ယောက်ျားတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်တာ ဆိုင်ကယ်ဆိုတဲ့ ဇော်ဝင်းထွဋ်

0
42

တစ်နိုင်ငံလုံးက ပရိသတ်တွေဝိုင်းချစ်ရတဲ့ အဆိုတော်ကြီးဖြစ်သလို တစ်ခေတ်တစ်ခါက လူငယ်လူရွယ်တွေရဲ့ Hero ကြီးဖြစ်ခဲ့တဲ့ အဆိုတော်ကြီးဇော်ဝင်းထွဋ်ဟာ ဂီတကို အရူးအမူးဝါသနာပါသလို ဆိုင်ကယ်စီးရတာကိုလည်း ရူးသွပ်စွဲလန်းခဲ့တဲ့ သူပါ။ ဇော်ဝင်းထွဋ်ဟာလည်း ငယ်စဉ်က ဆိုင်ကယ်တဝီဝီနဲ့ ကောင်မလေးတွေရဲ့အသည်းစွဲ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးဖြစ်ခဲ့မှာအမှန်ပါပဲ။ ဆိုင်ကယ်လှလှကြီးတွေနဲ့တွဲပြီး ဓာတ်ပုံရိုက်ထားတာတွေခဏခဏမြင်ရတဲ့ ဇော်ဝင်းထွဋ်က လူငယ်တွေအတွက် ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်စရာတွေနဲ့ ဆိုင်ကယ်နဲ့ပတ်သက်တဲ့ ခံစားချက်တွေကို ပြောပြသွားပါတယ်။

ဇော်ဝင်းထွဋ်က ဆိုင်ကယ်စီးတယ်ဆိုတာ အဓိပ္ပါယ်တွေအများကြီးရှိကြောင်းနဲ့ ဆိုင်ကယ်ဆိုရာတွေ့ရာမြင်ရာတက်ခွရတာမဟုတ်ကြောင်းကို “တဖြည်းဖြည်းနဲ့ ကျွန်တော်တို့က ပညာပေးချင်တာက ဆိုင်ကယ်ဆိုတာ တက်ခွပြီးလမ်းပေါ်မှာလျှောက်စီးနေရတဲ့ဟာမျိုးတော့မဟုတ်ဘူး။ ဆိုင်ကယ်စီးတယ်ဆိုတာ အဓိပ္ပါယ်ရှိရှိစီးတာပေါ့။ အဲဒါမျိုးလေးပေါ့”လို့ ပြောပြထားပါတယ်။

ဆိုင်ကယ်ဆိုတာ ယောက်ျားတစ်ယောက်ရဲ့ လိုအင်တွေအားလုံး ဖြည့်ပေးနိုင်တဲ့အရာမျိုးဖြစ်ကြောင်းနဲ့ ဆိုင်ကယ်စီးခြင်းရဲ့နောက်ကွယ်က အဓိပ္ပါယ်တွေကို “ဆိုင်ကယ်ဆိုတာ တွေ့သမျှ တက်ခွရတဲ့ဟာမျိုးမဟုတ်ဘူးလေ။ ယောက်ျားတစ်ယောက်ရဲ့ ဆန္ဒတွေအကုန်ဖြည့်ပေးနိုင်တာက မော်တော်ဆိုင်ကယ်ပဲ။ ဘာကြောင့်လဲဆိုတော့ လူငယ်လူရွယ်ဖြစ်လာရင် လူတွေက စွန့်စားချင်တယ်လေ။နောက်တစ်ခုက Hype ဖြစ်ချင်တယ်။ ဒါကြောင့်လဲ မူးယစ်ဆေးဝါးတွေမျိုးစုံလျှောက်သုံးတာ။ စွန့်စားချင်တယ်။ ဟိုက်ပ်ဖြစ်ချင်တယ်။ free ဖြစ်ချင်တယ် ကိုယ့်တာဝန်ကိုယ်ယူပြီးတော့ ကိုယ်ဖြစ်ကိုယ်ခံဆိုတာမျိုးဖြစ်ချင်တယ်။ အဲဒီအချက်တွေအကုန်လုံးက ဆိုင်ကယ်မှာသွားပြီးပြည့်စုံနေတယ်။ ကျွန်တော်ပြောတာ ဟိုက်ချင်ရင်ဆေးမချနဲ့ ဆိုင်ကယ်စီး ပိုတောင်ဟိုက်သေးတယ်လို့”ဆိုပြီး ပြုံးစစနဲ့ပြောထားပါတယ်။

Facebook ပေါ်မှာ သီချင်းတွေတင်ပြီး နေ့ချင်းညချင်းနာမည်ကြီးလာတဲ့အဆိုတော်ပေါက်စတွေအပေါ်အမြင်ကိုလည်း ဇော်ဝင်းထွဋ်က “အခု Facebook တွေပေါ်လာတော့ သူတို့နာမည်ကြီးလာကြတယ်။ကောင်းတာပေါ့။ ဒါကို အခွင့်ကောင်းယူပြီး ကိုယ့်အရည်အချင်းကိုပြနိုင်ရင်တော့ အဲဒီလူကိုကျွန်တော်တို့ကြိုဆိုရမှာပေါ့။ ဒါပေမယ့် အရည်အချင်းမရှိပဲနာမည်ကြီးချင်ရင်တော့ အဲဒီလူနဲ့ကျွန်တော်တို့နဲ့မဆိုင်ဘူး”လို့ ငါးသလောက်ပြုံးလေးပြုံးရင်းဖြေကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဇော်ဝင်းထွဋ်ကိုချစ်ကြလား။ ဇော်ဝင်းထွဋ်ရဲ့သီချင်းတွေထဲမှာဘယ်သီချင်းကိုအကြိုက်ဆုံးလဲ။ ဇော်ဝင်းထွဋ်ရဲ့ သီချင်းအသစ်တွေထွက်လာရင်ရော အားပေးကြမှာလားပြောခဲ့ကြပါဦး။

Can’t Wait To Say

LEAVE A REPLY

Please enter your comment!
Please enter your name here