ေစ်းႀကီးဇိမ္ခံကားေတြကို မစီးၾကတဲ့ ဘီလီယံနာမ်ား

လူခ်မ္းသာေတြအတြက္ ေမာ္ေတာ္ယာဥ္ေတြဟာ သူတုိ႔ရဲ႕ၾကြယ္ဝမႈအဆင့္အတန္းကို ျပသဖို႔ အေကာင္းဆုံး ကိရိယာေတြပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ေဒၚလာသန္းေထာင္ခ်ီခ်မ္းသာေနတဲ့ ဘီလီယံနာ လုပ္ငန္းရွင္တုိင္း ဇိမ္ခံကားစီးေနတာေတာ့ မဟုတ္ပါဘူး။ ေျပာခ်င္လြန္းလို႔က ဒီတစ္ခါ အဆမတန္ခ်မ္းသာေပမယ့္ မေထာင္လႊားတဲ့ ဘီလီယံနာတစ္ခ်ဳိ႕ကို ေဖာ္ျပေပးပါရေစ။

၁. Alice Walton



Walmart ဆုိတာဟာ အေမရိကန္ႏုိင္ငံရဲ႕ ဟုိက္ပါမားကက္ႀကီးေပါင္းမ်ားစြာကို ပုိင္ဆုိင္တဲ့ လုပ္ငန္းစုပါ။ Alice Walton ကေတာ့ Walmart ရဲ႕ ပူးတြဲဆက္ခံသူျဖစ္ၿပီး ေဒၚလာ ၄၅ ဘီလီယံေတာင္ ပုိင္ဆုိင္ပါတယ္။ သူမအတြက္ ဖာရာရီတံဆိပ္ဆုိတာ အင္မတန္ေပါတယ္လို႔ ေျပာလုိ႔ရတဲ့ အဆင့္ျဖစ္ေပမယ့္ 2096 Ford F-150 King Ranch ကိုသာ ေရြးခ်ယ္စီးနင္းပါတယ္။ သူမရဲ႕ေရြးခ်ယ္မႈက တန္ဖိုးထက္ စိတ္ခံစားမႈအေပၚ မူတည္တာ ျဖစ္ၿပီး သူမရဲ႕ဖခင္ဟာ သူမငယ္ငယ္က 1979 Ford F-150 ေမာ္ဒယ္ကို စီးနင္းခဲ့လို႔ျဖစ္ပါတယ္။

၂. Mark Zuckerberg




ကမာၻေပၚမွာမသိသူမရွိသေလာက္ေအာင္ျမင္ေက်ာ္ၾကားလာၿပီျဖစ္တဲ့ Facebook ရဲ႕ပုိင္ရွင္ ဇူကာဘတ္ဟာ အျပင္ပန္းအျမင္မွာတင္ အေရာင္မႈိင္းတီရွပ္ေတြကိုသာ ဝတ္ဆင္တတ္လို႔ မေထာင္လႊားတတ္မွန္း လူသိၿပီးသားပါ။ လုပ္ငန္းေတြကို အေလာတႀကီးခ်ဲ႕ထြင္တတ္တဲ့သူဟာ ကားကိုေတာ့ ေဒၚလာသုံးေသာင္းသာ တန္တဲ့ Acura TSX ေလးကို စီးပါတယ္။ သူက ဒီကားေလးကုိ သက္ေတာင့္သက္သာရွိၿပီး သူမ်ားအထင္ႀကီးေအာင္ ၾကြားဝါတဲ့ ပုံမေပါက္လို႔ ႏွစ္သက္တာျဖစ္ေၾကာင္း ေျဖဆုိခဲ့ပါတယ္။

၃. Steve Ballmer



မုိက္ကရုိေဆာ့ဖ္ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ေဟာင္း Steve Ballmer ကို ဘက္စကက္ေဘာပရိသတ္ေတြက L.A Clippers အသင္းပုိင္ရွင္အျဖစ္ သိၾကပါတယ္။ ဒီေလာက္ေက်ာ္ၾကားေအာင္ျမင္ခ်မ္းသာေနတဲ့ စတိဗ္ဟာ ကားကိုေတာ့ ေဒၚလာ ၂၈၀၀၀ သာတန္တဲ့ 2010 Ford Fusion Hybrid ကိုစီးနင္းပါတယ္။ သူ႕ရဲ႕ အေၾကာင္းျပခ်က္က Alice Walton နဲ႔တူညီပါတယ္။ သူ႕ဖခင္ဟာ ဖိုဒ့္ကားစက္ရုံမန္ေနဂ်ာတစ္ဦးျဖစ္ခဲ့တာေၾကာင့္ တစ္သက္လုံး ဖိုဒ့္ကားေတြကိုပဲ ဝယ္ယူစီးနင္းေလ့ရွိပါတယ္။

