင်တာဗျူးမှာ အဲဒါတွေနဲ့ပတ်သက်လို့ရော အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ပါ ဖြေကြားသွားခဲ့ပါတယ်။

ဒေါင်းက ဒေါင်းပုံတွေမshare တဲ့ မိန်းကလေးရှိရင်ခေါ်လာပြစမ်းပါလို့ပြောနေကြတာနဲ့ပတ်သက်ပြီး “ဘာမှမပြောချင်ပါဘူး။ပြောလိုက်ရင်လည်း အမှားယူချင်တဲ့လူက အမှားယူမှာ အမှန်ယူချင်တဲ့ လူက အမှန်ယူမှာဆိုတော့ ဘာမှမပြောတာက ပိုပြီးအဓိပ္ပါယ်ရှိမယ်လို့ထင်တယ်”ဆိုပြီး ချိုမြတဲ့အပြုံးလေးတွေနဲ့ စဉ်းစဉ်းစားစားလေး ပြောသွားပါတယ်။ဒေါင်းက သူ့ဓာတ်ပုံတွေကိုတစ်နိုင်ငံလုံးက မိန်းကလေးတွေက အသည်းတယားယားအမြတ်တနိုးဝိုင်း share နေကြတာကို “ကျွန်တော်ကယောက်ျားလေးဆိုတော့ ပျော်တာပေါ့ အဲဒါသဘာဝကျတယ်လေ အားလုံးကိုလည်းကျေးဇူးတင်ပါတယ်”လို့ စီရီညီညာတဲ့ ပုလဲသွယ်သွားလေးတွေကို လှစ်ဟရယ်မောရင်း ရင်းနှီးနွေးထွေးနဲ့ မျက်ဝန်းတွေနဲ့ ဖြေထားပါသေးတယ်။

ဒေါင်းက သူ့ရဲ့သရုပ်ဆောင်မှုတွေကိုအားရကျေနပ်မှုရှိရဲ့လားဆိုတာနဲ့ပတ်သက်ပြီး “ကျွန်တော်က အားလုံးအတွက်စေတနာထားပြီးတော့ သရုပ်ဆောင်ထားတယ်။ ကျွန်တော့်ကိုချစ်တဲ့သူတွေ ကျွန်တော်ချစ်တဲ့သူတွေအားလုံးက အဲ့လိုမျိုးမြင်တယ်ဆိုရင်ကျွန်တော့်ရည်ရွယ်ချက်အောင်မြင်တယ်။ ကျွန်တော်သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့သစ္စာတရားကိုကျွန်တော်သက်သေပြခွင့်ရတယ်။ အဲ့လိုပဲမျှော်လင့်ပါတယ်”လို့ အေးချမ်းကြည်လင်တဲ့ အသံနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ဟန်ပန်အမူအရာလေးနဲ့ ပြောပြထားပါတယ်။ဒေါင်းကို ပရိသတ်တွေက အခုတလောပိုပြီးတည်ငြိမ်လာတယ်လို့ပြောတာကို “အဲ့လိုမျိုးမြင်တယ်ဆိုရင်တော့ ကျွန်တော်ဘုရားတရားနေ့တိုင်းလုပ်တယ်။ ကိုယ့်ကိုယ်ကိုယ်သိနေခြင်းဟာ ကောင်းတယ်လေ။ အဲ့ဒါကြောင့်ဖြစ်မှာပါ”လို့ လူကြီးတစ်ယောက်လိုလေသံနဲ့ ပြုံးတော့မလိုဟန်နဲ့ ဖြေကြားထားပါသေးတယ်။

ပရိသတ်တွေဝိုင်းချစ်ရတဲ့ ဒေါင်းလေးက ပရိသတ်အတွက် နှစ်သစ်ဆုတောင်းကို “ဒိုင်ယာရီစာအုပ်တစ်အုပ်ကုန်ဆုံးပြီ နောက်ထပ်စာအုပ်တစ်အုပ်ဖွင့်ရတော့မယ်။ အသစ်အတိုင်းဖွင့်မလား။ ကုန်ဆုံးတဲ့အတိတ်တွေကို ပြန်ဖတ်ပြီးတော့မှနောက်ထပ် တစ်နှစ်ဒိုင်ယာရီအတွက် ဘယ်လိုလှလှပပလေးရေးမလဲဆိုတာကိုစိတ်ကူးယဉ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ မနက်ခင်းနေရောင်ခြည်လေးလို လှပတဲ့ စိတ်ကူးစိတ်သန်းနဲ့ စကားလုံးရွေးချယ်မှုတွေနဲ့ ချစ်စရာကောင်းစွာဆုတောင်းပေးသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဒေါင်းကိုချစ်ကြလား။ ဒေါင်းရဲ့ သရုပ်ဆောင်မှုတွေကိုရော အာေးပးကြလား။ ဒေါင်းရဲ့ရှေ့ဆက်မယ့်အနုပညာလမ်းတစ်လျှောက်မှာရော အတူအားပေးလက်တွဲသွားကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say