ကျေးဇူးမသိတတ်လည်း စိတ်မဝင်စားဘူးဆိုတဲ့ ဂျွန်လွင်

0
64

မြန်မာနိုင်ငံရဲ့ ထိပ်တန်း event organizerတစ်ဦးဖြစ်ပြီး eventကောင်းပေါင်းများစွာကို စီစဉ်နိုင်ခဲ့တဲ့ ဂျွန်လွင်ကတော့ တပည့်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့ပြီး သူမွေးထုတ်ပေးခဲ့တဲ့သူတွေကလည်း အောင်မြင်မှုလမ်းကြောင်းအပေါ်မှာ ကိုယ်ဆီလျှောက်လမ်းနေကြတာကိုတွေ့ရပါတယ်။ ကျေးဇူးသိတတ်တဲ့တပည့်တွေရှိသလို ကျေးဇူးမသိတတ်တဲ့တပည့်တွေလည်း ရှိတယ်လို့ 8days ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

အောင်ရဲလင်းက အင်တာဗျူးတစ်ခုမှာ ဆရာဂျွန်လွင်မရှိရင် မင်းသားမဖြစ်ဘူးလို့ ဖြေထားတာနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရလဲလို့ မေးမြန်းရာ ဂျွန်လွင်က “အဲ့ဒီအင်​တာဗျူးကို 8days က​နေပို့လိုက်​တဲ့အခါမှာ ကျွန်​​တော်​နား​ထောင်​တာ သူဟာ​ကျေးဇူးသိတတ်​တဲ့လူပဲ။ တကယ်​လဲ​ကျေးဇူးသိတတ်​ပါတယ်​။ fashion week ဆိုလဲ နှစ်​တိုင်းမအားလဲ အား​​အောင်လုပ်ပြီး​​ ဆရာ​ရေသား ဒီနှစ်​​လျှောက်​​ပေးမယ်​ဆိုတာကြီးပဲ။ တစ်​နှစ်​က ဆိုရင်​ ​လေယဉ်​ပျံနဲ့​တောင်​ပြန်​လာပြီး show လာ​လျှောက်​​ပေးတယ်​။ ​လေယဉ်​ပျံ လက်​မှတ်​ ဖိုး​ပေးတာ​တောင်​မယူဘူး။ အဲ့​လောက်​ထိ​ကျေးဇူးသိတတ် ​တယ်​​ပေါ့​နော်​။ အဲ့တာ​ကြောင့်​လဲ ကျွန်​​တော်ကသူ့ကို ဒီ့ထက်​​အောင်​မြင်​​အောင်​လဲ ဖြစ်​​စေချင်​ပါတယ်​။ သူကရိုက်​ကွင်း​နောက်​ကျတယ်​လို့ သတင်း​တွေထွက်​​နေတယ်​ဆို​တော့ ကိုယ်​ကဖုန်းဆက်​ရင်​ သူကလဲသူ​နောက်​မကျပါဘူး​ပြောတယ်​​။ ကိုယ်​ကလဲ တကယ်​မမိ​တော့မသိဘူး​ပေါ့​နော်​။ အဲ့တာလဲ တစ်​ချိန်​လုံးလှမ်းဆူ​နေရတယ်​​။ ဒီလိုမျိုး ကိုယ်​နဲ့အလုပ်​တွဲလုပ်​တဲ့လူ​တွေ စိတ်​အ​နှောင့်​အယှက်​ဖြစ်​ရင်​ မင်းနဲ့ဆက်​လုပ်​မှာမဟုတ်​ဘူး​နော်​။ မင်းရထားတဲ့​နေရာမ​ပျောက်​​စေနဲ့​နော်​။ မင်းဘယ်​လိုကြိုးစားခဲ့ရလဲ မင်းသိတယ်​​နော်​။ သူ့ကိုဆို ဒီလိုပဲ။

