ယောက်ျားလေးတွေ အကြိုက်ဆုံး ဖြစ်မယ့် ဆွဲဆောင်မှုအရှိဆုံး လက်ဆောင်များ

0
63

လက်ဆောင်ပေးခြင်းဆိုတဲ့ သဘောကတော့ ကမ္ဘာပေါ်မှာတယောက်နဲ့ တယောက်ပိုပြီးတော့ ရင်းနှီးစေတဲ့ သင်္ကေတဆိုလည်း မမှားပါဘူး။ လူတဦးနဲ့တဦး ပိုပြီးရင်းနှီးဖို့အတွက် လက်ဆောင်တွေပေးကြသလို၊ အမှတ်တရရှိစေဖို့လည်း လက်ဆောင်တွေ ပေးကြပါတယ်။ လက်ဆောင်ဆိုတာကတော့ ချစ်သူရည်စားတွေကြားမှာ အရေးကြီးတဲ့အရာဆိုလည်း မမှားပါဘူး။ တယောက်ကိုတယောက် ချစ်သက်သေအဖြစ် အမှတ်တရလက်ဆောင်တွေ ပေးကြသလို အသုံးလိုတဲ့ လက်ဆောင်တွေလည်း ပေးလေ့ရှိပါတယ်။ မိသားစုကြားထဲမှာလည်း သံယောဇဉ်တွေ ပိုပြီးတော့ တိုးလာဖို့ အမှတ်တရဖြစ်ဖို့အတွက် လက်ဆောင်တွေ ပေးလေ့ရှိပါတယ်။ လက်ဆောင်ဆိုတာကလည်း အသုံးပြုတဲ့သူအပေါ်မှာ မူတည်ပြီး တန်ဖိုး ပိုကြီးနိုင်သလို တန်ဖိုးလည်း ပိုရှိနိုင်ပါတယ်။ လက်ဆောင်ပစ္စည်းပေးရာမှာလည်း တခါတလေမှာတော့ တန်ဖိုးနဲ့ မသက်ဆိုင်ပါဘူး။ ကိုယ်ပေးလိုက်တဲ့သူအဖို့ အသုံးဝင်ပြီး အမှတ်တရဖြစ်ဖို့သာ ပိုအရေးကြီးပါတယ်။ ဒါကြောင့်ပြောချင်လွန်းလို့ ပေ့ခ်ျက ဒီတခေါက်မှာ ဖော်ပြပေးချင်တာကတော့ ယောကျာ်းလေးတွေကို လက်ဆောင်ပေးရန် အသင့်တော်ဆုံးနဲ့ အကောင်းဆုံး ပစ္စည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁.မုတ်ဆိတ်ရိတ်စက်

ယောကျာ်းလေးတိုင်းကတော့ မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွေးရိတ်ရတာကတော့ အမျိုးသမီးတွေထက်ပိုတဲ့ အလုပ်တခုပါပဲ။ နေ့တိုင်းလိုလိုရှည်တတ်တဲ့ မုတ်ဆိတ်မွေးနဲ့ နှုတ်ခမ်းမွေးတွေကို ရိတ်ဖို့အတွက် မုတ်ဆိတ်ရိတ်စက်နဲ့ ဆက်စပ်ပစ္စည်းတွေလိုပါတယ်။ ခရီးသွားရင်လည်း ယောကျာ်းလေးတွေအတွက် မပါမဖြစ်ကတော့ မုတ်ဆိတ်ရိတ်တဲ့စက်ပါပဲ။ ဒါကြောင့် မုတ်ဆိတ်ရိတ်စက်ကလည်း ယောကျာ်းလေးတွေ သဘောကျတဲ့ ပစ္စည်းပါပဲ။

၂.အတွင်းခံ အဝတ်အထည်များ

ယောကျာ်းလေးတွေအတွက်ကတော့ အကျီင်္ထူနဲ့ စတိုင်ဘောင်းဘီတွေဟာ ပိုပြီးတော့ စမတ်ကျပေမယ့်လည်း အတွင်းခံအဝတ်အထည်တွေကိုတော့ မေ့ထားလို့ မရပါဘူး။ သက်တောင့်သက်သာရှိပြီး အဆင့်မြင့်တဲ့ အတွင်းခံ၊ ဘောင်းဘီတို၊ လက်တိုအကျီင်္နဲ့ ခြေအိတ်တွေကလည်း အမျိုးသားတွေ နှစ်သက်တဲ့ လက်ဆောင်မျိုးပါပဲ။

