နေခြည်ဦး အောင်မြင်နေတာ ဝမ်းသာပါတယ်ဆိုတဲ့ အောင်ရဲလင်း

0
64

မကြာသေးမီ ရက်ပိုင်းတွေကတည်းက နေခြည်ဦးရဲ့ အင်တာဗျူးတွေမှာ ကြားကြားနေရတဲ့ ရည်းစားဟောင်းအောင်ရဲလင်းနဲ့ ရုပ်ရှင်ရိုက်ဖို့ ကိစ္စကို အောင်ရဲလင်းဘက်က ဘာမှမပြောပဲနှုတ်ဆိတ်နေခဲ့တာပါ။ ပရိသတ်တွေကလည်း ရည်းစားဟောင်းနှစ်ယောက်အတူပြန်တွေ့ပြီး ရုပ်ရှင်ရိုက်ကြမယ်ဆိုတော့ ဘာတွေများဖြစ်လာဦးမှာလဲဆိုပြီး စိတ်ဝင်စားနေကြတာပါ။ Beauty Blogger စဖြစ်လာစကတည်းက အောင်ရဲလင်းရဲ့ချစ်သူကောင်မလေးဆိုပြီးနာမည်ကြီးလာခဲ့တဲ့နေခြည်ဦးကတော့ ရုပ်ရှင်ဆိုတာက အောင်ရဲလင်းရဲ့နယ်ပယ်လည်းဖြစ်တာကြောင့် ရည်းစားဟောင်းနဲ့ ရုပ်ရှင်ရိုက်ရမှာ နည်းနည်းတော့လန့်တယ်လို့ ပရိသတ်တွေကို ပြောထားပါတယ်။ အောင်ရဲလင်းကတော့အဲဒီ ကိစ္စကို သိပ်မကြာခင်ကပဲ မီဒီယာတွေနဲ့ အင်တာဗျူးမှာဖြေကြားပေးသွားပါတယ်။

မင်းသမီးကနေခြည်ဦးလို့ သိပေမယ့် လက်ခံဖြစ်တဲ့အကြောင်းကို အောင်ရဲလင်းက “လက်ခံတယ်ဆိုတာက ဦးမီးပွားကနေတစ်ဆင့် ဖုန်းဆက်တာ။ ဖုန်းဆက်ပြီးတော့မှ ကျွန်တော်တို့ကနေပြည်တော်မှာ ကားရိုက်နေတာ။ ဖုန်းဆက်တော့ ပြန်လာရင်တွေ့မယ်ပေါ့နော်။ ကားရိုက်ဖို့ရှိတယ်ပေါ့။ မင်းသမီးကနေခြည်ဦးဆိုတာလည်းကြားပါတယ်။ ကျွန်တော်ကတော့ ဇာတ်လမ်းပေါ့။ ဇာတ်လမ်းလေးသိချင်တယ်ဆိုပြီးတော့ ဦးမီးပွားကိုပြန်ပြောတယ်”လို့ ပြောပြထားပါတယ်။

ဒါပေမယ့် ရုပ်ရှင်ရိုက်ဖို့က အကြောင်းတစ်ခုခုကြောင့် ရပ်ဆိုင်းထားကြောင်းလည်း “ပြန်ရောက်လာတော့ကျွန်တော်တွေ့ဖို့ပြောတော့ ဦးမီးပွားနဲ့ချိတ်တဲ့အခါကျတော့လည်း ဦးမီးပွားက သားတဲ့ လောလောဆယ်မရိုက်ဖြစ်သေးဘူးတဲ့။ ပြန်ပြောမယ်လို့ပြောပါတယ်။ လောလောဆယ်ကတော့ ခဏရပ်ထားတယ်ပေါ့နော်။ ရိုက်ဖို့မဖြစ်သေးဘူး။ ဆိုတော့ .. ရိုက်ဖြစ်တဲ့အခါကျရင်တော့ ကျွန်တော်ပြောပါမယ်ခင်ဗျ”လို့ပြောပြထားပါတယ်။

