ဘေဘီလေးကို တစ်ပတ်ဒေါ်လာတစ်ထောင်ပေးတဲ့ အံ့ဖွယ်သကြားဖေဖေ

0
295

Sugar Daddy ဆိုတာက ကောင်မလေးငယ်ငယ်ချောချောတွေကို စပွန်ဆာပေးချင်တဲ့ ချမ်းသာကြွယ်ဝသူအမျိုးသားကြီးတွေကိုခေါ်ဆိုတာဖြစ်ပြီး Sugar Baby ဆိုတာကတော့ စပွန်ဆာယူတဲ့ ငယ်ငယ်ချောချောကောင်မလေးတွေကိုယဉ်ယဉ်ကျေးကျေးခေါ်ဆိုတာပါ။ လောကကြီးမှာ စားဝတ်နေရေးအတွက်ရုန်းကန်ရတာ တစ်စတစ်စခက်ခဲလာတာနဲ့အမျှ ပိုက်ဆံကိုအလွယ်လမ်းကရလိုသူတွေလည်းရှိလာပါတယ်။ အချို့ကျတော့လည်းမိသားစုတာဝန်ကိုပခုံးထမ်းထားရတာကြောင့် ဘယ်လိုမှ သမာအာဇီဝအလုပ်ကရတဲ့ ပိုက်ဆံနဲ့အဆင်မပြေနိုင်ပဲ သကြားဖေဖေတွေကိုအားကိုးရတဲ့ဘဝကိုအလိုလိုရောက်လာသူတွေလည်းရှိပါတယ်။

စပွန်ဆာယူပြီး ဘဝအခက်အခဲတွေကို ဖြေရှင်းသူ သကြားဘေဘီလေးတွေထဲမှာမှ Sydney က ဘေဘီလေး Gemma ဆိုသူအသက်ဆယ့်ကိုးနှစ်အရွယ်ကောင်မလေးကတော့ ကံကောင်းတယ်လို့ဆိုရမှာပါ။ သူမရဲ့ သကြားဖေဖေက သူမကို တစ်ပတ် ဒေါ်လာတစ်ထောင်မုန့်ဖိုးပေးပါတယ်တဲ့။ အဲဒါက ပုံမှန်ကော်ဖီဝယ်သောက်ဖို့သက်သက်သာရှိပါသေးတယ်။ Gemma က အသက်ဆယ့်ကိုးနှစ်ဖြစ်ပြီး Gemma ရဲ့ သကြားဖေဖေက အသက် 38 နှစ်ရှိပါပြီ။ သကြားဖေဖေဖြစ်သူဟာ Gemma ကို အရိပ်တကြည့်ကြည့်နဲ့ကြည့်နေတာဖြစ်ပြီး တစ်ခါနှစ်ခါလောက်အပြင်မှာတွေ့ရုံနဲ့တင် သူမကိုအရမ်းချစ်ပြီး တစ်ပတ်ဒေါ်လာတစ်ထောင်စပေးတော့တာပါပဲတဲ့။

Gemma ရဲ့ သကြားဖေဖေဟာ သူမကို သူမလိုချင်တဲ့ ပစ္စည်းတွေကိုစာရင်းလုပ်ထားဖို့လည်းပြောဖူးပါတယ်တဲ့။ အဲဒါမှ သူမနဲ့တွေ့တဲ့အခါ အဲဒီစာရင်းထဲက ပစ္စည်းတွေဝယ်လာပြီး Surprise လုပ်လို့ရအောင်ပါ။ Gemma ရဲ့ သကြားဖေဖေကအလုပ်အလွန်များလွန်းတာကြောင့် တစ်လတစ်ခါလောက်သာတွေ့ဖြစ်ပြီး တွေ့ပြီးအတူတူလျှောက်လည်တဲ့အချိန်မှာလည်း သူမ ခပ်ကြာကြာစိုက်ကြည့်မိတဲ့ ပစ္စည်းတိုင်းကို လက်ဆောင်အဖြစ်ဝယ်ပေးတတ်တယ်လို့ဆိုပါတယ်။ ဘယ်လောက်တောင်ချစ်တတ်တဲ့လူပါလိမ့်။ ဒီဇိုင်နာ Brand တွေ၊နောက်ဆုံးပေါ် အဝတ်အထည်အသုံးအဆောင်တွေတိုင်းကို သူမကို ဝယ်ပေးဖို့စိတ်အားထက်သန်နေသူလည်းဖြစ်ပါတယ်။

Gemma ဟာ လက်ရှိမှာကျောင်းသူတစ်ဦးဖြစ်ပြီး သူမက ကျောင်းစားရိတ်မတတ်နိုင်တာကြောင့် ကျောင်းစားရိတ်ကာမိရုံလောက်သာ သကြားဘေဘီလုပ်ဖို့မျှော်လင့်ခဲ့တာဖြစ်ပြီး အခုလို လိုတရဘဝမျိုးရလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူးလို့လည်းဆိုပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးထဲမှာရော.. ဒီလိုသကြားဖေဖေမျိုးကိုမျှော်လင့်နေသူတွေရှိကြလား။ ဒီလောက်လက်ဖွာပြီးဖြည့်ဆည်းပေးတတ်တဲ့သကြားဖေဖေမျိုးရော တွေ့ဖူးကြလား၊ကိုယ့်အသိထဲမှာရော အဲဒီလို သကြားဘေဘီလေးတွေရှိလား။

Can’t Wait To Say

Unicode





Can’t Wait To Say

LEAVE A REPLY

Please enter your comment!
Please enter your name here