ဒဂုံစင်​တာမှာ L’Oreal ကနှုတ်​ခမ်းအလှပြိုင်ပွဲ​​​ကို ကျွန်​​တော်​သွားတယ်​။ ပြန်​တဲ့အခါမှာ ဒဂုံစင်​တာ​နောက်​ကလမ်းထဲက လက်​ဖက်​ရည်​ဆိုင်​မှာ ​ရေ​သောက်​ချင်​လို့ ဝယ်​လိုက်​တာ။ သူကလက်​ဖက်​ရည်​ဆိုင်​မှာထိုင်​​နေတာ။ ကျွန်​​တော်​က​ရေလိုချင်​တယ်​လို့လှမ်း​ပြောတာကို waiter ကမကြား​တော့ သူက ညီ​လေး​ရေ ကား​ပေါ်က အကိုက​ရေလိုချင်​တယ်​ဆိုပြီး​ပြော​တော့ ကြည့်​လိုက်​​တော့ ​ဟေ့​ရောင်​မင်းမျက်​နှာ​လေးကမဆိုးဘူး​ပေါ့​နော်​။ အာ့တုန်းက သူက​တော်​​တော်​ပိန်​တယ်​။ မင်း​မော်​ဒယ်​​တွေ သရုပ်​​ဆောင်​​တွေဝါသနာပါလားလို့။ ဝါသနာပါရင်​ လာခဲ့​လေဆိုပြီး ​ပြောလိုက်​​တော့ ​နောက်​​နေ့ပဲ သူ့အ​မေနဲ့​​ရောက်​လာတယ်​။ ​ရောက်​လာပြီးသင်​တန်းစတက်​ပြီး​တော့ Gym ​တွေဘာ​တွေကစားရမယ်​လို့ Guideline ​တွေ​ပြောတာ​ပေါ့​နော်​။ သူကစမ်း​ချောင်းထဲမှာ​နေ​တော့ အိမ်​​ရှေ့မှာ Gym ​တွေဘာ​တွေ​ဆော့ပြီး ခန္ဓာကိုယ်​ဖွံ့ဖြိုးလာတယ်ေ​ပါ့​နော်​။ အာ့က​နေစပြီး ကျွန်​​တော်​စနိုးဝှိုက်​ကိုလွင်​တို့နဲ့ မိတ်​ဆက်​​ပေးတယ်​။ ပြီး​တော့ ကြည်​ဖြူသျှင်​တို့နဲ့ ဆက်​လုပ်​တယ်​။ အာ့လိုလုပ်​ရင်းနဲ့ သူ​နေရာတစ်​​နေရာကို​ရောက်​လာ​တာ​ပေါ့​နော်​။ အဲ့လိုပဲ​ ​နောက်​ DJ ​သော်​​သော်​နဲ့တိုင်​ပင်​ပြီး မီကို​ကြော်​ငြာ​ကိုလဲ တစ်တိုင်းပြည်​လုံးမှာလှည့်ပြီး ​အလှဆုံး​ရိုက်​တယ်​။ ကျွန်​​တော့်​အဲ့လိုလုပ်​​ပေးလိုက်​တဲ့အတွက်​​ကြောင့်​ သူ​နေရာတစ်​ခုရသွားတယ်​။ အဲ့အ​ပေါ်မှာကျွန်​​တော်​ အရမ်းလဲပီတိဖြစ်​တယ်​။ တကယ့်​ကိုထမင်းအိုး​လေးတစ်​အိုးရသွားတာကိုပဲ ကျွန်​​တော်​​ကျေနပ်​ပါတယ်​။