၃.နာရီ

စမတ်ကျတဲ့ ယောကျာ်းလေးတယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာကတော့ လက်ပတ်နာရီပါပဲ။ နာရီကောင်းကောင်းတစ်လုံးကတော့ အမျိုးသားတွေအတွက် အဝတ်ထည်မရွေးလိုက်ဖက်လှပါတယ်။ သင်သာသင့်ကောင်လေးကို နာရီကောင်းကောင်း တစ်လုံးလောက် လက်ဆောင်ပေးလိုက်ရင်တော့ တကယ်ကို ကျေးဇူးတင်နေပါလိမ့်မယ်။

၎.ကျောပိုးအိတ်

ယောကျာ်းလေးတွေက မိန်းကလေးတွေနဲ့ ယှဉ်ရင် ပေါ့ပေါ့ပါးပါး လွယ်အိတ်တလုံးနဲ့ အလုပ်သွားတတ်ကြပြီး ကျောင်းသွားလျှင်လည်း လွယ်အိတ်တလုံးနဲ့ သွားတတ်ကြပါတယ်။ ဒါကြောင့် ယောကျာ်းလေးတွေ နောက်ထပ် ကြိုက်နှစ်သက်တဲ့ ပစ္စည်းကတော့ လွယ်အိတ်ပဲ ဖြစ်ပါတယ်။

၅.အပြင်သွား ဝတ်စုံ

ယောကျာ်းလေးတယောက်အတွက် အရေးကြီးဆုံးတစ်ချက်ကတော့ အဝတ်အစား ဝတ်ဆင်ပုံပါပဲ။ ယောကျာ်းတယောက်ရဲ့ ဝတ်ပုံစားပုံကိုလိုက်ပြီး အများကြီး ပြောင်းလဲနိုင်ပါတယ်။ သင်သာ သင်တို့ကောင်လေးကို စမတ်ကျကျမြင်ချင်တယ်ဆိုရင်တော့ အပြင်သွား ဝတ်စုံတွေ များများဝယ်ပေးနိုင်ပါတယ်။

၆.ဝီစကီ

ယောကျာ်းလေး ၁၀၀ ရာခိုင်နှုန်းနီးပါးကတော့ အသောက်အစားနဲ့ မကင်းကြပါဘူး။ တချို့ကတော့ ကြိုက်လို့သောက်သလို၊ တချို့ကတော့ လူမှုရေးအရ သောက်ရတာရှိပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုယောကျာ်းလေးမဆို လှပတဲ့ဖန်ပုလင်းလေးနဲ့ ထည့်ထားတဲ့ အကောင်းစား ဝီစကီကို လက်ဆောင်ပေးမယ်ဆိုရင်တော့ မိန်းကလေးတွေအနေနဲ့ သင်တို့ကောင်လေးအချစ်ကို ပိုရလိမ့်မယ်လို့ ထင်ပါတယ်။

၇.ဖိနပ်

ယောကျာ်းလေးတော်တော်များများ ရူးသွပ်တဲ့ထဲမှာ ပါဝင်တဲ့ အသုံးအဆောင်တခုကတော့ ဖိနပ်ပဲ ဖြစ်ပါတယ်။ ဖက်ရှင်ကျကျနေတတ်တဲ့ ယောကျာ်းတော်တော်များများကတော့ ဖိနပ်တွေ စုဆောင်းတတ်ကြပြီး သဘောကျနှစ်ခြိုက်တတ်ကြပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ပဲ ဖြစ်ဖြစ်၊ အပြင်သွားဖို့ပဲ ဖြစ်ဖြစ် ယောကျာ်းလေးတွေအဖို့ Sneaker လက်ဆောင် ပေးတာက တကယ်ကောင်းပါတယ်။

၈.Leather အိတ်

ယောကျာ်းလေးတွေအနေနဲ့ ခရီးသွားတဲ့အချိန်မှာတော့ အကျီင်္တွေ အများကြီးယူသွားလေ့မရှိပါဘူး။ ဒါကြောင့် ယောကျာ်းလေးတွေအနေနဲ့ ခရီးသွားတဲ့အချိန်မှာတော့ သင့်တော်တဲ့အရွယ်စားနဲ့ အိတ်တလုံးလောက်လိုပါတယ်။ ဒါကြောင့် ယောကျာ်းလေးတွေအနေနဲ့ စမတ်ကျလောက်တဲ့ Leather အိတ်တွေကိုလည်း ကြိုက်နှစ်သက်ပါတယ်။