ဘေးမှာယောကျာ်းတစ်ယောက်မရှိလည်းဘာမှမဖြစ်ဘူးဆိုတဲ့ အေသင်ချိုဆွေ

0
63

တစ်ခေါတ်တစ်ခါက တေးသီချင်းကောင်းများစွာ ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို ရရှိခဲ့တဲ့ နိုင်ငံကျော် တေးသံရှင် အေသင်ချိုဆွေက သူ့အနေနဲ့ လက်ရှိအချိန်မှာ single mother အဖြစ်ရပ်တည်နေပြီးတော့ အဆင်မပြေဘဧ ဘဝတစ်ခုကိုလူနှစ်ယောက်ဖြတ်သန်းနေတာထက်စာရင် Single Momအဖြစ်နေတာကိုပိုပြီးကောင်းတယ်လို့ မီဒီယာအင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

သမီးလေးရဲ့ဓာတ်ပုံကို အမြဲတမ်းတင်ပေးဖို့ တောင်းဆိုနေကြတဲ့ ပရိသတ်တွေနဲ့ ပတ်သက်ပြီး အေသင်ချိုဆွေက “အေသင်လည်း တင်ပေးချင်ပါတယ်။ ဒါပေမဲ့သူက တစ်စက်မှ ငြိမ်ငြိမ်မနေတော့ ဓာတ်ပုံရိုက်ဖို့ တော်တော်လေးကို ကြိုးစားယူရတယ်။ အဲ့တော့ မတင်ဖြစ်ဘူးပေါ့နော် သိပ်ပြီးတော့ မတင်ဖြစ်ဘူး ဒါပေမဲ့ အဲ့လိုမျိုး တောင်းဆိုပေးတဲ့အတွက် ချစ်ပေးတဲ့အတွက် တကယ်ပါကျေးဇူးအများကြီးတင်ပါတယ်။ပျော်လည်း ပျော်တယ်။

သူ့ကိုပြုစုစောင့်ရှောက်ရတာက အမောပြေတယ် ပင်ပန်းသည့်တိုင်အောင် အမောပြေတယ်။ ဘယ်လိုပြောမလဲ ကြည်နူးဖို့ကောင်းတယ်ပေါ့နော်။ သူနဲ့နေနေရတဲ့အချိန်တွေကလေ သူ့ရဲ့လုပ်ပုံကိုင်ပုံလေး အခုစကားဆိုလည်း မပီကလာပီကလာလေးပြောတယ် စကားကလည်း အရမ်းများတော့ တစ်ခါတစ်လေကျရင် ဘာတွေပြောလို့ပြောနေမှန်းမသိဘူး။ နောက်ပြီးတော့ မအေနားမှာ လိုက်ရှုပ်တယ် အခန်းထဲမှာနေရင်လည်း တစ်ချိန်လုံးအနားမှာ လိုက်ကပ်တယ်။ အိမ်မှာအိမ်အကူမရှိတဲ့အခါ ကိုယ့်ဘာသာသန့်ရှင်းရေးလုပ်တဲ့အခါလည်း ဝိုင်းလုပ်ပေးသလိုလိုဘာလိုလိုနဲ့ ဝင်ရှုပ်တယ်။ ဘာပဲဖြစ်ဖြစ်ပျော်တယ် နေရတာပိုပြီးတော့ အဓိပ္ပါယ်ရှိတာပေါ့နော်။

