ေတာင္ကိုရီးယားသမၼတရဲ႕ ရိုမန္တစ္ဆန္လြန္းတဲ့ ၾကည္ႏူးစရာ အခ်စ္ဇာတ္လမ္း

0
44

သမၼတ Moon Jae-In ကိုေတာ႔ အားလံုးသိၾကမွာပါ။ လက္ရွိေတာင္ကိုရီးယား သမၼတပါ။ အရင္သမၼတေဟာင္း ပတ္ဂြမ္ေဟးတစ္ေယာက္ သမၼတရာထူးကေန ဖယ္ရွားခံလိုက္ရၿပီးေနာက္ လက္ရွိသမၼတ Moon Jae-In က (၂၀၁၇)ေရြးေကာက္ပြဲမွာ သမၼတရာထူးအတြက္ ေရြးေကာက္ခံခဲ့ရတာပါ။ သမၼတ Moon Jae-In ရဲ႕ ဇနီး ေတာင္ကိုရီးယားရဲ႕ First Lady ကေတာ့ Kim Jung-sook ပါ။ ကိုရီးယားဇာတ္ကားေတြကပဲ အရမ္းရိုမန္တစ္ ဆန္တာမဟုတ္ပါဘူး။ ေတာင္ကိုရီးယားသမၼတနဲ႔ သမၼတကေတာ္တို႔ရဲ႕ ခ်စ္ဇာတ္လမ္းကလည္း အရမ္းရိုမန္တစ္ဆန္ပါတယ္။

သမၼတ Moon Jae-In က သမၼတကေတာ္ Kim Jung-sook နဲ႔ ဘယ္လို ဆံုဆည္းၿပီး လက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္ခဲ့တာလဲ..?

အဓိကေတာ႔ သူ႔ဘ၀အတြက္ အခက္အခဲအၾကမ္းတမ္းဆံုး အခ်ိန္ေတြမွာ သူမက အနားမွာ ရွိေနေပးခဲ့လို႔ပါ။ သူတုိ႔ ႏွွစ္ဦး ဟာ (၁၉၇၄)ခုႏွစ္က ေကာလိပ္ေက်ာင္းမွာ ဆံုေတြ႔ခဲ့တာပါ။ အဲ့ဒီတုန္းက Moon Jae-In ဟာ ဥပေဒေက်ာင္း သားျဖစ္ၿပီး Kim Jung-sook ကေတာ႔ ဂီတေက်ာင္းသူပါ။ဇ ာတ္လမ္းစခဲ့တာကေတာ့ စီနီယာေတြက သူမကို ျပင္သစ္မင္းသား Alain Delon နဲ႔ တူတဲ့ လူတစ္ေယာက္ကို မိတ္ဆက္ေပးခ်င္တယ္ဆိုရာကေန စခဲ့တာပါ။

သူတုိ႔ ေတြက Moon Jae-In ကို Alain Delon နဲ႔ ဆင္တယ္ဆုိၿပီး ေျပာခဲ့ၾကတာပါ။ ဒါေပမယ့္ ျမင္ျမင္ခ်င္း အခ်စ္မ်ိဳးေတာ႔ မဟုတ္ခ့ဲပါဘူး။ Moon ရဲ႕ မိသားစုေတြက အရမ္းကို ဆင္းရဲခဲ့ပါတယ္။ (၁၉၅၀-၅၃)တုန္းက ကိုရီးယားစစ္ပြဲေၾကာင့္ ေျမာက္ကိုရီးယားကေန ထြက္ေျပးလာခဲ့သူေတြပါ။ အၿမဲတမ္းဖက္ရွင္ အေဟာင္းဂ်က္ကတ္ႀကီးကိုပဲ ၀တ္တတ္တဲ့ Moon ကေတာ႔ အဲ့ဒီတုန္းက မိန္းကေလးေတြ သေဘာက်စရာမ်ိဳးေတာ႔ မဟုတ္ခဲ့ပါဘူး။

