မောင်လေးရဲ့ အချစ်တွေမှာ မမ မျောသွားတာဆိုတဲ့ ဘေဘီမောင်

0
64

ယောကျာ်းလေးပရိသတ် အခိုင်အမာရရှိထားတဲ့ ဘော်ဒီကောက်ကြောင်းလှပတဲ့ မော်ဒယ်မင်းသမီး ဘေဘီမောင်ကတော့ သီချင်းဆိုပြိုင်ပွဲတွေက တဆင့်နာမည်ရလာတဲ့ အသံပါရမီရှင်လေး သားဂန်းနဲ့ ချစ်ကြိုးသွယ်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဝမ်းနည်းနေတဲ့ ပရိသတ်တွေရှိသလို သူတို့စုံတွဲလေးကို အားကျနေတဲ့ပရိသတ်တွေလည်း ရှိပါတယ်။ သူတို့နှစ်ယောက်ကတော့ မ နဲ့ မောင် ဇာတ်လမ်းလေး ဖြစ်သလို ဘေဘီမောင်ကလည်း အရမ်းဂရုစိုက်တတ်တဲ့ မမ တယောက်ဖြစ်ပါတယ်။ လက်ရှိအင်တာဗျူးမှာလည်း ဘေဘီမောင်ကတော့ သူတို့နှစ်ယောက်ရဲ့ Relationship လေးအကြောင်းကို ပြောကြားလာခဲ့ပါတယ်။

ဘေဘီမောင်ကတော့ Sunday Journal နဲ့ အင်တာဗျူးတွင် “ကိုယ်ကလည်း အစကတော့ တယောက်နဲ့တယောက် ချစ်ကြရရင်တော်ပြီဆိုပြီးတော့ နေထားတာ။ ဘေဘီလိုမျိုး ပွင့်ပွင့်လင်းလင်း သမားကြတော့လည်း ပွင့်ပွင့်လင်းလင်း ဖြစ်သွားတာပေါ့နော်။ ပရိသတ်ကိုလည်း မလိမ်ချင်ဘူးလေ။ နောက်ပြီး သူလည်းပြောတယ်။ သူ့အသံလေးကို တကယ်ကြိုက်တဲ့သူတွေ အားပေးရင်အဆင်ပြေတယ်ဆိုတော့ ဘေဘီက ဘာမှမပြောလိုပါဘူး။ သူ့ကိုချစ်တဲ့ပရိသတ်တွေကတော့ ချစ်နေမှာပဲလေ။ ကိုယ်ကလည်း ပရိသတ်နဲ့ ဘယ်လိုဆက်ဆံရမလည်း နည်းနည်းပြောပြရတာပေါ့။ ကိုယ်ကအသက်လည်း နည်းနည်းပိုပြီးတော့ ကြီးတယ်။ သူ့ထက်လည်း လည်လည်ဝယ်ဝယ်ရှိတော့ သဘောတရားတွေ ပိုပြီးနားလည်ပါတယ်။ သူကတော့ ယောကျာ်းလေးလည်းဖြစ်တယ်။ ကိုယ့်လိုလည်း မဟုတ်ဘူးဆိုတော့ သူ့ကိုဘေးကနေပြီးတော့ ဆုံးမစရာရှိတာ ဆုံးမတာပေါ့။ မောင်လေးတယောက်လိုရော ချစ်သူတယောက်လိုရော သူဘာလေးတွေ လိုအပ်နေသေးလဲ ဆိုတာတွေကိုတော့ ပြောပေးပါတယ်”

