မောင်မောင်အေးမင်္ဂလာဆောင်မှာ ရင်ထဲဆို့သွားရကြောင်းပြောပြတဲ့ Ar-T

0
58

လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားပြီး သီချင်းများကို ကိုယ်တိုင်ရေးစပ်ပြီး EDMများနဲ့ ပေါင်းစပ်လေ့ရှိတယ့် တေးသံရှင် အားတီကတော့ ဟိုတလောတုန်းက မင်္ဂလာဆောင်ခဲ့တဲ့ မောင်မောင်အေးရဲ့ မင်္ဂလာပွဲမှာ သတို့သားအရံလုပ်ပေးခဲ့ပြီး မင်္ဂလာပွဲမှာ ဖြစ်ပျက်ခဲ့တယ့် အမှတ်တရတွေကို အားတီက MCရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

အားတီက “အဓိက ကိုမောင်မောင်အေးကလည်း လျိုလျိုဝှက်ဝှက် သူ့ဘာသာသူ သိုသိုသိပ်သိပ်နေတယ်။ အလုပ်နဲ့ ပတ်သက်ရင်တော တစ်အားပြောတယ် ဒါပေမဲ့ သူ့personalနဲ့ ပတ်သက်ရင်တော့ သိုသိုသိပ်သိပ်နေတယ်ဆိုတော့ မသိဘူး။ အကုန်လုံးက သူ့ကိုလူပျိုကြီးလုပ်မယ်ထင်ထားကြတာ တစ်ချို့ကျတော့လည်း သူ့ကို အိမ်ထောင်ရှိတယ်ထင်ကြတာ။ မင်္ဂလာဆောင်တော့ ဟာမောင်မောင်အေးက အိမ်ထောင်ရှိတယ်မဟုတ်ဘူးလားပေါ့ အဲ့လိုထင်ကြတာပေါ့နော် သူကအဖိုးကြီးပုံစံလည်း ပေါက်နေတာကို ဆံပင်လည်း မရှိဘူးဆိုတော့။ သူ့ကိုစင်ပေါ်မှာရောက်တိုင်း အမြဲစတယ် သူ့ကလည်း ကိုယ့်ကိုစတယ် အမြဲတမ်းစဖြစ်တာ ဘာလဲဆိုတော့ ခေါင်းလျှော်ရည်လက်ဆောင်ပေးမယ်ဆိုတာအမြဲတမ်းစဖြစ်တယ်။

သူ့မင်္ဂလာဆောင်မှာ သတို့သားအရံလုပ်ဖြစ်တာက ကိုမောင်မောင်အေးခေါ်လို့ပေါ့နော်။ ကျွန်တော်အစက ကတုံးတုံးဖို့တောင် စဉ်းစားသေးတယ်။ ဆင်တူဖြစ်သွားအောင်လို့။ အမှတ်တရက ဘာလဲဆိုတော့ ကျွန်တော်ရဲ့ သီချင်း ချစ်နေဖို့ကို ကျွန်တော်ဆိုပေးရတယ် သူတို့ကိတ်ခွဲနေတဲ့အချိန်မှာ အဲ့အချိန်မှာ ကိုယ်မသိထားဘူး သူတို့လုပ်တဲ့ မီးပန်းတွေဖောက်မှာတွေ ပြီးတော့ အောက်က ဖုန်းမီးဖွင့်ခိုင်းတာတွေရော ဘာတွေရော ကိုယ်က မသိဘူး။ ဆိုဆိုလို့သာ ဆိုနေရတာ စင်ပေါ်တက်ပြီး ခပ်တည်တည်နဲ့ ဆိုနေတာ တကယ်တမ်းကိုယ်ဆိုတဲ့အခါမှာ အောက်က ဖုန်းမီး တွေအကုန်ပွင့်လာတယ်။ ပွဲအပြင်အဆင်ရော ပန်းတွေရော မီးပန်းတွေရောဆိုတော့ ကျွန်တော်က စင်ပေါ်မှာ ငိုတော့မယ်။ တစ်ခြားလူတွေတော့မသိဘူး ကျွန်တော့်ကတော့ ရင်ထဲမှာ ဆို့နေတယ်။ အရမ်းကို Romantic ဖြစ်ပြီးတော့ ခံစားရတယ်ပေါ့နော်။ ပြီးတော့အချစ်ကို ခံစားရတယ်။

ဒီWeddingနဲ့ပတ်သက်ပြီး ကိုမောင်မောင်အေးကို လူချစ်လူခင်များတယ်ဆိုတာကတော့ ကျွန်တော်သိလိုက်ရတယ်။ ပွဲခမ်းနားတာ မခမ်းနားတာထက် အော် မောင်မောင်အေး တကယ်ကို လူချစ်လူခင်များတယ် ပြီးတော့ သူချစ်အောင်နေတယ်။ စကားလည်း ပြောတတ်ဆိုတတ်ဆိုတော့ သူဆီကနေ သင်ယူလေ့လာစရာတွေ အများကြီးရတာပေါ့နော်။ “လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး အားတီက”ကိုမောင်မောင်အေးနဲ့ ကျတော့ ကျွန်တော်က အမျိုး မကင်းဘူး။ မန္တလေးမှာရှိကြတဲ့ အမျိုးချင်း မကင်းကြဘူးဆိုတော့ အရမ်းရင်းနီးပါတယ်။ တစ်ခုခုဆိုလည်း သူပဲ ကျွန်တော့်ကို Guideလုပ်ပေးတာတွေရှိပါတယ်။ ဝမ်းသာပါတယ် The Right Oneပေါ့နော် တကယ့်ကို အချစ်စစ်အချစ်မှန်နဲ့ အချိန်မှန်မှာ တွေ့တယ်လို့ ကျွန်တော်မြင်ပါတယ်ဗျ။”လို့ ပြောသွားခဲ့ပါတယ်။