(၁၉၇၅)တုန္းက သမၼတ Park Chung-hee ကို ဆန္႔က်င္တဲ့ ဆႏၵျပပြဲမွာ Moon တစ္ေယာက္ ပါ၀င္ခဲ့ခ်ိန္မွာပဲ အရာအားလံုး ေျပာင္းလဲ သြားခဲ့ပါတယ္။ အဲ့ဒီတုန္းက ဆႏၵျပသူေတြကို မ်က္ရည္ယိုဗံုးနဲဲ႔ ၿဖိဳခြင္းခဲ့ၿပီး Moon လညး္ မ်က္ရည္ယိုဗံုး ထိခဲ့ပါတယ္။ ဇာတ္လမ္းက အဲ့ဒီမွာစတာပါ

မ်က္လံုးေတြကို ဖြင့္ၾကည့္လိုက္ေတာ့ သူ႔ကို စိုးရိမ္စိတ္ပူေနၿပီး မ်က္ႏွာကို လက္ကိုင္ပု၀ါနဲ႔ သုတ္ေပးေနတဲ့ မိန္းကေလးတစ္ေယာက္ကို ျမင္ခဲ့ပါတယ္။ အဲ့ဒီမိန္းကေလးကေတာ႔ Kim Jung-sook ပါ။ အဲ့ဒီ အခိုက္အတန္႔ ေလးကပဲ သူ႔အတြက္ အရမ္းကိုၾကည္ႏူးရတဲ့ အခိုက္အတန္႔ေလး ျဖစ္ခဲ့ပါတယ္။ တကၠသိုလ္မွာတည္းက သိခဲ့ေပမယ့္ မ်က္ရည္ယိုဗံုး ထိတဲ့သူ႔ကိုလက္ကိုင္ပု၀ါနဲ႔ မ်က္ႏွာကို သုတ္ေပးေနတဲ့ အခိုက္အတန္႔ေလးက သူတို႔ၾကားမွာ ခ်စ္ျခင္းေမတၱာကို ေပါက္ဖြားေစခဲ့ပါတယ္။

ဒီျဖစ္ရပ္အၿပီး သိပ္မၾကာခင္မွာပဲ သူတုိ႔ႏွစ္ေယာက္ ခ်စ္ႀကိဳက္ခဲ့ၾကပါတယ္။ မိန္းကေလးဘက္က သေဘာမတူ ကန္႔ကြက္ခဲ့တာေတြရွိလုိ႔ ႏွစ္ေယာက္သား မေတြ႔ရတဲ့ အခ်ိ္န္ေတြက ပိုမ်ားခဲ့ပါတယ္။ ဒီလိုနဲ႔ တြဲေနတုန္း မွာ Moon တစ္ေယာက္ ဆႏၵျပပြဲေတြမွာပါလို႔ ေထာင္က်ခဲ့ပါတယ္။ ေထာင္က်ေနတုန္းမွာ သူမက လာေတြ႔ေပးခဲ့သလို စစ္မႈထမ္းတဲ့ အခ်ိန္က်ေတာ႔လည္း လာေတြ႔၊ စာေမးပြဲေျဖတဲ့ အခ်ိန္မွာလည္း လာေတြ႔ခဲဲ့ပါတယ္။ ဒီလိုနဲ႔ပဲ..

ေထာင္(၂)ခါက်ခဲ့ဖူးတဲ့ အမ်ိဳးသားတစ္ေယာက္နဲ႔ တြဲလာတာ (၇)ႏွစ္ေလာက္အၾကာမွာေတာ႔ Kim Jung-sook ဆုိတဲ့ အမ်ိဳးသမီးေလးက (၁၉၇၀)ခုႏွစ္ေလာက္ကဆိုရင္ အရမ္းကို ဆန္းက်ယ္လြန္းတဲ့ မႀကံဳစဖူး အလုုပ္တစ္ခုကို လုပ္ခဲ့ပါတယ္။ အဲ့ ဒါကေတာ႔ သူနဲ႔ တြဲလာတဲ့ ခ်စ္သူေကာင္ေလးကို ” ငါ့ကို လက္ထပ္မွာလား လက္မထပ္ဘူးလား ..ငါ့ကို အခုေျဖ..” ဆုိၿပီး ေမးလိုက္တာပါ။ အဲ့ဒီတုနး္က ေခတ္နဲ႔ ဆိုရင္ေတာ႔ မိနး္ကေလးတစ္ေယာက္ဘက္က ဒီလိုစေျပာတာမ်ိဳးက တကယ့္ကို အထူးအဆန္းႀကီးပါ။ အဲ့ဒီမွာပဲ လက္ရွိေတာင္ကိိုရီးသမၼတ ျဖစ္လာမယ့္ Moon Jae-In က ခ်စ္သူေကာင္ မေလးရဲ႕ အေမးအတြက္ “လက္ထပ္ပါ့မယ္ ဆိုၿပီး Yes အေျဖ ျပန္ေပးခဲ့ပါတယ္။ သူတို႔ႏွစ္ဦးဟာ (၁၉၈၁) မွာေတာ႔ လက္ထပ္ခဲ့ပါတယ္။