“နှစ်ယောက် ရိုတဲ့ဟာလေးတွေတော့ မြင်ရမှာပေါ့နော်။ ဘေဘီက တခါတလေကျရင် စိတ်ပူတာက သူ့ကိုချစ်တဲ့ ပရိသတ်လေးတွေနည်းသွားမှာကို ဆိုးတာပါ။ ပရိသတ်ကြောင့်လည်း သားဂန်းဖြစ်လာတာလေ။ ပြီးတော့ သူ့အသံလေးက အငြိမ့်လေးတွေနဲ့ အရမ်းလိုက်တာ။ ကိုယ့်အတွက်တောင်မှ လက်ထက်ပြီးရင် အိပ်ရာဝင်တေးဖြစ်တော့မယ်။ ဖုန်းတွေထဲမှာလည်း သူကသီချင်းတွေဆိုပြပါတယ်။ သူ့အသံကအရမ်းကောင်းပါတယ်။ အားပေးကြပါလို့ပြောချင်ပါတယ်။ ဘေဘီတို့ ချစ်သူဖြစ်နေပေမယ့်လည်း ပိုပြီးတော့ ကြိုးစားကြမှာပါ။ ဘေဘီကျတော့ အားလည်းအားနာတယ်လေ။ အရင်တုန်းကလည်း ကိုယ်ချစ်ရင်ချစ်တယ်ပေါ့။ Offical ချပြပြီး ချစ်သူတွေကို တွဲခဲ့ဖူးတော့ မောင်လေးကိုလည်း အားနာပါတယ်။ သူကလည်း ရိုးရိုးသားသား အေးအေးဆေးဆေးနေတတ်တော့ စိတ်မကောင်းစွာနဲ့ ပြောပါတယ်။ အားနာတယ်ပေါ့။ သူကတော့ ချစ်တော့ အပြစ်မမြင်ဘူးပေါ့။ အဓိကကတော့ သူ့မေတ္တာမှန်တော့ ကိုယ့်မေတ္တာလေးတွေက ပြန်သွားတယ်လေ။ တယောက်နဲ့ တယောက်အဲ့လိုမျိုးလေးတွေတော့ ချစ်ကြပါတယ်”

ဘေဘီမောင်ရဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး သားဂန်းကတော့ “ကျွန်တော်ပြောရရင်တော့ မြန်မာဝတ်စုံလေးတွေနဲ့ ပိုပြီးတော့ သဘောကျပါတယ်။ ဒါပေမယ့်လည်း မြန်မာဝတ်စုံကတော့ နေရာတိုင်းမှာ ဝတ်နေလို့မရဘူးလေ။ ဒါကြောင့်သူ့စိတ်တိုင်းကျကိုပဲ ဝတ်ခိုင်းပါတယ်။ အရမ်းဟော့တဲ့ ဝတ်စုံတွေဆိုရင်တော့ မ လည်းမဝတ်လောက်တော့ဘူး ထင်တယ်”

ဘေဘီမောင်ကလည်း “ဘေဘီကလည်း အသက်ကြီးလာပြီလေ။ ဒါကြောင့်ဒီလိုမျိုးတွေ မဝတ်တော့ပါဘူး။ အရင်တုန်းကလည်း ဒီလိုမျိုးတွေ ဝတ်ခဲ့တာကို ရှက်ရွံမိပါတယ်။ အခုချိန်မှာ ချစ်သူလည်း ရှိတော့ သူ့ဖက်ကိုငဲ့ရဦးမယ်လေ။ သူမကြိုက်တာတွေဆို မလုပ်ပါဘူး။ သူကစတွေ့ကတည်းက အရမ်းရိုးသားတယ်။ ကိုယ့်ကိုလည်း တန်ဖိုးထားတယ်။ ချစ်တတ်တယ်။ ရွှေမင်းသမီးလေးရဲ့ သက်တော်စောင့်လိုပဲ အရမ်းအားကိုးရပါတယ်။ အဲ့ဒါလေးတွေကြောင့် ချစ်နေရတာပေါ့။ အစကတော့ ကိုယ်ကခပ်တည်တည်ပဲ သူကဇွဲကောင်းကောင်းနဲ့ လိုက်တော့ အသက်ကြီးပေမယ့်လည်း မောင်လေးအချစ်တွေမှာ မျောသွားတာပေါ့” ဟု ပြောကြားသွား ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here