Unicode
ကေ့ပေါ့ပ်ဂီတကိုမှ အရူးအမူး စွဲလမ်းတဲ့ ကေ့ပေါ့ပ်ချစ်သူပရိသတ်၊ အမာခံဖန်ကိုမှ ရည်းစားတော်ထားရင်တော့ ဒီအချက်တွေကမဖြစ်မနေကိုသိထားသင့်ပါတယ်။ မဟုတ်ရင်တော့ အရစ်ခံနေရမှာကျိန်းသေပါပဲနော်။ ဖတ်ရှုကြည့်ပါဦး။ ကေပေါ့ပ်ချစ်သူတွေကို ရည်းစားတော်ထားရင် သင်သိထားသင့်တဲ့အချက် ၁၀ ချက် ကိုတင်ဆက်ပေးလိုက်ရပါတယ်။
ကေ့ပေါ့ပ်ဂီတကိုမှ အရူးအမူး စွဲလမ်းတဲ့ ကေ့ပေါ့ပ်ချစ်သူပရိသတ်တွေအချင်းချင်းဆိုတာ အပြင်လူတွေနားမလည်နိုင်စွမ်းဘဲ သူတို့အချင်းချင်းမှ အပြန်အလှန်နားလည်နိုင်တဲ့ ဘာသာစကားတစ်မျိုးရှိပါတယ်။
Red Velvet အဖွဲ့ရဲ့သီချင်းတွေဆိုရင် ကိုယ်တောင်မသိလိုက်ဘဲ နားထဲစွဲ၊ ပါးစပ်ထဲစွဲပြီး မသိစိတ်ထဲကနေအလိုလို လိုက်ပြီးရွတ်ဆိုနေမိပါလိမ့်မယ်။ သီချင်းကိုနားမလည်ရင်တောင်မှပေါ့။
ပါတီပွဲလေး၊ ပျော်ပွဲရွှင်ပွှဲတွေလုပ်တိုင်းလဲ ကေပေါ့ပ်သီချင်းတွေကိုသာဖွင့်နေတာတော့ ရှောင်လွှဲရမှာမဟုတ်ပါဘူး။
လက်ထပ်ပြီးတဲ့အခါ မွေးလာမယ့်ကလေးကိုပါ သူတို့သိပ်ကြိုက်တဲ့အဆိုတော်ရဲ့နာမည်ကိုပေးဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်နေပါလိမ့်မယ်။
Sugar ဆိုတဲ့ စကားလုံးကို ဘယ်တော့မှ r ထည့်ပြီးမရေးတတ်တော့တာတွေ့ရမှာပါ။
ကမ္ဘာပတ်လို့အပန်းဖြေခရီးထွက်မယ်ဆိုလဲ ကိုရီးယားကိုပဲ သွားဖြစ်မှာကျိန်းသေပေါက်ပါပဲ။
သောကြာနေ့ဆိုရင်တော့ Music Bank ရုပ်သံအစီအစဉ်ကို သေချာပေါက်အတူတူလိုက်ကြည့်ပေးရပါလိမ့်မယ်။
ကိုယ့်မွေးနေ့ကိုသာမေ့ရင်မေ့နေမယ်၊ သူတို့သိပ်ကြိုက်တဲ့ Idol အဆိုတော်တွေရဲ့မွေးနေ့ကိုတော့ တစ်သက်လုံးမေ့မှာမဟုတ်ပါဘူး။
TWICE အဖွဲ့ရဲ့ပရိသတ်သာဖြစ်လို့ကတော့ ဓာတ်ပုံအယ်လ်ဘမ်တွေ၊ ထွက်ထားသမျှ သီချင်းအယ်လ်ဘမ်အကုန်လုံးနဲ့ ကာဗာပုံတွေကို အမြဲဝယ်နေရတာနဲ့ပိုက်ဆံပြတ်နေမှာသေချာပါတယ်။
ဓာတ်ပုံလေးမရိုက်မိလိုက်နဲ့၊ ရိုက်မိတာနဲ့ လက်နှစ်ချောင်းထောင်ပြမယ်၊ မဟုတ်ရင်လက်ညိုး၊လက်မနဲ့ အသည်းပုံလေးလုပ်ပြပါလိမ့်မယ်…Lol!!!