ယောဂမြတ်နိုးတဲ့ချစ်သူနှစ်ဦးရဲ့ အံ့ဖွယ်ထူးခြားဆန်းပြားဓာတ်ပုံများ

0
135

ချစ်သူတွေဟာ အချစ်ချင်းတူညီတဲ့အခါ ဘဝကြီးကတကယ့်ကိုပျော်စရာပါ။ တစ်စုံတစ်ခုကိုကိုယ်နဲ့ထပ်တူရူးသွပ်စွဲလန်းတဲ့ ချစ်သူမျိုးနဲ့တွေ့ဖို့ဆိုတာကလည်း တကယ့်ကိုဖြစ်တောင့်ဖြစ်ခဲအရာပဲမဟုတ်လား။ အမေရိကန်နိုင်ငံ Texas ပြည်နယ်က Hannah Gypsyon နဲ့ Pablo Frost ဆိုသူ စုံတွဲလေးကတော့ တကယ့်ကိုကံကောင်းသူတွေပါပဲ။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးတာချင်းပဲတူတာမဟုတ်ပါဘူး။ အသက်နှစ်ဆယ့်ကိုးနှစ်ဆိုတာချင်းလည်းတူကြပါတယ်။ ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ ယောဂလေ့လာလိုက်စားသူဖြစ်တာချင်းလည်းတူကြပြန်ပါတယ်။

သူတို့စုံတွဲလေးက ခရီးသွားရတာကိုလည်းဝါသနာထုံသူတွေဖြစ်ပါတယ်။ သူတို့မှာ သူတို့နှစ်ဦးစလုံးကချစ်တဲ့ ခွေးလေးတစ်ကောင်လည်းရှိပါတယ်။ သူတို့နှစ်ယောက်ကတွဲလာတာ တစ်နှစ်ခွဲသာရှိပါသေးတယ်တဲ့။ တစ်နှစ်ခွဲသာရှိသေးတဲ့အချိန်မှာသူတို့ရဲ့အချစ်ကြိုးတွေကတော့ တကယ့်ကိုခိုင်ခိုင်မြဲနေခဲ့ပါပြီ။ Hannah တို့ချစ်သူစုံတွဲလေးက ယောဂကျင့်ရတာကို ဝါသနာကြီးကြသူတွေပီပီ ခရီးတွေသွားပြီးခရီးတွေမှာ သက်စွန့်ဆံဖျားယောဂလေ့ကျင့်ကြတဲ့ဓာတ်ပုံတွေကို နှစ်ယောက်စလုံးရဲ့ Instagram မှာတင်လေ့ရှိကြပါတယ်။

သူတို့ဓာတ်ပုံတွေဟာခဏတွင်းချင်းမှာပဲ တစ်ကမ္ဘာလုံးကိုပျံ့နှံ့သွားခဲ့ပြီး ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေဟာ သူတို့နှစ်ယောက်ရဲ့ ရင်သပ်ရှု့မောဖွယ်ဓာတ်ပုံတွေ၊ဗီဒီယိုတွေကို တခဲနက်အားပေးခဲ့ကြသလို နှစ်ယောက်စလုံးရဲ့ Instagram account တွေဟာလည်း Follower ပေါင်း ခြောက်သိန်းကျော်လာခဲ့ကြပါတယ်။ ဓာတ်ပုံတွေက များသောအားဖြင့် Hannah ကို Pablo က ချီမြှောက်ထားတဲ့ပုံတွေဖြစ်ပြီး နှစ်ယောက်သား တက်ညီလက်ညီနဲ့ယောဂကျင့်ရင်းပျော်ရွှင်နေတဲ့ပုံတွေလည်းပါဝင်ပါတယ်။ ယောဂလိုကျန်းမာရေးအလေ့အထတစ်ခုကိုလိုက်စားတဲ့ စုံတွဲလေးဖြစ်တာကြောင့်နှစ်ယောက်စလုံးက ကျန်းမာသန်စွမ်းပြီး ခန္ဓာကိုယ်လှပကြတာကလည်း အားကျစရာပါ။

ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်သူတို့နှစ်ဦးရဲ့ ဓာတ်ပုံတွေကို ကိုယ်တိုင်ရှု့စားရအောင်ဖော်ပြပေးလိုက်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးမှာရော ဒီလို ဝါသနာတူတဲ့ ချစ်သူလေးရှိပြီလား။ ရှိရင် Mention ခေါ်ပြီးပြခဲ့ကြဦးနော်။

Can’t Wait To Say

Unicode





Can’t Wait To Say