ဒေါ်လာ သန်း(၂၀) တန်တဲ့ အိမ်သစ်ကြီးမှာ ဆိုလာပြားတွေတပ်ဆင်လိုက်တဲ့ Chris Hemsworth တို့ဇနီးမောင်နှံ
ပရိသတ်တွေစွဲလန်းရတဲ့ Thor မင်းသား Chris Hemsworth နဲ့ သူ့ရဲ့ချစ်ဇနီးဟာ Hollywood မှာ အပေးအကမ်းအလှူအတန်းရက်ရောသူတွေအဖြစ်နာမည်ကြီးပြီးလုပ်ဖော်ကိုင်ဖက်တွေရဲ့ချစ်ခင်လေးစားမှုတွေကိုခံရသူတွေဖြစ်သလို အနုပညာရှင်အချင်းချင်းအားကျတာခံရတဲ့ ဇနီးမောင်နှံလည်းဖြစ်ပါတယ်။ Chris Hemsworth နဲ့ ဇနီးဖြစ်သူ Elsa Pataky တို့ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတွေမှာလည်း အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်သူတွေဖြစ်ကြုပီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ပရိသတ်တွေကိုတိုက်တွန်းကြသူတွေလည်းဖြစ်ပါတယ်။
Unicode
ပရိသတ်တွေစွဲလန်းရတဲ့ Thor မင်းသား Chris Hemsworth နဲ့ သူ့ရဲ့ချစ်ဇနီးဟာ Hollywood မှာ အပေးအကမ်းအလှူအတန်းရက်ရောသူူတွေအဖြစ်နာမည်ကြီးပြီးလုပ်ဖော်ကိုင်ဖက်တွေရဲ့ချစ်ခင်လေးစားမှုတွေကိုခံရသူတွေဖြစ်သလို အနုပညာရှင်အချင်းချင်းအားကျတာခံရတဲ့ ဇနီးမောင်နှံလည်းဖြစ်ပါတယ်။ Chris Hemsworth နဲ့ ဇနိီးဖြစ်သူ Elsa Pataky တို့ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိ်မ်းရေးလှုပ်ရှားမှုတွေမှာလည်း အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်သူတွေဖြစ်ကြြုပီး သဘာဝပတ်ဝန်းကျင်ထိိန်းသိမ်းဖို့ ပရိသတ်တွေကိုတိုက်တွန်းကြသူတွေလည်းဖြစ်ပါတယ်။
မကြာသေးမီကပဲ Chris Hemsworth ဟာ သူတို့ဝယ်ယူထားပြီးတစ်ဆင့်ချင်းစီပြင်ဆင်နေတာကြာပြီဖြစ်တဲ့ Byron Bay က Mega-mansion အိမ်သစ်ကြီးမှာ နေရောင်ခြည်ကနေစွမ်းအင်သိုလှောင်ထားပြီးသုံးစွဲတဲ့ Solar panel တွေကိုအိမ်ရဲ့အမိုးတွေမှာအပြည့်တပ်ဆင်လိုက်တာတွေ့ရပါတယ်။ ဒီလိုအမိုးတွေအပြည့်တပ်ဆင်ဖို့ကို Solar ပြား ရာကျော်ကုန်ပြီး တစ်ချပ်တင်တော်တော်စျေးများတဲ့ ဆိုလာပြားတွေရဲ့ စုစုပေါင်းတန်ကြေးကတော့ မတွေးရဲစရာပါပဲ။ တကယ်တော့ Byron Bay က ဇိမ်ခံအိမ်ကြီးဟာဆိုလာပြားတွေမပါပဲနဲ့ သူ့ချည်းပဲတင် အမေရိကန်ဒေါ်လာ သန်း(၂၀)ကျော်တန်တဲ့အိမ်ကြီးဖြစ်ပါတယ်။
ပရိသတ်တွေကတော့ ဆိုလာပြားတွေအမိုးပေါ်မှာတပ်ပြီးနေ့ချင်းညချင်းပုံစံပြောင်းလဲသွားတဲ့အိမ်ကြီးကို အံ့သြပြီးသဘောကျနေကြတာလည်းဖြစ်ပါတယ်။ Chris နဲ့ Elsa တို့ဟာ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းတဲ့အနေနဲ့ သူတို့မိသားစုနေထိုင်မယ့်အိမ်သစ်ကြီးကို တတ်နိုင်သမျှ နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားတွေပေါ်မှာ အမှီပြုုပြီးသုံးစွဲနေထိုင်သွားမှာဖြစ်ကြောင်းသိရပါတယ်။ Chris တို့ဇနီးမောင်နှံနဲ့ ကလေးသုံးယောက်ဟာ လာမယ့် November မှာ အဲဒီ Byron Bay က အိမ်ကြီးကို မိသားစုလိုက်ပြောင်းရွှေ့နေထိုင်တော့မှာဖြစ်ကြောင်းသိရပါတယ်။
Chris Hemsworth ရဲ့နောက်ထပ်အနုပညာလှုပ်ရှားမှုတွေအနေနဲ့ လာမယ့် 2020 မှာ Robopocalypse ဆိုတဲ့ ရုပ်ရှင်ထွက်လာဖို့ရှိပြီးအားလုံးမျှော်နေကြတဲ့ Thor: Love and Thunder ကတော့ 2021 မှာထွက်ရှိလာမှာဖြစ်ကြောင်းသိရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော Chris Hemsworth ကိုချစ်ကြလား။ သူ့ရဲ့နောက်ထပ်ထွက်လာမယ့်ရုပ်ရှင်တွေကိုရောအားပေးဖို့အသင့်ပဲလား။