ပေါက်ကရအနိုင်ဆုံးနဲ့ အန္တရာယ်အပေးဆုံးသော လှေကားများ

Led Zeppelin ရဲ့ Stairway To Heaven သီချင်းလေးကိုနားထောင်ပြီး ကျနော်အခုဖော်ပြပေးမယ့် အကြောင်းအရာလေးတွေက ဖတ်လိုက်ရင် ပိုပြီးတောင် ပြည့်စုံနိုင်မလားမသိပါဘူး ။ တကယ်ဆိုရင်တော့ ကျနော်တို့ တွေရဲ့ နေ့စဉ် လှုပ်ရှားသွားလာမှုတွေထဲမှာတော့ မပါမဖြစ်ပါနေတဲ့ လှုပ်ရှားမှုတစ်ခုကတော့ လှေကားအတက်အဆင်းပါပဲ ။ အမြင်အာရုံ တိမ်းစောင်းနေသူတွေအတွက် လှေကားအတက်ဆင်း ကိစ္စတွေက တကယ့် အခက်ခဲတစ်ခုပါပဲ ။ အခုကျနော်တို့ပြောချင်လွန်းလို့ ပရိသတ်တွေကို ဖော်ပြပေးသွားချင်တဲ့အကြောင်းရာလေးကတော့ တမင်ထောင်ချောက်ဆင်ထားသလို ဖြစ်နေတဲ့ လှေကားတွေပဲဖြစ်ပါတယ် ။ ဘယ်လောက်တောင် သောက်တလွဲနိုင်တဲ့ လှေကားတွေဆိုတာကိုတော့ အောက်မှာ ဆက်လက်ကြည့်ရှုပေးကြပါဦး ခင်ဗျာ ။

၁. ကော်ဇော လမ်းလေးလား လှေကားလား



ပုံထဲမှာဖော်ပြထားတဲ့ လှေကားတွေကို ကြည့်လိုက်ပါ မိတ်ဆွေ ရေပြင်ညီ ကြမ်းပြင်တွေပေါ်မှာ ကျင်းပလေ့ရှိတဲ့ ကောဇောနီ ပွဲတွေကို အားကျပြီး မီးခိုးရောင် ကောဇောတွေများခင်းသလားမှတ်ရလောက်တဲ့ အခင်းကျင်းတစ်ခုပါပဲ ။တကယ်တော့ လှေကားတစ်ခုပါ တော်ရုံ မျက်စိရှမ်းသူတွေအတွက်တော့ အတော် အန္တရာယ်ကြီးတဲ့ လှေကားတစ်ခုပါပဲ ။ တကယ် အန္တရာယ်များလား မများလာဆိုတာကိုတော့ အားလုံးပဲ မှတ်ချက်ပေးသွားကြပါဦးနော် ။

၂။ အပေါ်တတ်တဲ့ လှေကားလား ဆေးရုံသွားရမယ့် လှေကားလား




ကျွမ်းကျင်အဆင့် ဗိသုကာ ပညာရှင်တွေ ဆောက်ထားတာမဟုတ်တဲ့ အိမ်တစ်လုံးထဲက လှေကားဆိုတာကိုတော့ မြင်ရုံနဲ့သိနိုင်ပါတယ် ။ခိုင်ခံ့မှုမရှိတဲ့ ဒီလှေကားကတော့ ဘယ်လိုမိုက်မဲ တဲ့သူမှ မိုက်မိုက်ကန်းကန်း အတက်အဆင်းလုပ်မယ်မထင်ပါဘူး ။ တော်တော်ဆိုးဆိုး လှေကားဒီဇိုင်းပါပဲ ။

၃. ကိုယ်ပျောက်လှေကား



ဒီလှေကားကို မြင်မိတော့ ကျနော်တို့ မြန်မာနိုင်ငံကတချို့အိမ်တွေမှာ တပ်ဆင်ထားလေ့ရှိတဲ့လှေကားတွေကို သွားမြင်ယောင်မိပါတယ်။ အောက်ဆုံးအဆင့်မှာ ခြေသုတ်ခုံထားတတ်တဲ့ ကျနော်တို့ ဓလေ့နဲ့ဆိုရင်တော့ သိပ်ပြီး အန္တရာယ်မရှိပေမယ့် ဒီလိုအခြေနေမျိုးဆိုရင်တော့ ကောင်းကင်ဘုံကို တစ်ခါတည်းလားသွားနိုင်တဲ့ လှေကားလေးပါပဲ။

၎။ လှေကားအပိတ်

တက်လို့လုပ်တာလား ငတ်လို့လုပ်တာလားဆိုတဲ့ စကားဟာ အလကားပ်ါလာတာမဟုတ်ပါဘူး ။ ဆောက်လုပ်ရေးလုပ်နေတဲ့သူတစ်ယောက်ဟာ Drawing ကိုသေချာ နားမလည်ဘဲ နားလည်အောင်မကြည့်ဘဲ ဆောက်လုပ်တတ်တဲ့အကျင့်ရှိသူတွေနဲ့ဆောက်လုပ်ရတဲ့ ရလဒ်တစ်ခုပါပဲ။ ကဲ ဘယ်လိုတက်မလဲ မိတ်ဆွေတို့ပဲ ဖြေကြည့်ကြပါဦး ။

၅။ တလွဲ ဝှီးချဲလှေကား

တော်ရုံဦးနှောက်ပိုင်ရှင်တစ်ယောက်ကတော့ လှေကားကို ဒီလိုမျိုးလုပ်ဖို့စဉ်းစားမိမှာ မဟုတ်ပါဘူး ။ လမ်းရဲ့ဘေးမှာ ဖော်ပြထားတဲ့ ဝှီးချဲသင်္ကေတကိုသာ မမြင်မိရင် စကိတ်ကွင်းတွေမှာ ထားလေ့ရှိတဲ့ စတန့်လုပ်ဖို့ အထူးပြုလုပ်ထားတဲ့ လှေကားတွေများလို့တောင်ထင်မိစရာပါပဲ ။ ဘယ်လိုတောင် ရွှေဥာဏ်တော်စူးရောက်ကြပါလိမ့်နော် ။