ဒေါင်းနဲ့ကစ်တို့ရဲ့ သံသယဖြစ်စရာအင်္ကျီတစ်ထည်

0
83

ဒေါင်းဟာဆိုရင် လွန်ခဲ့တဲ့နှစ်တွေကတည်းက ရုပ်ရှင်နယ်ပယ်ကိုခြေချလာတဲ့ သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်ပြီး ပရိသတ်တော်တော်များများက ဒေါင်းကို တည်ကြည်အေးချမ်းပြီး ရည်မွန်ယဉ်ကျေးသလို စဉ်းစားဆင်ခြင်ညဏ်နဲ့ပြည့်စုံတဲ့အမျိုးကောင်းသားလေးဖြစ်တာကြောင့် တစ်နိုင်ငံလုံးက စည်းကားသိုက်မြိုက်စွာတစ်ဒေါင်းထဲဒေါင်းနေရတဲ့ ဒေါင်းမှဒေါင်းဖြစ်နေရတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ ရွှေကစ်ဆိုတဲ့ ဝတ်မှုန်ရွှေရည်ကတော့ ပြောစရာမလိုအောင်ကို မြန်မာနိုင်ငံရဲ့ အကယ်ဒမီများရှင်ထိပ်တန်းမင်းသမီးလေးဖြစ်ပြီးသားပါ။ ဒေါင်းနဲ့ ရွှေကစ်ဟာ လိပ်ပြာစံအိမ်ဇာတ်ကားကြီးမှာ အတူတူတွဲဖက်သရုပ်ဆောင်ထားပြီးအခြား အချစ်ဇာတ်ကားလေးတွေရိုက်ထားတာလည်း ရှိပါသေးတယ်တဲ့။

မကြာသေးမီအချိန်က Facebook ကြီးတစ်ခုလုံးကို ဂယက်ထသွားစေတဲ့ ဒေါင်းနဲ့ ကစ်ရဲ့ အင်တာဗျူးဗီဒီယိုထဲမှာ တည်ငြိမ်သူကိုဒေါင်းကြီးဟာ ကစ်နားမှာမရိုးမရွဖြစ်နေပြီး တစ်ချိန်လုံး ရယ်မောနေကာ မေးခွန်းတစ်ခုဖြေလိုက် ကစ်ကိုရတတ်သမျှအချိန်လုပြီးငေးလိုက်နဲ့ ကစ်မျက်နှာပေါ်ကနေ အကြည့်တွေမခွာနိုင်အောင်အရိပ်တကြည့်ကြည့်အမြတ်တနိုးဖြစ်နေခဲ့တာ တော်တော်ကြီးကိုသိသာတာပါ။ ကစ်ရဲ့အနားမှာဆိုရင် ဒေါင်းရဲ့စိတ်ရာသီဥတုဟာ အစဉ်သဖြင့် ကြည်လင်ရွှင်မြုးနေတာကိုလည်း ပရိသတ်တွေက သတိထားမိသွားကြပါတယ်။ ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ ဘယ်မိန်းကလေးကိုမှဝေဖန်ချက်မပေးဖူးတဲ့ ကိုကိုဒေါင်းက ကစ်ကိုတော့ တစ်ကိုယ်လုံးလှပါတယ်လို့ ရှက်ပြုံးကြီးနဲ့မြိန့်မြိန့်ကြီးပြုံးကာဝေဖန်ထားပါသေးတယ်။ ကစ်ကလည်း ဒေါင်းရဲ့နံဘေးမှာ ပျော်ရွှင်နေပုံရပါတယ်။

အဲဒါရဲ့နောက်ဆက်တွဲအနေနဲ့ ကစ်ရဲ့ Instagram Myday မှာ ဒေါင်းပုံတင်ထားတဲ့ screenshot တွေလည်း လွင့်ပျံလာပါသေးတယ်။ ဒေါင်းပုံဆိုတာက တကယ့်ဒေါင်းပုံဖြစ်ပြီးလူဒေါင်းပုံမဟုတ်ပါဘူး။ ပြောချင်တာက အတောင်တွေအလက်တွေနဲ့ အရမ်းလှတဲ့ဒေါင်းပုံကြီးတင်ထားတယ်လို့ဆိုလိုတာပါ။ အဲဒါနဲ့ ပရိသတ်တွေက တဖြည်းဖြည်းနဲ့ ဒေါင်းနဲ့ရွှေကစ်ကို ချစ်နေကြပြီလားလို့ သို့လောသို့လောဖြစ်နေကြစဉ်မှာအဲဒါကို မီးလောင်ရာလေပင့်သလိုဖြစ်သွားစေတဲ့ ကိစ္စတစ်ခုကထပ်မံပေါ်ပေါက်လာခဲ့ပါသေးတယ်။

အဲဒါကတော့ ရွှေကစ်က မကြာသေးမီက Facebook မှာ ချစ်တဲ့သူကိုစိတ်ချမ်းသာစေချင်တဲ့သူ ဆိုတဲ့ caption နဲ့ ရှပ်အင်္ကျီလှလှလေးဝတ်ထားတဲ့ ပုံလေးတွေတင်ထားခဲ့ပြီးမရှေးမနှောင်းမှာပဲ ဒေါင်းရဲ့ အဲဒီ အင်္ကျီလေးနဲ့ အင်တာဗျူးဖြေနေပုံရတဲ့ ဓာတ်ပုံတစ်ပုံက ပရိသတ်တွေကြားထဲ လူပြောများလာပြန်တာပါပဲ။

အဲဒီမှာ ပရိသတ်တွေက ဒေါင်းနဲ့ကစ်အင်္ကျီဆင်တူဝတ်ထားကြတာလား။ သူတို့နှစ်ယောက်ချစ်နေကြပြီလားဆိုတဲ့ အသံတွေဆူညံလာပါတော့တယ်။နှစ်ယောက်စလုံးကတော့ ဒီကောလဟလတွေကိုဘာမှမှတ်ချက်မပြုထားကြသေးပါဘူး။

ပြောချင်လွန်းလို့ ပရိသတ်ကြီးရော ဒေါင်းနဲ့ ကစ်နဲ့ ကိုသဘောတူကြလား။ သူတို့နှစ်ယောက်တကယ်ပဲချစ်နေကြ့ပီထင်လား။ ဒါမှမဟုတ် သာမန်တိုက်ဆိုင်တာများဖြစ်မလား။ ထင်မြင်ချက်ကလေးတွေဝေဖန်ခဲ့ကြပါဦး။

Can’t Wait To Say