ပြင့္လင္းေနတတ္တဲ့ သမၼကေတာ္ကေတာ႔ သမၼတရာထူးအပ္ႏွင္းပြဲမွာ အျဖဴေရာင္ကုတ္နဲ႔ ဒူးေလာက္ရွိတဲ့ ၀တ္စံုကို ၀တ္ဆင္ တက္ေရာက္ခဲ့ပါတယ္။ ဒီလိုပြဲမ်ိဳးမွာ ဇနီးလုပ္သူက ရိုးရာ၀တ္စံုကုို ၀တ္ဆင္တက္ေရာက္ သင့္တယ္ဆိုတဲ့ ေခါက္ရိုးက်ိဳးေနတဲ့ အစြဲကို သူမက ရိုက္ခ်ိဳးခဲ့တာပါ ။ႏိုင္ငံေရးေစာင့္ၾကည့္ေလ့လာသူေတြကဆိုရင္ သမၼတ Moon ရဲ႕ ေရြးေကာက္ပြဲ ေအာင္ျမင္မႈမွာဆိုရင္ သမၼတကေတာ္က အဓိက အခန္းက႑ကေန ပါ၀င္ခဲ့တယ္လုိ႔ ဆုိပါတယ္။

ေထာက္ခံအားေပးမႈ နည္းတဲ့ Jeolla ျပည္နယ္ကို Kim Jung-sook က အပတ္တုိင္းသြားၿပီး မဲေပးသူေတြကုိ မဲဆြယ္ စည္းရံုးေပးခဲ့တာပါ။ Yonhap news agency ကဆိုရင္္ Kim Jung-sook ရဲ႕ ရႊင္ျပတဲ့ပံုစံက ျပတ္ျပတ္သားသား၊တခါတေလ မာေက်ာေက်ာပံုစံမ်ိဳးနဲ႔ေနတတ္တဲ့ သမၼတ Moon ရဲ႕ Image ကို ေဘးက ပါရမီျဖည့္ဖက္ သူမေၾကာင့္ ႏူးညံ႔သြားေစတယ္လုိ႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

Credit to Original

Unicode

သမ္မတ Moon Jae-In ကိုတော့ အားလုံးသိကြမှာပါ။ လက်ရှိတောင်ကိုရီးယား သမ္မတပါ။ အရင်သမ္မတဟောင်း ပတ်ဂွမ်ဟေးတစ်ယောက် သမ္မတရာထူးကနေ ဖယ်ရှားခံလိုက်ရပြီးနောက် လက်ရှိသမ္မတ Moon Jae-In က (၂၀၁၇)ရွေးကောက်ပွဲမှာ သမ္မတရာထူးအတွက် ရွေးကောက်ခံခဲ့ရတာပါ။ သမ္မတ Moon Jae-In ရဲ့ ဇနီး တောင်ကိုရီးယားရဲ့ First Lady ကတော့ Kim Jung-sook ပါ။ ကိုရီးယားဇာတ်ကားတွေကပဲ အရမ်းရိုမန်တစ် ဆန်တာမဟုတ်ပါဘူး။ တောင်ကိုရီးယားသမ္မတနဲ့ သမ္မတကတော်တို့ရဲ့ ချစ်ဇာတ်လမ်းကလည်း အရမ်းရိုမန်တစ်ဆန်ပါတယ်။

သမ္မတ Moon Jae-In က သမ္မတကတော် Kim Jung-sook နဲ့ ဘယ်လို ဆုံဆည်းပြီး လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့တာလဲ..?

