ထောင်ထဲမှာ သီချင်းတွေ ရေးဖြစ်နေပြီး အားလုံးကို သတိရနေတယ်ဆိုတဲ့ အစ္စဏီ

0
77

မော်ဒယ် စူးရှထက်နဲ့ အစ္စဏီရဲ့အမှုဟာဆိုရင် အမှုစတင်စစ်ဆေးနေချိန်ကနေ အခုထိ အချိန်အားဖြင့် ကိုးလခန့်ကြာမြင့်လာပြီဖြစ်ပြီး နှစ်ဖက်စလုံးကငွေကုန်လူပန်းဖြစ်နေကြပြီလို့ပြောရမှာပါ။ ဒါ့အပြင် နှစ်ဖက်စလုံးရဲ့ပရိသတ်တွေကလည်း ရှည်ကြာနေတဲ့အမှုအတွက် စိတ်ပူစိုးရိမ်နေကြပြီဖြစ်သလို အစ္စဏီကလည်း မြန်မြန်အမှုပြီးချင်နေပုံပေါ်ပါတယ်။ ဇန်နဝါရီလ၂၄ရက်နေ့ ရုံးချိန်းမှာတော့ ပရိသတ်တွေကို သတိရကြောင်းနဲ့ထောင်ထဲမှာ သီချင်းတွေ ရေးဖြစ်နေကြောင်း အစ္စဏီက ပြောသွားခဲ့ပါတယ်။ ဒီအမှုကိစ္စကြောင့် အစ္စဏီရဲ့ မိခင်ဖြစ်သူလည်း သောကရောက်နေရပြီး ပရိသတ်တွေကလည်း သနားနေကြပါတယ်။

အစ္စဏီက “ဟုတ်တယ် အမှုက အရမ်းကို ကြာနေတယ် ကျွန်တော်လည်း အားလုံးကိုလည်း သတိရတယ် ပရိသတ်တွေအကုန်လုံးကို သတိရတယ်လို့ ပြောပေးပါနော်။”လို့ မီဒီယာတွေကို ပြောခဲ့ပြီး တရားရုံးထဲကို အမေကို ဖက်ကာ နမ်းပြီးတော့ ဝင်သွားခဲ့ပါတယ်။ ဒီမြင်ကွင်းက မြင်ရသူတိုင်း ကရုဏာသက်မိစေမှာပါ။

အမှုတွေ စစ်ဆေးမှုပြီးလို့ ရုံးချိန်းအပြီး အပြင်ကို ပြန်အထွက်မှာလည်း အစ္စဏီက “ကျွန်တော့်ရဲ့ ပရိသတ်တွေကိုပြောပေးပါ အားလုံးကို သတိရပါတယ်။ ပရိသတ်တွေမှ မဟုတ်ဘူး ကျွန်တော့် သူငယ်ချင်းတွေ အကုန်လုံးကိုရော အားလုံးကို သတိရပါတယ်။ ကျွန်တော်လည်း ကြိုးစားနေပါတယ်လို့ ဒီပြဿနာကနေ လွတ်မြောက်နိုင်အောင် ကြိုးစားနေပါတယ်။ အထဲမှာ ကျွန်တော် သီချင်းတွေ ရေးဖြစ်တဲ့ သီချင်း ရေးဖြစ်တယ်။ နောက်ပြီးတော့ ဘုရားတရားလည်း ကျွန်တော် များများစားစား လုပ်ဖြစ်ပါတယ်။ အထဲမှာလည်း ဖျော်ဖြေရေးအဖွဲ့တွေရှိရင် ကျွန်တော် သီချင်းဆိုဖြစ်ပါတယ်။ အားလုံးပဲ အာ့ဆိုရင် Good Luck”လို့ ပြောခဲ့ပြီး မိခင်ဖြစ်သူကို နှုတ်ဆက်ရာ မိခင်ဖြစ်သူကလည်း ကျန်းမာရေးကို ဂရုစိုက်လို့ ပြောလိုက်ပါတယ်။