နေခြည်ဦးရဲ့ သရုပ်ဆောင်မှုတွေကို ချီးကျူးလိုက်တဲ့ တိုင်ရွန်

0
94

တိုင်ရွန်ဆိုတဲ့ တရုတ်-ဗမာ ကပြား ကောင်လေးတစ်ယောက် မော်ဒယ်လောကနေ တဖြည်းဖြည်း ခြေလှမ်းအစပြုခဲ့တာဆိုရင် လက်ရှိမှာ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးလာနိုင်တဲ့ အထိပါပဲ။ နေခြည်ဦးနဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ တိုင်ရွန်က ရှုတင်မှာဆိုရင်တော့ နေခြည်ဦးက သူ့ရဲ့ မန်နေဂျာလို ဖြစ်နေပါတယ်။ လက်ရှိမှာလည်း နေခြည်ဦးနဲ့ တွဲဖက်ပြီး အခွီဇာတ်ကားတစ်ကား ရိုက်ဖို့ရှိကြောင်း တိုင်ရွန်က ခုလိုပြောပြပါတယ်။

“ပုရိသ ဇာတ်ကားက ကျွန်တော့်အတွက် ပထမဆုံး ဟာသလို့ ပြောလို့ရတယ်။ ရုပ်အတည်နဲ့ ဟာသပုံစံမျိုး ဆိုတော့ ပျော်ပါတယ်။ ကိုယ့်ရဲ့ မန်နေဂျာ ကိုယ့်ရဲ့ ဆရာမနဲ့ တွဲလုပ်ရတာဆိုတော့ ပျော်ဖို့ကောင်းပါတယ်။ ရှုတင်မှာ အပြောင်အနောက်နဲ့ပေါ့။

နေခြည်နဲ့ပထမဆုံးကားလည်း ဖြစ်တယ်။ ရယ်ရတယ်။ သူငယ်ချင်းနှစ်ယောက်ကို မြင်နေကျ ပုံစံမဟုတ်ဘဲ အဲ့ထဲမှာ ကျွန်တော်က မူးတယ်။ မူးလာရင် မိန်းမကို ရိုက်တယ်။ အမူးပြေသွားရင် ကိုယ်မလုပ်ခဲ့ဘူး ဘာတွေဖြစ်ကုန်တာလဲဆိုပြီး တောင်းပန်တယ်ပေါ့။ အရမ်းရယ်ရတဲ့ ဟာသဇာတ်ကွက်လေးတွေပါတယ်။” ဆိုပြီး ပြောပြပါတယ်။

နေခြည့်ရဲ့ အိုက်တင်ဘယ်လောက်ထိ တိုးတက်လာလဲဆိုတဲ့အပေါ် တိုင်ရွန်က ခုလိုသုံးသပ်ပြပါတယ်။

“အိုက်တင်က လုပ်နိုင်တယ်။ သူဒီထဲမှာ ဟာသတော်တော်လုပ်နိုင်တယ် ပြောလို့ရတယ်။ ရန်သူထဲမှာလည်း ဝါရင့်သရုပ်ဆောင် မကစ်နဲ့ အများကြီး ယှဉ်တွဲလုပ်နိုင်တယ်ဆိုတော့ တော်ပါတယ်။ ချီးကျူးပါတယ်။” လို့ ဆိုပါတယ်။ပြောချင်လွန်းလို့ ပရိသတ်ကြီးကရော နေခြည်ဦးနဲ့ တိုင်ရွန်တို့ သူငယ်ချင်းနှစ်ယောက်ကို အားပေးလား။