၄. Ingvar Kampard

Walmart လိုပဲ ကမာၻအရပ္ရပ္ကေတာင္ သိရတဲ့ အမွတ္တံဆိပ္ေနာက္တစ္ခုက IKEA ပါ။ IKEA ရဲ႕ တည္ေထာင္သူကေတာ့ Ingvar Kampard ပဲျဖစ္ပါတယ္။ ဒီလူႀကီးဟာ အင္မတန္ခ်မ္းသာေပမယ့္ အဝတ္အစားကို တစ္ပတ္ရစ္ေတာင္ ဝယ္ဝတ္ေလ့ရွိတယ္လို႔ ေက်ာ္ၾကားတယ္။ သူ႕ရဲ႕စီးေတာ္ယာဥ္ 1993 ခုႏွစ္ထုတ္ Volvo 240 GL ကို ႏွစ္ေပါင္း ၂၀ နီးပါး အသုံးျပဳခဲ့တာပါ။ သူ႕မိတ္ေဆြတစ္ေယာက္က ဒီကားဟာ အႏၱရာယ္ရွိေလာက္တဲ့အထိ အုိမင္းေနၿပီျဖစ္ေၾကာင္း သူ႕ကိုေျပာဆုိနားသြင္းႏုိင္ခဲ့ေတာ့မွ တျခားကားသစ္တစ္စီးကို လဲလွယ္ခဲ့ပါတယ္။

၅. Warren Buffett

ေခၽြတာမႈနဲ႔ပတ္သက္လာရင္ေတာ့ ကမာၻ႕ထိပ္သီးအခ်မ္းသာဆုံးစာရင္းဝင္တစ္ေယာက္လည္းျဖစ္တဲ့ Warren ကို ယွဥ္ႏုိင္တဲ့လူရွားပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ဘီလီယံနာအျဖစ္ ရပ္တည္လာေပမယ့္ မနက္စာကို မက္ေဒၚနယ္ဆုိင္က မွာစားတတ္တဲ့သူမ်ဳိးပါ။ သူဟာ 2006 ေမာ္ဒယ္ Cadillac DTS ေလးကို ဆယ္ႏွစ္ေလာက္ အသုံးျပဳခဲ့ၿပီး သမီးျဖစ္သူက အတင္းအက်ပ္တုိက္တြန္းေတာ့မွ ေဒၚလာေလးေသာင္းခြဲေလာက္က်တဲ့ Cadillac XTS ကိုေျပာင္းစီးပါတယ္။ ေဖာဘီးမဂၢဇင္းနဲ႔ အင္တာဗ်ဴးထဲမွာ “က်ဳပ္က တစ္ႏွစ္လုံးမွ မုိင္ ၃၅၀၀ ေလာက္ပဲ ေမာင္းတာဆုိေတာ့ ကားခဏခဏလဲတာေတာ့ လုပ္မွာမဟုတ္ဘူး” လို႔ ေျဖခဲ့ပါတယ္။

Unicode

လူချမ်းသာတွေအတွက် မော်တော်ယာဉ်တွေဟာ သူတို့ရဲ့ကြွယ်ဝမှုအဆင့်အတန်းကို ပြသဖို့ အကောင်းဆုံး ကိရိယာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်လာသန်းထောင်ချီချမ်းသာနေတဲ့ ဘီလီယံနာ လုပ်ငန်းရှင်တိုင်း ဇိမ်ခံကားစီးနေတာတော့ မဟုတ်ပါဘူး။ ပြောချင်လွန်းလို့က ဒီတစ်ခါ အဆမတန်ချမ်းသာပေမယ့် မထောင်လွှားတဲ့ ဘီလီယံနာတစ်ချို့ကို ဖော်ပြပေးပါရစေ။

၁. Alice Walton

Walmart ဆိုတာဟာ အမေရိကန်နိုင်ငံရဲ့ ဟိုက်ပါမားကက်ကြီးပေါင်းများစွာကို ပိုင်ဆိုင်တဲ့ လုပ်ငန်းစုပါ။ Alice Walton ကတော့ Walmart ရဲ့ ပူးတွဲဆက်ခံသူဖြစ်ပြီး ဒေါ်လာ ၄၅ ဘီလီယံတောင် ပိုင်ဆိုင်ပါတယ်။ သူမအတွက် ဖာရာရီတံဆိပ်ဆိုတာ အင်မတန်ပေါတယ်လို့ ပြောလို့ရတဲ့ အဆင့်ဖြစ်ပေမယ့် 2096 Ford F-150 King Ranch ကိုသာ ရွေးချယ်စီးနင်းပါတယ်။ သူမရဲ့ရွေးချယ်မှုက တန်ဖိုးထက် စိတ်ခံစားမှုအပေါ် မူတည်တာ ဖြစ်ပြီး သူမရဲ့ဖခင်ဟာ သူမငယ်ငယ်က 1979 Ford F-150 မော်ဒယ်ကို စီးနင်းခဲ့လို့ဖြစ်ပါတယ်။

