unicode
ပျော်ရွှင်မှုတွေတောင် ပျောက်သွားစေမယ့် ပုံဆိုးပန်းဆိုး အနိုင်ဆုံး ကိတ်မုန့်များ
လူတိုင်းရဲ့ ဘဝမှာ တခါလောက်တော့ ကိုယ်ပိုင်ကိတ်လေး ခွဲဖူးကြမယ် ထင်ပါတယ်။ မွေးနေ့ပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ အထိမ်းအမှတ်ပွဲတွေ ဂုဏ်ပြုပွဲတွေမှာ လုပ်တဲ့ ကိတ်မုန့်မျိုးစုံရှိပြီး သင်တို့အနေနဲ့ ဘဝမှာ အမှတ်တရအနေနဲ့ ကိတ်ခွဲဖူးကြမှာပါ။ များသောအားဖြင့် ကိုယ့်ရဲ့ မွေးနေ့မှာတော့ အသက်တနှစ်ကြီးသွားပြီဆိုတဲ့ အထိမ်းအမှတ်နဲ့ ကိတ်တွေ ခွဲကြမှာပါ။ ကိုယ်ခွဲလိုက်တဲ့ ကိတ်တွေကလည်း ခမ်းခမ်းနားနားကြီး မဟုတ်ရင်တောင် သေသေသပ်သပ်တော့ ရှိကြမှာ အမှန်ပါပဲ။ ဒါပေမယ့်လည်း ကမ္ဘာအနှံ့အပြားမှာတော့ တကယ့်ကို ရုပ်ဆိုးပြီး ခွဲချင်စိတ်ပါ ပျောက်သွားမယ့် မွေးနေ့ကိတ်တွေ ရှိပါတယ်။ ဒါကြောင့် ဒီတေခေါက်မှာတော့ သင်တို့ပျော်ရွှင်နေတာတောင် ပျောက်သွားမယ့် ပုံဆိုးပန်းဆိုးအနိုင်ဆုံး ကိတ်မုန့်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁.မင်းသမီး မာရီမွန်ရိုး ပုံစံနဲ့ ကိတ်ကိုတော့ တွေ့ကြမှာပါ။ ဒီကိတ်မုန့်ကတော့ ဒေါ်လာ ၆၀ ပေးရပါတယ်။ ဒါပေမယ့်လည်း ယာဖက်က ပုံဆိုးပန်းဆိုး ကိတ်မုန့်ကြီးကတော့ မွန်ရိုး ပုံစံလိုလိုက်လုပ်ချင်ပေမယ့်လည်း အဖိုးအခ မပေးရတာကြောင့် ထွက်လာတဲ့ ကိတ်မုန့်ဖြစ်ပါတယ်။
၂.သင်တို့အနေနဲ့ ကြည့်ရတာ အတော်လေးကို ကွာခြားနေမှာပါ။ ကိတ်မုန့်ကတော့ Frozen ဇာတ်ကားထဲက မင်းသမီးပုံလေး လုပ်ချင်ပေမယ့်လည်း လုပ်ချလိုက်တာကတော့ မျောက်ကြီးနဲ့တောင် ပိုတူနေပါတယ်။ ကလေးမလေးတွေအနေနဲ့ ဒီကိတ်မုန့်ပုံစံကတော့ ခွဲရမှာတောင် ခပ်လန့်လန့်ဖြစ်ကြမယ် ထင်ပါတယ်။
၃.Peppa ဇာတ်ကားထဲက ဝက်ကလေးကိုတော့ ကလေးတိုင်း ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ ဒါပေမယ့်လည်း ပုံမှာ တင်ရောင်းနေတဲ့ Peppa ကတော့ ကလေးတွေ မကြိုက်တဲ့ အပြင် လန့်ပြီး ထွက်ပြေးမယ့် ပုံစံကြီးပါပဲ။
၄.ကလေးတော်တော်များများကတော့ Frozen ဇာတ်ကားထဲက Olaf ကိုတော့ ကောင်းကောင်းကြီး သိကြမယ် ထင်ပါတယ်။ ဒါပေမယ့်လည်း ပုံထဲက Olaf ပုံ လုပ်ထားတဲ့ ကိတ်မုန့်ကတော့ တော်တော်ကြီးကို အခြေအနေဆိုးနေမယ်ဆိုတာ သတိထားမိကြမယ် ထင်ပါတယ်။
၅.Minions လေးတွေကတော့ ကလေးလေးတွေ အိမ်မက်ထဲက စိတ်ကူးယဉ် အရုပ်လေးတွေပါပဲ။ ကလေးတွေရဲ့ မွေးနေ့ပွဲ တော်တော်များများမှာလည်း ဒီအရုပ်လေးတွေနဲ့ ကိတ်လေးတွေ လုပ်ပေးတာကို တွေ့ရမှာပါ။
၆.မြန်မာနိုင်ငံမှာ အမွှေစိန်လို့ ခေါ်ခေါ်နေတဲ့ masha ကတော့ ကောင်မလေးတွေ အကြိုက် ဇာတ်ကောင်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပုံထဲက ကိတ်မုန့်ကတော့ စိတ်ကူးနဲ့ လက်တွေ့က တခြားဆီဖြစ်ခဲ့ပြီး ကြောက်စရာကောင်းခဲ့ပါတယ်။
၇.သူငယ်ချင်းတွေအတွက် မွေးနေ့ကိတ်တွေ လုပ်ပေးတဲ့ အချိန်မှာတော့ အပြောင်အပျက်အနေနဲ့ ပျော်စရာကောင်းတဲ့ အရာတွေ ဖန်တီးပေးတတ်ကြပါတယ်။ ဒါပေမယ့်လည်း ပုံထဲက ကိတ်ကြီးကတော့ စိတ်ကူးထဲကဟာက အဆင်ပြေပေမယ့်လည်း လက်တွေ့မှာတော့ တော်တော်လေးကို ရွံစရာကောင်းနေပါတယ်။