အဓိကတော့ သူ့ဘဝအတွက် အခက်အခဲအကြမ်းတမ်းဆုံး အချိန်တွေမှာ သူမက အနားမှာ ရှိနေပေးခဲ့လို့ပါ။ သူတို့ နှှစ်ဦး ဟာ (၁၉၇၄)ခုနှစ်က ကောလိပ်ကျောင်းမှာ ဆုံတွေ့ခဲ့တာပါ။ အဲ့ဒီတုန်းက Moon Jae-In ဟာ ဥပဒေကျောင်း သားဖြစ်ပြီး Kim Jung-sook ကတော့ ဂီတကျောင်းသူပါ။ဇ ာတ်လမ်းစခဲ့တာကတော့ စီနီယာတွေက သူမကို ပြင်သစ်မင်းသား Alain Delon နဲ့ တူတဲ့ လူတစ်ယောက်ကို မိတ်ဆက်ပေးချင်တယ်ဆိုရာကနေ စခဲ့တာပါ။

သူတို့ တွေက Moon Jae-In ကို Alain Delon နဲ့ ဆင်တယ်ဆိုပြီး ပြောခဲ့ကြတာပါ။ ဒါပေမယ့် မြင်မြင်ချင်း အချစ်မျိုးတော့ မဟုတ်ခဲ့ပါဘူး။ Moon ရဲ့ မိသားစုတွေက အရမ်းကို ဆင်းရဲခဲ့ပါတယ်။ (၁၉၅၀-၅၃)တုန်းက ကိုရီးယားစစ်ပွဲကြောင့် မြောက်ကိုရီးယားကနေ ထွက်ပြေးလာခဲ့သူတွေပါ။ အမြဲတမ်းဖက်ရှင် အဟောင်းဂျက်ကတ်ကြီးကိုပဲ ဝတ်တတ်တဲ့ Moon ကတော့ အဲ့ဒီတုန်းက မိန်းကလေးတွေ သဘောကျစရာမျိုးတော့ မဟုတ်ခဲ့ပါဘူး။

(၁၉၇၅)တုန်းက သမ္မတ Park Chung-hee ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ Moon တစ်ယောက် ပါဝင်ခဲ့ချိန်မှာပဲ အရာအားလုံး ပြောင်းလဲ သွားခဲ့ပါတယ်။ အဲ့ဒီတုန်းက ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးနဲဲ့ ဖြိုခွင်းခဲ့ပြီး Moon လညး် မျက်ရည်ယိုဗုံး ထိခဲ့ပါတယ်။ ဇာတ်လမ်းက အဲ့ဒီမှာစတာပါ

မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ သူ့ကို စိုးရိမ်စိတ်ပူနေပြီး မျက်နှာကို လက်ကိုင်ပုဝါနဲ့ သုတ်ပေးနေတဲ့ မိန်းကလေးတစ်ယောက်ကို မြင်ခဲ့ပါတယ်။ အဲ့ဒီမိန်းကလေးကတော့ Kim Jung-sook ပါ။ အဲ့ဒီ အခိုက်အတန့် လေးကပဲ သူ့အတွက် အရမ်းကိုကြည်နူးရတဲ့ အခိုက်အတန့်လေး ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်မှာတည်းက သိခဲ့ပေမယ့် မျက်ရည်ယိုဗုံး ထိတဲ့သူ့ကိုလက်ကိုင်ပုဝါနဲ့ မျက်နှာကို သုတ်ပေးနေတဲ့ အခိုက်အတန့်လေးက သူတို့ကြားမှာ ချစ်ခြင်းမေတ္တာကို ပေါက်ဖွားစေခဲ့ပါတယ်။