ရုပ်ရှင်ရိုက်ဖို့လက်ခံလိုက်ရတာက နေခြည်ဦးကြောင့်မဟုတ်ပဲ ဇာတ်လမ်းကြောင့်သာဖြစ်ကြောင်းကို “အဓိက ကျွန်တော်တို့မင်းသားမင်းသမီးတွေရဲ့ရေသောက်မြစ်က ဇာတ်လမ်းပါပဲခင်ဗျ။ ကျွန်တော်ဇာတ်လမ်းကြိုက်မှရိုက်မှာပါ။ ဇာတ်လမ်းမကြိုက်ရင်တော့ ရိုက်ဖြစ်မှာမဟုတ်ဘူး။ ဦးမီးပွားကတော့ စိတ်ချရတဲ့ဒါရိုက်တာတစ်ယောက်ပါ။ ပြောစရာမရှိပါဘူး။ ဦးမီးပွားကိုယုံကြည်လို့လည်း ဦးမီးပွားက ရိုက်မယ်ဆိုရင်တော့ ရိုက်ဖြစ်မှာပါ။ အဓိကကတော့ ဇာတ်လမ်းကိုအဓိကထားပြီးတော့ပဲရွေးချယ်သွားမှာပါ။ ကျွန်တော်ဇာတ်လမ်းမကြိုက်ရင် ကျွန်တော့်ကိုဟောလိဝုဒ်မင်းသမီးနဲ့ လာကမ်းလှမ်းလည်း ကျွန်တော်ရိုက်ချင်မှရိုက်မှာ”လို့ ကွက်ကွက်ကွင်းကွင်းထင်သာမြင်သာရှိအောင်ဖြေကြားပေးသွားပါတယ်။

နေခြည်ဦးကတော့ မီဒီယာတွေနဲ့ အင်တာဗျူးတွေမှာ အောင်ရဲလင်းနဲ့ ဇာတ်ကားရိုက်ဖို့လက်ခံလိုက်တဲ့အကြောင်းကို “ကိုယ်တွေက ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်တော့ဘူးလို့ ထင်ထားတဲ့လူနဲ့ ပြန်တွေ့ရမှာဆိုတော့ နေခြည်ဖက်က လန့်တယ်။ဒါပေမယ့်လည်း တွေ့ခဲ့ရင်လည်း နေခြည်တို့က အကြီးအကျယ်ဝုန်းမှာပဲ။ ဝုန်းမယ်ဆိုတာက ကြိုးစားမှာကို ပြောတာပါ။ ပရိသတ်အတွက်ကလည်း ဒီသတင်းထွက်တာနဲ့ကို တန်တယ်လေ။ ဘာတွေဖြစ်ဦးမှာလဲ။ Ex တွေတွေ့ကြပြီဆိုတော့ ပရိုဂျူဆာတွေအတွက်ကလည်း တွက်ချေကိုက်တယ်။ နေခြည်တို့အတွက်ကလည်း ကောင်းတယ်လေ”လို့ ဖြေကြားထားခဲ့ဖူးပါတယ်။

ဒါ့အပြင်အောင်ရဲလင်းက အရင်တုန်းကချစ်ဖူးခဲ့သူကို အခုလို အောင်မြင်နေတာပြန်တွေ့ရတော့ဝမ်းသာမိကြောင်း “ကျွန်တော်ဝမ်းသာပါတယ်ခင်ဗျ။ဘာပဲဖြစ်ဖြစ် အခုလိုမျိုး အောင်အောင်မြင်မြင်နဲ့မြင်တွေ့ရတဲ့အတွက်ကြောင့် ဝမ်းသာပါတယ်”လို့ လူကြီးလူကောင်းဆန်စွာ ဖြေကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရောအောင်ရဲလင်းနဲ့နေခြည်ဦးနဲ့ အတူတူရိုက်မယ့်ရုပ်ရှင်ကို ကြည့်ချင်လွန်းလို့ လည်ပင်းရှည်နေကြပြီလား။ သူတို့နှစ်ယောက် ရုပ်ရှင်တစ်ကားထဲမှာ အတူဘယ်လိုအပြိုင်အဆိုင်သရုပ်ဆောင်ကြမလဲဆိုတာကိုရော စိတ်ဝင်စားနေကြလား။ ရုပ်ရှင်ကားကြီးထွက်လာရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say