မျောက်ခေါ်နည်းအသစ်ကို ချပြလိုက်တဲ့ သုသု

0
50

မိတ်ကပ်ပညာရှင်တယောက်ဖြစ်တဲ့ ညီညီမောင်စမ်းချောင်း (သုသု) ကတော့ မိတ်ကပ်ပညာမှာ ကျွမ်းကျင်တာကြောင့် အနုပညာနယ်ပယ်မှာ နာမည်ကြီးသူတယောက်ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာလည်း Facebook ပေါ်မှာ ရီစရာကောင်းတဲ့ ဗီဒီယိုတွေကြောင့်နာမည်ကြီးလာပြီး ပရိသတ်တွေကြားမှာပါ ရေပန်းစားလာတာ ဖြစ်ပါတယ်။ သုသု ကတော့ လူမှုပေါင်းသင်း ဆက်ဆံရေးမှာလည်း အလွန်ကောင်းမွန်တဲ့ သူတယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတာ ဖြစ်ပါတယ်။ မိတ်ကပ်ပညာရှင်ဆိုပေမယ့်လည်း သရုပ်ဆောင်ပိုင်းမှာလည်း ကောင်းကောင်းမွန်မွန် သရုပ်ဆောင်လာနိုင်တာကြောင့် ရုပ်ရှင်ကားတွေမှာလည်း ပါဝင်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

ပရိသတ်တွေ ပျော်ရွှင်အောင် အမြဲလုပ်ပေးလေ့ရှိတဲ့ သုသုတော့ သူ့အားလပ်ရက်လေးမှာတော့ လှော်ကားဥယျာဉ်လေးဆီသွားပြီး ဆိရစ္ဆာန်လေးတွေကို အစာကျွေး ကုသိုလ်ပြုခဲ့တာ ဖြစ်ပါတယ်။ သူအကောင်လေးတွေကို အစာကျွေးတဲ့အချိန်မှာတော့ သူဟာအမှတ်တရ ဗီဒီယိုလေးတွေ ရိုက်ခဲ့ပါတယ်။

ဒီဗီဒီယိုလေးတွေထဲမှာတော့ သူ့ကိုပရိသတ်တွေအမှတ်ရသွးစေမယ့် ဗီဒီယို တခုပါလာပါတယ်။ ဒါကတော့ သူ့အနေနဲ့ မျောက်လေးတွေကို အစာကျွေးတဲ့အချိန်မှာ ခေါ်လိုက်တဲ့အသံကြောင့် ဖြစ်ပါတယ်။ တော်တော်ထူးခြားနေပြီး ပရိသတ်တွေကတော့ အကြိုက်တွေ့ခဲ့ပါတယ်။

ထို့နောက်သူကတော့ ဒီဗီဒီယိုကိုတင်ထားပြီး မျောက်ခေါ်သံဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် သုသုရဲ့ လူတိုင်းမသိသေးတဲ့ မျောက်ခေါ်သံနဲ့ အတူ မျောက်လေးတွေကိုခေါ်ပြီး အစာကျွေးထားတဲ့ ဗီဒီယိုလေးကို ပြောချင်လွန်းလို့က ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ဒီဗီဒီယိုလေးကို ကြည့်ပြီး ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း သဘောကျမိမယ်လို့ ထင်ပါတယ်။ သုသုလိုမျိုး မျောက်ခေါ်နည်း အသစ်ကို မျောက်တွေနဲ့ တွေ့ရင်လည်း စမ်းကြည့်လို့ ရပါတယ်နော်။ ဗီဒီယိုလေးကိုတော့ အောက်မှာ ကြည့်ပြီး ခွီလိုက်ကြပါဦး။

Dikirim oleh Nyi Nyi Maung pada Minggu, 09 Desember 2018

Dikirim oleh Nyi Nyi Maung pada Minggu, 09 Desember 2018