ဒီဖြစ်ရပ်အပြီး သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက် ချစ်ကြိုက်ခဲ့ကြပါတယ်။ မိန်းကလေးဘက်က သဘောမတူ ကန့်ကွက်ခဲ့တာတွေရှိလို့ နှစ်ယောက်သား မတွေ့ရတဲ့ အချိ်န်တွေက ပိုများခဲ့ပါတယ်။ ဒီလိုနဲ့ တွဲနေတုန်း မှာ Moon တစ်ယောက် ဆန္ဒပြပွဲတွေမှာပါလို့ ထောင်ကျခဲ့ပါတယ်။ ထောင်ကျနေတုန်းမှာ သူမက လာတွေ့ပေးခဲ့သလို စစ်မှုထမ်းတဲ့ အချိန်ကျတော့လည်း လာတွေ့၊ စာမေးပွဲဖြေတဲ့ အချိန်မှာလည်း လာတွေ့ခဲဲ့ပါတယ်။ ဒီလိုနဲ့ပဲ..

ထောင်(၂)ခါကျခဲ့ဖူးတဲ့ အမျိုးသားတစ်ယောက်နဲ့ တွဲလာတာ (၇)နှစ်လောက်အကြာမှာတော့ Kim Jung-sook ဆိုတဲ့ အမျိုးသမီးလေးက (၁၉၇၀)ခုနှစ်လောက်ကဆိုရင် အရမ်းကို ဆန်းကျယ်လွန်းတဲ့ မကြုံစဖူး အလုုပ်တစ်ခုကို လုပ်ခဲ့ပါတယ်။ အဲ့ ဒါကတော့ သူနဲ့ တွဲလာတဲ့ ချစ်သူကောင်လေးကို ” ငါ့ကို လက်ထပ်မှာလား လက်မထပ်ဘူးလား ..ငါ့ကို အခုဖြေ..” ဆိုပြီး မေးလိုက်တာပါ။ အဲ့ဒီတုနး်က ခေတ်နဲ့ ဆိုရင်တော့ မိနး်ကလေးတစ်ယောက်ဘက်က ဒီလိုစပြောတာမျိုးက တကယ့်ကို အထူးအဆန်းကြီးပါ။ အဲ့ဒီမှာပဲ လက်ရှိတောင်ကိိုရီးသမ္မတ ဖြစ်လာမယ့် Moon Jae-In က ချစ်သူကောင် မလေးရဲ့ အမေးအတွက် “လက်ထပ်ပါ့မယ် ဆိုပြီး Yes အဖြေ ပြန်ပေးခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ (၁၉၈၁) မှာတော့ လက်ထပ်ခဲ့ပါတယ်။

ပွင့်လင်းနေတတ်တဲ့ သမ္မကတော်ကတော့ သမ္မတရာထူးအပ်နှင်းပွဲမှာ အဖြူရောင်ကုတ်နဲ့ ဒူးလောက်ရှိတဲ့ ဝတ်စုံကို ဝတ်ဆင် တက်ရောက်ခဲ့ပါတယ်။ ဒီလိုပွဲမျိုးမှာ ဇနီးလုပ်သူက ရိုးရာဝတ်စုံကိုု ဝတ်ဆင်တက်ရောက် သင့်တယ်ဆိုတဲ့ ခေါက်ရိုးကျိုးနေတဲ့ အစွဲကို သူမက ရိုက်ချိုးခဲ့တာပါ ။နိုင်ငံရေးစောင့်ကြည့်လေ့လာသူတွေကဆိုရင် သမ္မတ Moon ရဲ့ ရွေးကောက်ပွဲ အောင်မြင်မှုမှာဆိုရင် သမ္မတကတော်က အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ထောက်ခံအားပေးမှု နည်းတဲ့ Jeolla ပြည်နယ်ကို Kim Jung-sook က အပတ်တိုင်းသွားပြီး မဲပေးသူတွေကို မဲဆွယ် စည်းရုံးပေးခဲ့တာပါ။ Yonhap news agency ကဆိုရင်် Kim Jung-sook ရဲ့ ရွှင်ပြတဲ့ပုံစံက ပြတ်ပြတ်သားသား၊တခါတလေ မာကျောကျောပုံစံမျိုးနဲ့နေတတ်တဲ့ သမ္မတ Moon ရဲ့ Image ကို ဘေးက ပါရမီဖြည့်ဖက် သူမကြောင့် နူးညံ့သွားစေတယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

Credit to Original

LEAVE A REPLY

Please enter your comment!
Please enter your name here