၂. Mark Zuckerberg

ကမ္ဘာပေါ်မှာမသိသူမရှိသလောက်အောင်မြင်ကျော်ကြားလာပြီဖြစ်တဲ့ Facebook ရဲ့ပိုင်ရှင် ဇူကာဘတ်ဟာ အပြင်ပန်းအမြင်မှာတင် အရောင်မှိုင်းတီရှပ်တွေကိုသာ ဝတ်ဆင်တတ်လို့ မထောင်လွှားတတ်မှန်း လူသိပြီးသားပါ။ လုပ်ငန်းတွေကို အလောတကြီးချဲ့ထွင်တတ်တဲ့သူဟာ ကားကိုတော့ ဒေါ်လာသုံးသောင်းသာ တန်တဲ့ Acura TSX လေးကို စီးပါတယ်။ သူက ဒီကားလေးကို သက်တောင့်သက်သာရှိပြီး သူများအထင်ကြီးအောင် ကြွားဝါတဲ့ ပုံမပေါက်လို့ နှစ်သက်တာဖြစ်ကြောင်း ဖြေဆိုခဲ့ပါတယ်။

၃. Steve Ballmer

မိုက်ကရိုဆော့ဖ်ရဲ့အမှုဆောင်အရာရှိချုပ်ဟောင်း Steve Ballmer ကို ဘက်စကက်ဘောပရိသတ်တွေက L.A Clippers အသင်းပိုင်ရှင်အဖြစ် သိကြပါတယ်။ ဒီလောက်ကျော်ကြားအောင်မြင်ချမ်းသာနေတဲ့ စတိဗ်ဟာ ကားကိုတော့ ဒေါ်လာ ၂၈၀၀၀ သာတန်တဲ့ 2010 Ford Fusion Hybrid ကိုစီးနင်းပါတယ်။ သူ့ရဲ့ အကြောင်းပြချက်က Alice Walton နဲ့တူညီပါတယ်။ သူ့ဖခင်ဟာ ဖိုဒ့်ကားစက်ရုံမန်နေဂျာတစ်ဦးဖြစ်ခဲ့တာကြောင့် တစ်သက်လုံး ဖိုဒ့်ကားတွေကိုပဲ ဝယ်ယူစီးနင်းလေ့ရှိပါတယ်။

၄. Ingvar Kampard

Walmart လိုပဲ ကမ္ဘာအရပ်ရပ်ကတောင် သိရတဲ့ အမှတ်တံဆိပ်နောက်တစ်ခုက IKEA ပါ။ IKEA ရဲ့ တည်ထောင်သူကတော့ Ingvar Kampard ပဲဖြစ်ပါတယ်။ ဒီလူကြီးဟာ အင်မတန်ချမ်းသာပေမယ့် အဝတ်အစားကို တစ်ပတ်ရစ်တောင် ဝယ်ဝတ်လေ့ရှိတယ်လို့ ကျော်ကြားတယ်။ သူ့ရဲ့စီးတော်ယာဉ် 1993 ခုနှစ်ထုတ် Volvo 240 GL ကို နှစ်ပေါင်း ၂၀ နီးပါး အသုံးပြုခဲ့တာပါ။ သူ့မိတ်ဆွေတစ်ယောက်က ဒီကားဟာ အန္တရာယ်ရှိလောက်တဲ့အထိ အိုမင်းနေပြီဖြစ်ကြောင်း သူ့ကိုပြောဆိုနားသွင်းနိုင်ခဲ့တော့မှ တခြားကားသစ်တစ်စီးကို လဲလှယ်ခဲ့ပါတယ်။

၅. Warren Buffett

ချွေတာမှုနဲ့ပတ်သက်လာရင်တော့ ကမ္ဘာ့ထိပ်သီးအချမ်းသာဆုံးစာရင်းဝင်တစ်ယောက်လည်းဖြစ်တဲ့ Warren ကို ယှဉ်နိုင်တဲ့လူရှားပါတယ်။ နှစ်ပေါင်းများစွာ ဘီလီယံနာအဖြစ် ရပ်တည်လာပေမယ့် မနက်စာကို မက်ဒေါ်နယ်ဆိုင်က မှာစားတတ်တဲ့သူမျိုးပါ။ သူဟာ 2006 မော်ဒယ် Cadillac DTS လေးကို ဆယ်နှစ်လောက် အသုံးပြုခဲ့ပြီး သမီးဖြစ်သူက အတင်းအကျပ်တိုက်တွန်းတော့မှ ဒေါ်လာလေးသောင်းခွဲလောက်ကျတဲ့ Cadillac XTS ကိုပြောင်းစီးပါတယ်။ ဖောဘီးမဂ္ဂဇင်းနဲ့ အင်တာဗျူးထဲမှာ “ကျုပ်က တစ်နှစ်လုံးမှ မိုင် ၃၅၀၀ လောက်ပဲ မောင်းတာဆိုတော့ ကားခဏခဏလဲတာတော့ လုပ်မှာမဟုတ်ဘူး” လို့ ဖြေခဲ့ပါတယ်။