ဒီလိုလဲ​ကျေးဇူးသိတတ်​စွာ ​ပြောတဲ့အတွက်​ ကျွန်​​တော်​ ပီတိဖြစ်​ပါတယ်​။ မြင့်​မြတ်​ဆိုလဲ ဇွဲပြည့်​ VCD ရိုက်​မယ်​ မြင့်​မြတ်​​ရေ ငါ့ကို VCD ရိုက်ေ​ပးဦးဆိုရင်​ ဟာဆရာ ကျွန်​​တော်အလကားရိုက်​​ပေးမယ်​ဆရာ ဆိုပြီး အကုန်​အလကားလာလုပ်​​ပေးကြတယ်။ တပည့်​​တော်​​တော်​များများကဒီလိုပါပဲ။ တစ်​ချို့ကျ​တော့လဲ ရင်​ထဲကမ​ဖော်​ပြတတ်​​ပေမယ့်​ ခိုင်းလိုက်​တယ်​ဆို ပိုက်​ဆံစကားဘယ်​​တော့မှမ​ပြောဘူး အမြဲတမ်းဆရာရတယ်​ လုပ်​​ပေးမယ်​ အဆင်​​ပြေတယ်​ ​ပေးချင်​သ​လောက်​သာ​​ပေး ။ ဒါ​ပေမယ့်​ကိုယ်​ကလဲ သူတို့ကို respect ထားရမယ်​​လေ။ သူတို့ကြိုးစားလာတဲ့သက်​တမ်းနဲ့ သူတို့ရလာတဲ့အနုပညာကို နှိမ်​လဲမ​ပေးဘူး။ ရသင့်​ရထိုက်​တဲ့ Amount ကိုအမြဲတမ်း​ပေးပါတယ်​။ ဒါ​ပေမယ့်​​ဗေဒင်​ဆရာ​ပြောထားဖူးတဲ့ စကား​လေးတစ်​ခွန်းရှိတယ်​။ တပည့်​​မွေးရင်​အမြဲတမ်းပုန်​ကန်​တတ်​တယ်​တဲ့။

တစ်​ချို့​တွေက​တော့ ပုန်​ကန်​တာ​ပေါ့​နော်​။ တစ်​ချို့​တွေက​တော့ မပုန်​ကန်​ဘူး​ပေါ့။ ဒီလိုပါပဲ လက်​​တောင်​မှငါး​ချောင်းမညီတာ။ လူအမျိုးမျိုးနဲ့​တွေ့ရမှာပဲ။ ဒါ​ပေမယ့်​ ဒီလိုမျိုးဖြစ်​လဲ ကျွန်​​တော့အ​နေနဲ့ ဝမ်းလဲမနည်း​ဘူး ဝမ်းလဲမသာဘူး။ ဘာလို့လဲဆို​တော့ သူတို့ကို စလုပ်​​ပေးထဲက သူတို့​ကို​အောင်​မြင်​​စေချင်​တယ်​ လူသိ​စေချင်​တယ်​ ​ကျော်​ကြား​စေချင်​တဲ့ ဆန္ဒတစ်​ခုထဲနဲ့ လုပ်​​ပေးခဲ့တယ်​။ သူတို့​အောင်​မြင်​လာရင်​ သူတို့ဆီက​ငွေ​​တွေဖြတ်​ယူမယ်​ဆိုတဲ့ ဆန္ဒမရှိခဲ့တဲ့အတွက်​​ကြောင့်​မို့လို့ ဒီလိုမျိုး ​ကျေးဇူးသိတတ်​လဲ ပြဿ နာမရှိဘူး။ ​ကျေးဇူးမသိတတ်​လဲ ပြဿ နာမရှိဘူး။ ဘယ်​လိုပဲသိတတ်​မသိတတ်​ ​ကောင်းကင်​​ပေါ်ကဘုရားသိရင်​ပြီး​ရော​လေ။ ကျွန်​​တော်​လုပ်​​ပေးလိုက်​တာသိတယ်​ဆိုရင်​ပြီး​​ရော ကျွန်​​တော့ကို​ကျေးဇူးသိတတ်​မသိတတ်​တာလဲ ပြဿ နာမရှိဘူး။ စိတ်​လဲမဝင်​စားဘူး။