ရင့်လည်းရင့်ကျက်သွားတာပေါ့နော် နောက်ပြီးတော့ အမေတစ်ယောက်ဖြစ်တဲ့အတွက် အရာအားလုံးကိုပြန်ကြည့်တယ်။ ကိုယ့်ကိုကိုယ်ပြန်ပြီးတော့ Controlလုပ်တယ်။ ဥပမာ တစ်ခုခုဆုံးဖြတ်တော့မယ်ဆိုရင်လည်း သူ့မျက်နှာပေါ့ ပြီးတော့ ပရိသတ်တွေအတွက်ချိန်ပြီးတော့ လုပ်လာတတ်တယ်။ နောက်ပြီးတော့ အများကြီးတော့ ပြောလဲသွားပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ကလေးနဲ့ အရမ်းတူတယ်လို့ပြောကြတာနဲ့ ပတ်သက်ပြီး “အေသင်နဲ့တူလို့ ချောတာလေ အေသင်မွေးထားတာဆိုတော့ အေသင်နဲ့ပဲ တူမှာပေါ့။ ဒါပေမဲ့ ပျော်ပါတယ် တကယ်လည်း အေသင်နဲ့ပဲ တူတာပါ။”ပြောခဲ့ပြီး အဖွားဖြစ်သူက မြေးကိုထိန်းကျောင်တာနဲ့ ပတ်သက်ပြီးတော့လည်း “မြေးအဖွား၂ယောက်ကိုမြင်ရတဲ့အခါမှာ သူက သူ့အဖွားကို အရမ်းချစ်တယ် ဒါပေမဲ့ အမေရှိရင်တော့ သိပ်မကပ်ဘူး။ အမေရှိနေတဲ့အတွက်လည်း အလုပ်လုပ်လို့ရတယ်ဆို အဖွားနဲ့ပျော်နေတာမြင်ရရင် ကျေနပ်ပါတယ်။”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး အေသင်ချိုဆွေက “အမေအေသင်ကို ချစ်တာတွေ သိလာပါတယ်။ အခုဆိုရင် အတတ်နိုင်ဆုံး သူမကြိုက်တာမလုပ်ဘူး သူ့ကိုစိတ်ချမ်းသာအောင်ထားတယ်။ သူနဲ့စကားများရမဲ့ဟာဆိုရင် အေသင်မလုပ်ဘူး သူလုပ်စေချင်ဟာဆိုရင် လုပ်လိုက်တယ်ပေါ့နော်။ အဲ့လိုမျိုးလေးရှိတယ် အဓိကတော့ အေးအေးဆေးဆေးအေးအေးချမ်းချမ်းလေးနဲ့မိသားစုဘဝလေး ဖြစ်တည်နေရင် ကျေနပ်ပါတယ်။ အခူလည်းဒီအတိုင်းပါပဲ အေးအေးချမ်းချမ်းပဲ သားအမိတွေ ပျော်ပျော်ရွှင်ရွှင်ပဲ ခရီးတွေထွက်တယ်။”လို့ပြောခဲ့ပါတယ်။

သမီးလေးကို နာမည်ဘယ်လိုပေးထားလဲလို့ မေးမြန်းရာမှာ”မြတ်နိုးလို့တော့ ပေးထားတယ် ဒါပေမဲ့ နေ့နဲ့နာမ်နဲ့ဆိုရင်တော့ ဗေဒင်ဆရာ့တော့ မေးရမှာပေါ့နော်။ ivyကတော့ nicknameအနေနဲ့ ပေးထားတာပေါ့နော်။ သင်မြတ်နိုးပေါ့ အေသင်နာမည်က သင်ပါတယ်လေ မြတ်နိုးဆိုတာက တည်းနည်း နုနုရွ့ရွ့လေးပေးလိုက်တာပေါ့။”လို့ ပြန်လည်ဖြေိုခဲ့ပါတယ်။

Single Motherတွေနဲ့ ပတ်သက်ပြီးတော့လည်း “Single Momတွေအားလုံးကို အေသင်က တကယ်ပါလေးစားပါတယ်။ သတ္တိရှိတဲ့မိန်းကလေးမဟုတ်တော့ဘူး မိန်းမတွေပေါ့။ ပိုပြီးတော့လည်း အဓိပ္ပါယ်ရှိတယ်လေဘဝကို ဘယ်လိုပြောမလဲ အဆင်မပြေဘဲနဲ့ ဘဝတစ်ခုလူနှစ်ယောက်ဖြတ်သန်းနေတာထက်စာရင် ကိုယ့်ဘာသာကို့ယ်သမီးလေးနဲ့အတူ Single Momအနေနဲ့ ဖြတ်သန်းရတာ ကိုယ်အတွက်တော့ ပိုပြီးကောင်းတယ်လို့ထင်တယ်။ ခေါင်းထဲမှာကိုယ့်ရဲ့သားသမီး ကိုယ့်ကလေး သူုတို့အတွက် တွေးနိုင်တဲ့သူဆိုရင်တော့ ပိုကောင်းတာပေါ့ အဓိကတော့ Strong ဖြစ်တယ်ဆိုတာက စိတ်ပိုင်းဆိုင်ရာပေါ့ ဘေးနားမှာ ယောက်ျားတစ်ယောက်မရှိလည်း ဘာမှမဖြစ်ဘူး ကိုယ့်ဘာသာရပ်တည်နိုင်တယ် ကိုယ့်ဘာသာရှေ့ဆက်သွားမယ်ဆိုတဲ့ဟာပေါ့ အဲ့လိုမျိုးStrongဖြစ်တာမျိုးပေါ့။ အဲ့တော့ အေသင်က လူတစ်ယောက်ကို ဝေဖန်တာတွေဘာတွေတော့ မလူပ်တတ်ဘူး။ ဒါပေမဲ့ ပြောချင်တာကတော့ အဓိပ္ပါယ်ရှိတဲ့အရာကိုပဲ ဆုပ်ကိုင်ပြီး အဓိပ္ပါယ်ရှိရှိဖြတ်သန်းဖို့ပြောချင်ပါတယ်။”လို့ပြောခဲ့ပါတယ်။