ေတာင္အေမရိကမွာ ဒိုင္ယာနာ နာမည္နဲ႔ ေဆးရံုတစ္ရံုလွဴမယ့္ ၿဗိတိန္အိမ္ေရွ႕စံမင္းသား ဟယ္ရီ

အသက္ ၃၅ႏွစ္အရြယ္ ရိွၿပီျဖစ္တဲ့ မင္းသား ဟယ္ရီနဲ႔ သူရဲ႕ ၾကင္ယာေတာ္ Megan (၃၈) ႏွစ္တို႔ဟာ ေတာင္အာဖရိကကို သူတို႔ရဲ႕ ေလးလအရြယ္ ကေလးေလးနဲ႔ ေရာက္ရိွေနပါတယ္ ။ သူတို႔ရဲ႕ အဲ့ဒီခရီးစဥ္ကေတာ့ သဘာဝေတာရိုင္းတိရစာၦန္ေတြကို ထိန္းသိမ္းကာကြယ္ေရးအတြက္ ၊ က်န္းမာေရးဝန္ေဆာင္မႈေတြနဲ႔ မိုင္းရွင္းလင္းေရးလုပ္ငန္းေတြလုပ္ေဆာင္ ဖို႔အတြက္ေရာက္ရိွေနတာပဲ ျဖစ္ပါတယ္။ အဲ့ဒီေဒသကေတာ့ ဟယ္ရီရဲက႕ အေမျဖစ္သူ ဒိုင္ယာနာကိုယ္တိုင္ ဒီေနရာကို ၁၉၉၇ ခုႏွစ္ကေရာက္လာၿပီး မိုင္းေတြျပည့္ေနတဲ့ ကြင္းျပင္ႀကီးထဲမွာ ျဖတ္ေလွ်ာက္ဖူးပါတယ္။ အဲ့ဒီအခ်ိန္တုန္းက ဒိုင္ယာနာရဲ႕ အသက္ကလည္း ၃၆ သာရိွေသးတာမို႔ သူတို႔သားအမိေတြဟာ ဒီအသက္ရြယ္ေတြမွာ ဒီကိုလာရမယ္လို႔ တစ္ေနရာရာမွာ ကတိကဝတ္ျပဳခဲ့တာမ်ားျဖစ္ေနမလားဆိုၿပီးလည္း တခ်ို႕ေတြကေတာ့ ထင္ေၾကးေပးခဲ့ၾကပါတယ္။

၁၉၉၇ ခုႏွစ္က ဒိုင္ယာနာဟာ သူရဲ႕ ပရဟိတလုပ္ငန္းစဥ္တစ္ခုအရ မိုင္းေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ေနရာကို ျဖတ္ေလွ်ာက္ၿပီး ေျခနင္းမိုင္းအသံုးမျပဳဖို႔ အတြက္ တစ္ကမၻာလံုးက လႈပ္ရွားေနၾကတာေတြကိုပိုၿပီး အရိွန္ေကာင္းေအာင္ ျမွင့္တင္ေပးခဲ့ပါတယ္။ ဟယ္ရီဒီေနရာကို ေရာက္ရိွလာျခင္းကလည္း သူ႔မိခင္ရဲ႕ မၿပီးသတ္ရေသးတဲ့ အလုပ္ေတြကို ဆက္လက္လုပ္ေဆာင္ေပးဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ လာေရာက္ခဲ့တယ္လို႔ သိရပါတယ္။ အဲ့ဒီေဒသဟာ တကယ့္ကို ေဂဟစနစ္ေကာင္းမြန္ေပမယ့္ လို႔ ေျခနင္းမိုင္းမ်ားစြာက်န္႐ိွေနတဲ့ တာေၾကာင့္ ရွင္းလင္းေရးေတြက ဆက္လက္လုပ္ေဆာင္ဖို႔ လိုေနပါေသးတယ္ ။



အဲ့ဒီေနရာမွာ ေတာ့ မင္းသားဟယ္ရီတို႕ကေတာ့ အဲ့ဒီေနရာမွာ ဒိုင္ယာနာ နာမည္နဲ႔ ဒိုင္ယာနာရဲ႕ ဂုဏ္သတင္းေတြကို ဂုဏ္ျပဳၿပီး ေဆးရံုတစ္ရံုကိုလည္းေဆာက္လုပ္ လွဴဒါန္းသြားမယ္လို႔သိရပါတယ္။ အဲ့ဒီျပဳလုပ္ခဲ့ျခင္းကေတာ့ ဟယ္ရီတစ္ေယာက္က သူ႔မိခင္ေပၚမွာ သစၥာရိွၿပီး မိခင္ျဖစ္သူရဲ႕ ဂုဏ္သတင္းကို အေလးျမတ္ထားတဲ့သူတစ္ေယာက္ ျဖစ္တယ္ဆိုတာ ျပသလိုက္တဲ့ လွပတဲ့ ေမတၱာတရား ရဲ႕ ျပကြက္လို႔လည္း တင္စားေျပာဆိုေနၾကပါတယ္။




