ကျော်ထွဋ္ဋ်ဆွေနဲ့ မလိုက်ဘူးလို့ မထင်ဘူးဆိုတဲ့ နန်းသူဇာ

0
81

ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု အပြည့်အဝနဲ့ လက်တွဲလာတာဆိုရင် ချစ်သူသက်တမ်း ၇ နှစ်ကျော်ခဲ့ပါပြီ။ နန်းသူဇာကို ချစ်ကြတဲ့ ပုရိသ ပရိသတ်တွေကတော့ ကျော်ကြီးနဲ့ နန်းသူဇာကို မလိုက်ဖက်ဘူးလို့ ထင်ကြေးပေးကြပါတယ်။ လက်ထပ်ဖို့ ပိုက်ဆံစုတုန်း သူတို့နှစ်ဦးက ချစ်သူဘဝနဲ့ပဲ အကြာကြီး နေသွားတော့မှာလား ဆိုတာကိုတော့ နန်းသူဇာက အင်တာဗျူးမှာ ဖြေကြားပေးသွားပါတယ်။

ချစ်သူနှစ်ဦး ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်ပုံကို နန်းသူဇာက ခုလိုရှင်းပြသွားပါသေးတယ်။

“ကားနေရာမရရင် ရန်ဖြစ်တယ်။ ကားပိတ်ရင်လည်း ရန်ဖြစ်တယ်။ အကြောင်းပြချက် မရှိဘူး တစ်ခါတစ်လေ ဖြစ်ကြတယ်။ အဓိကက စကားနိုင်လုရင်း ဘာမှမဟုတ်တဲ့ ကိစ္စနဲ့ ဖြစ်ကြတာပါ။ ပြီးရင် ငြိမ်ပြီးတော့ ပြီးသွားတာ မေ့သွားတာပဲ။ ငယ်ငယ်တုန်းကအရမ်း Ro တာ ပန်းတွေဘာတွေနဲ့ပေါ့နော် နောက်ပိုင်းကျတော့ ကိုယ်လိုချင်တဲ့ ပစ္စည်းလေးတွေကို သူကမှတ်သားတယ်။ သူလိုချင်တာလေးတွေကို မှတ်ထားပြီး ဝယ်ပေးဖြစ်တယ်။ နန်းက ပိုRo မယ်ထင်တယ်။ မိန်းကလေးဆိုတော့ ပိုပြီးစိတ်ကူးယဉ်ဆန်တယ်။ သူကျတော့ ကိုယ့်အကြောင်း သီချင်းလေးတွေ ရေးပေးပြီး ရိုပေးတယ်။ မကြိုက်ခင်ရေးတုန်းကတော့ ဘာလို့ငါ့အကြောင်းရေးလဲဆိုပြီး ဆူလိုက်တယ်။ အခုတော့ ကိုယ့်အကြောင်းပဲ ရေးစေချင်တာ။” လို့ ဆိုပါတယ်။

နှစ်ကြာလေပြတ်ဖို့များလေဆိုတော့ မြန်မြန်ယူတာကောင်းတယ်ဆိုပြီး ပြောကြတဲ့အပေါ် နန်းသူဇာက ခုလို သုံးသပ်ပြပါတယ်။

“ချက်ချင်းယူတဲ့အတွဲတွေကတော့ အဲ့လိုပြောကြတယ်ပေါ့နော်။ ကြာသွားတဲ့ အတွဲတွေကလည်း ကြာမှယူတဲ့။ ဒါကတော့ လူကလည်း အများကြီး သန်းပေါင်းများစွာ ရှိတာဆိုတော့ သူတို့ရဲ့ ဥပမာနဲ့ သူတို့ပြောပြကြတာ။ အမြန်ယူတာတွေ မယူတာတွေတော့ မသိပါဘူး။ ဖြစ်ချင်လည်းဖြစ်မှာပေါ့။ အဓိကက ကံပေါ့။” လို့ ဆိုပါတယ်။ကျော်ကြီးနဲ့ မလိုက်ဖက်ဘူးလို့ ပြောကြတဲ့အပေါ် နန်းသူဇာက ခုလိုချေပသွားပါတယ်။

“အဲ့လိုမျိုးတော့ အားမပေးဘူး။ နှစ်ယောက်လုံးကတော့ comments တွေ ဖတ်ပြီး ရယ်တာပေါ့နော်။ ကိုယ်လည်း ကိုယ့်ကိုယ်ကိုယ် လှတယ်မထင်ဘူး။ သူနဲ့ မလိုက်ဘူးလို့လည်း မထင်ဘူး။” ဆိုပြီး ပြောသွားပါတယ်။