ဖျော်ဖြေရင်း စင်ပေါ်မှာ မှောက်နေတဲ့ ဖြူဖြူကျော်သိန်း

0
97

ဖြူဖြူကျော်သိန်းဟာဆိုရင်တော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အသံပါဝါအားကောင်းပြီး သီချင်းကောင်းတွေကိုအားနဲ့မာန်နဲ့ပိုင်ပိုင်နိုင်နိုင်ဆိုနိုင်သလို ပညာလည်းတော်တဲ့အဆိုတော်မလေးဆိုပြီး ပရိသတ်တွေကြားထဲမှာရေပန်းစားကာ ခိုင်မာတဲ့ ပရိသတ်အားပေးမှုနဲ့ အောင်မြင်မှုတွေကိုရရှိထားသူဖြစ်ပါတယ်။ဖြူဖြူက အင်တာဗျူးတွေမှာအမြဲတမ်းပွင့်ပွင့်လင်းလင်းဖြေတတ်သလို ပရိသတ်တွေကိုဖျော်ဖြေရာမှာလည်း စိတ်ရောကိုယ်ပါ အကုန်ထည့်ပြီး အင်တိုက်အားတိုက်ဖျော်ဖြေသူလည်းဖြစ်ပါတယ်။

အခုတလော Facebook ပေါ်မှာရေပန်းစားပြီးလူပြောများနေတာကတော့ ဖြူဖြူကျော်သိန်းရဲ့ ဘားအံမှာဖျော်ဖြေသွားတဲ့ ပုံရိပ်တွေပါပဲ။ ဖြူဖြူက ဘားအံကို Christmas ညနှစ်ညစာ သီဆိုဖျော်ဖြေဖို့သွားခဲ့တာဖြစ်ပြီး ပရိသတ်တွေကို သီချင်းအသစ်တွေနဲ့ရော အဟောင်းတွေနဲ့ပါ မမောနိုင်မပမ်းနိုင်ဖျော်ဖြေသွားခဲ့ကြောင်းသိရပါတယ်။ ဖြူဖြူဟာ ထုံးစံအတိုင်း ဖျော်ဖြေပွဲတွေမှာ အတွန့်တွေအတက်တွေပါတဲ့ ဖက်ရှင်ကျကျဝတ်စုံတွေကိုဝတ်ကာဖျော်ဖြေလေ့ရှိတဲ့အတိုင်း ဒီတစ်ခါမှာလ်ညး အစိမ်းနုရောင်ဇာတွေနဲ့ အစိမ်းရောင်ခပ်လွင်လွင်အပေါ်ပိုင်းဝတ်စုံတွဲထားတဲ့ ဝတ်စုံကိုဝတ်ဆင်ထားခဲ့ပါတယ်။ ဖြူဖြူကတော့ အဲဒါကို ခရစ်စမတ်သစ်ပင်ဝတ်စုံလို့ခေါ်ပါတယ်တဲ့။ ထူးခြားဆန်းပြားတဲ့ဝတ်စုံဟာ ဖြူဖြူ့ကိုယ်ပေါ်မှာနေသားတကျနဲ့ ကြည့်ရတာအမြင်ဆန်းနေခဲ့ပါတယ်။

ဝတ်စုံကသာအမြင်ဆန်းတာမဟုတ် ဖြူဖြူရဲ့ ဖျော်ဖြေမှုကလည်း တစ်မျိုးတစ်ဖုံအမြင်ဆန်းနေခဲ့ပါသေးတယ်။ အဲဒါကတော့ ဖြူဖြူဟာ ဖျော်ဖြေနေရင်းနဲ့ စင်ပေါ်မှာမှောက်ရက်ကြီး performance လုပ်နေသေးတာပါပဲ။ မှောက်ရက်ကြီးလုပ်လိုက်ပြန်တော့ ဖြူဖြူရဲ့ ဂါဝန်အတွန့်အတွန့်တွေဟာ ရေသူမအသွင်ဆောင်နေပြန်ပါတယ်။ ဒါကို ပရိသတ်တွေက အရမ်းကိုသဘောကျပြီး ဝိုင်း share နေကြတာပါ။ ဒါတင်မကသေးပါဘူး ဖြူဖြူက မှောက်လျက်တစ်မျိုးထိုလျက်တစ်မျိုးနဲ့ ပရိသတ်ကို အမျိုးမျိုးဖော်ျဖြေနေခဲ့ပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဖြူဖြူကျော်သိန်းရဲ့ ထူးခြားဆန်းပြားတဲ့ Performance ကိုမြင်ပြီးသွားကြပြီလား။ ဖြူဖြူကျော်သိန်းကို အားပေးကြလား။ ဖြူဖြူကျော်သိန်းရဲ့ Storm Album အသစ်ရော နားထောင်ပြီးသွားကြပြီလား။ ဖြူဖြူရဲ့အနုပညာလှုပ်ရှားမှုတွေကိုရော ဆက်လက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say