Unicode

အသက် ၃၅နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသား ဟယ်ရီနဲ့ သူရဲ့ ကြင်ယာတော် Megan (၃၈) နှစ်တို့ဟာ တောင်အာဖရိကကို သူတို့ရဲ့ လေးလအရွယ် ကလေးလေးနဲ့ ရောက်ရှိနေပါတယ် ။ သူတို့ရဲ့ အဲ့ဒီခရီးစဉ်ကတော့ သဘာဝတောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းကာကွယ်ရေးအတွက် ၊ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေလုပ်ဆောင် ဖို့အတွက်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ အဲ့ဒီဒေသကတော့ ဟယ်ရီရဲက့ အမေဖြစ်သူ ဒိုင်ယာနာကိုယ်တိုင် ဒီနေရာကို ၁၉၉၇ ခုနှစ်ကရောက်လာပြီး မိုင်းတွေပြည့်နေတဲ့ ကွင်းပြင်ကြီးထဲမှာ ဖြတ်လျှောက်ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက ဒိုင်ယာနာရဲ့ အသက်ကလည်း ၃၆ သာရှိသေးတာမို့ သူတို့သားအမိတွေဟာ ဒီအသက်ရွယ်တွေမှာ ဒီကိုလာရမယ်လို့ တစ်နေရာရာမှာ ကတိကဝတ်ပြုခဲ့တာများဖြစ်နေမလားဆိုပြီးလည်း တချို့တွေကတော့ ထင်ကြေးပေးခဲ့ကြပါတယ်။

၁၉၉၇ ခုနှစ်က ဒိုင်ယာနာဟာ သူရဲ့ ပရဟိတလုပ်ငန်းစဉ်တစ်ခုအရ မိုင်းတွေနဲ့ ပြည့်နှက်နေတဲ့ နေရာကို ဖြတ်လျှောက်ပြီး ခြေနင်းမိုင်းအသုံးမပြုဖို့ အတွက် တစ်ကမ္ဘာလုံးက လှုပ်ရှားနေကြတာတွေကိုပိုပြီး အရှိန်ကောင်းအောင် မြှင့်တင်ပေးခဲ့ပါတယ်။ ဟယ်ရီဒီနေရာကို ရောက်ရှိလာခြင်းကလည်း သူ့မိခင်ရဲ့ မပြီးသတ်ရသေးတဲ့ အလုပ်တွေကို ဆက်လက်လုပ်ဆောင်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာရောက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဒေသဟာ တကယ့်ကို ဂေဟစနစ်ကောင်းမွန်ပေမယ့် လို့ ခြေနင်းမိုင်းများစွာကျန်ရှိနေတဲ့ တာကြောင့် ရှင်းလင်းရေးတွေက ဆက်လက်လုပ်ဆောင်ဖို့ လိုနေပါသေးတယ် ။



အဲ့ဒီနေရာမှာ တော့ မင်းသားဟယ်ရီတို့ကတော့ အဲ့ဒီနေရာမှာ ဒိုင်ယာနာ နာမည်နဲ့ ဒိုင်ယာနာရဲ့ ဂုဏ်သတင်းတွေကို ဂုဏ်ပြုပြီး ဆေးရုံတစ်ရုံကိုလည်းဆောက်လုပ် လှူဒါန်းသွားမယ်လို့သိရပါတယ်။ အဲ့ဒီပြုလုပ်ခဲ့ခြင်းကတော့ ဟယ်ရီတစ်ယောက်က သူ့မိခင်ပေါ်မှာ သစ္စာရှိပြီး မိခင်ဖြစ်သူရဲ့ ဂုဏ်သတင်းကို အလေးမြတ်ထားတဲ့သူတစ်ယောက် ဖြစ်တယ်ဆိုတာ ပြသလိုက်တဲ့ လှပတဲ့ မေတ္တာတရား ရဲ့ ပြကွက်လို့လည်း တင်စားပြောဆိုနေကြပါတယ်။

Tags:

Leave a Reply