နေခြည်ဦးနဲ့ မတည့်ဘူးလို့ ဝေဖန်တဲ့အပေါ် ရှင်းပြလိုက်တဲ့ ဝတ်မှုန်ရွှေရည်

0
73

ဝတ်မှုန်ရွှေရည်နဲ့ နေခြည်ဦးက အမာခံ fans တောင့်တဲ့အပြင် ပွဲသွားလည်း အတူတူ ရုပ်ရှင်ရိုက်တော့လည်း တစ်ကားထဲ သွားဆုံမိကြပါတယ်။ ဝါရင့်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်က တည်ငြိမ်ပေမဲ့ တက်သစ်စ ခြည်ခြည်ကတော့ ပရိသတ်တွေအမြင်မှာ တက်ကြွတဲ့ ကြက်ဖပါပဲ။ ဒီတော့ fans အချင်းချင်း မတည့်ကြတာက အဆန်းမဟုတ်လောက်ပါဘူး။ နေခြည်ဦးရဲ့ ပြောသမျှ စကားလုံးတွေက ဂယက်စေတဲ့အတွက် အမာခံ fans တွေအချင်းချင်း မတည့်ကြဘူးဆိုတဲ့ ကောလဟာလတွေက ထွက်ပေါ်နေပါတယ်။

Fans တွေ မတည့်ကြသလို သရုပ်ဆောင်အချင်းချင်းကရော မသင့်မြတ်ကြဘူးလားဆိုတဲ့ အမေးကိုတော့ ဝတ်မှုန်ရွှေရည်က ခုလိုပြောပြသွားပါတယ်။

“အဲ့လိုမျိုးကတော့ ဘယ်သူနဲ့ ဖြစ်ဖြစ်ပေါ့နော်။ ကစ်နဲ့ အခြားမင်းသမီးတစ်လက်နဲ့ အဲ့လို အပြိုင်သွားတာပဲဖြစ်ဖြစ် အပြိုင်ရိုက်တာပဲဖြစ်ဖြစ် သူ့ fan ကိုယ့် fan က ရန်ဖြစ်ကြတာပဲ။ ဒါက ထုံးစံပဲ။ နေခြည်နဲ့မှ မဟုတ်ဘူး။ တစ်ခြားမင်းသမီးတွေနဲ့လည်း ကစ်ကို ပရိသတ်အချင်းချင်း ရန်ဖြစ်ပြီး မတည့်ဘူးတွေ ဘာညာ သတင်းတွေ ထွက်ခဲ့ဖူးတာပဲ။ အပြင်မှာက ကိုယ်တွေက ဘာမှမဖြစ်ဘူး။ ဒါက အလုပ်သဘောအရပဲ။ ဘယ်သူနဲ့မဆို ကိုယ်က professional ဖြစ်တဲ့အတွက် အားလုံးနဲ့ အဆင်ပြေအောင် လုပ်ရမှာပေါ့၊

နှစ်ယောက်တူတူ အလုပ်တွဲလုပ်တိုင်း ပွဲတက်တာပဲဖြစ်ဖြစ် ကားရိုက်တာပဲဖြစ်ဖြစ် သူ့ရဲ့ ထုံးစံလို ဖြစ်နေတာပေါ့။ မင်းသား၂ ယောက် တွဲပြီး သရုပ်ဆောင်လည်း သူတို့ ၂ယောက်ရဲ့ Fans တွေက ရန်ဖြစ်တာပဲ။ သူတို့အချင်းချင်းကတော့ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ အကြောင်းမရှိဘူးပေါ့နော်။ ဒါကတစ်နည်းအားဖြင့် marketing လည်းဖြစ်တာပေါ့။ ဇာတ်ကားကို ပိုပြီး စိတ်ဝင်စားကြတာပေါ့။ ကိုယ်ကတော့ professional ဖြစ်နေတဲ့အတွက် professional ဆန်ဆန်ပဲ။ အလုပ်သဘောအရ လုပ်တယ်။ ဘာမှလည်း ဖြစ်စရာ မရှိပါဘူး”ဆိုပြီး ပြောပြသွားပါတယ်။

ဝတ်မှုန်ရွှေရည်ကတော့ ရန်သူဇာတ်ကားထဲမှာ နေခြည်ဦးကို သဘောကျတဲ့ tomboy အဖြစ် သရုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ယောက်ျားလေးဆန်ဆန် သရုပ်ဆောင်ပြသွားတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ ဟန်ပန်တွေ ပီပြင်လွန်းတာကြောင့် ပရိသတ်တွေအားလုံးက သဘောကျနှစ်ခြိုက်ခဲ့ကြပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးကရော ရန်သူရုပ်ရှင်ထဲက ဆန်းကြယ်ကို ကြိုက်လား။ ဒါမှမဟုတ် လေပြေနုသွေးကိုလား။

LEAVE A REPLY

Please enter your comment!
Please enter your name here