ေယာင္လို႔ေတာင္ ခ်န္မထားခဲ့သင့္တဲ့ ကိုရီးယား ဒရာမာ ဇာတ္လမ္းတြဲ (၅) ခု

ေတာင္ကိုရီးယား ဇာတ္လမ္းတြဲေတြကေတာ့ အခ်စ္၊ အမုန္း၊ ရယ္စရာ ၊ ငိုစရာ ရသမ်ိဴးစံုေပးႏိုင္သလို ရိုဆန္လြန္းတဲ့ ဇာတ္လမ္းတြဲက်ျပန္ေတာ့ ထိုင္ၾကည့္ဖို႔ အခ်ိန္မေပးႏိုင္ေလာက္ေအာင္ ျဖစ္ရပါတယ္။ ေပၚသမွ် ဇာတ္လမ္းတြဲတိုင္းကို ထိုင္ၾကည့္ေနဖို႔ကလည္း အခ်ိန္မေပးႏိုင္ေတာ့ တစ္ခါတစ္ေလ မၾကည့္ဘဲ ခ်န္ထားခဲ့တဲ့ ဇာတ္လမ္းတြဲေတြလည္း ရွိေလာက္ပါတယ္။ ဆိုေတာ့ကား မၾကည့္ျဖစ္ေတာ့ဘူးဆိုျပီး ခ်န္မထားခဲ့သင့္တဲ့ ကိုရီးယား ဒရာမာ ဇာတ္လမ္းတြဲ (၅) ခုကို မိတ္ဆက္ေပးခ်င္ပါတယ္။

ကၽြန္ေတာ့္ရဲ႕ ေပ်ာ္ရႊင္ျခင္းေလး (Devilish Joy)



ေဒါင္ေကာင္းေကာင္း အသံၾသဇာေကာင္းေကာင္း မင္းသား Choi Jin Hyuk နဲ႔ ရင္ခြင္မွီ အရပ္ပိုင္ရွင္ မင္းသမီးေလး Song Ha Yoon တို႔ရဲ႕ အခ်စ္ဇာတ္လမ္းေလးပါ။ ကားအက္စီးဒင့္ျဖစ္ျပီး မွတ္ဥာဏ္ေတြ ေပ်ာက္ဆံုးသားခဲ့တာေၾကာင့္ တစ္ေန႔တာ ျဖစ္ပ်က္သမွ်ေတြကို ေနာက္တစ္ေန႔ေရာက္ရင္ မွတ္တမ္းျပန္လွန္ၾကည့္ေနရတဲ့ ဦးေႏွာက္နဲ႔ အာရံုေၾကာဆိုင္ရာ ဆရာဝန္ေလး နဲ႔ တစ္ေခတ္တစ္ခါ ေအာင္ျမင္ေက်ာ္ၾကားတဲ့ မင္းသမီးေလးတို့ၾကားမွာ ဘယ္လိုအလြဲေလးေတြ ရွိမွာလဲ။ ဇာတ္ပို႔ေတြကလည္း တစ္ကားလံုးကို ပြဲက်ေနေအာင္ ဘယ္လို ပံ့ပိုးေပးထားလဲ ဆိုတာကေတာ့ ဒီဇာတ္လမ္းတြဲမွာ ရႈစားပါ။

Strangest Deliveryman




ဒီကားေလးကေတာ့ ၂၀၁၇ က ထြက္ရွိထားတဲ့ ကားေကာင္းေလးပါ။ မင္းသမီးေလး Chae Soo Bin ကေတာ့ ပရိသတ္ေတြ အသဲေက်ာ္ ျဖစ္ေပမဲ့ ေခါင္းေဆာင္မင္းသားကိုေတာ့ ထင္သေလာက္ လူၾကိဳက္မမ်ားခဲ့ပါဘူး။ ပစၥည္းပို႔သမားေလး တစ္ေယာက္က ဘဝအတြက္ ရုန္းကန္ရင္း သူေဌးသားေတြနဲ ပတ္သက္ မႈတစ္ခု ျဖစ္သြားတဲ့အခ်ိန္မွာ သူတို႔ၾကား ဘယ္လို ျပသနာေတြ ျငိလာမွာလဲ။ ပဲေခါက္ဆြဲပို႔သမား ဘဝကေန ပစၥည္းပို႔ေဆာင္ေရး ကုမၸဏီရဲ႔ စီအီးအို ျဖစ္လာခ်ိန္မွာ ဘာေတြ ဆက္ျဖစ္မလဲဆိုတာကေတာ့ ဒီကားမွာ ၾကည့္ရႈရမွာပါ။

Familiar wife



ဒိတ္ဒိတ္ၾကဲ မင္းသား ဂ်ီဆန္းနဲ႔ မင္းသမီး ဟန္ဂ်ီမင္းတို႔ရဲ႕ ဇာတ္လမ္းတြဲက ခ်န္ထားခဲ့ဖို႔ လံုးဝ မျဖစ္တဲ့အထဲမွာ ပါပါတယ္။ ဒီထဲမွာ ထူးျခားတဲ့ အခ်က္က မင္းသမီးကို စရိုက္ (၃) မ်ိဳးနဲ႔ ေတြ႕ရမွာပဲ ျဖစ္ပါတယ္။ အခ်စ္ကို ကိုးကြယ္တဲ့ ဆယ္ေက်ာ္သက္ ေကာင္မေလး ဘဝကေန အိမ္ေထာင္က်ျပီး လင္ေယာက်္ားေပၚ အႏိုင္ယူတတ္တဲ့ အိမ္ရွင္မ ၊ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ႏိုင္တဲ့ အလုပ္အကိုင္နဲ႔ မိန္းမတစ္ေယာက္အျဖစ္ ျမင္ေတြ႕ရမွာပါ။ အထူးသျဖင့္ ဇနီးေမာင္ႏွံေတြ အၾကိဳက္ေတြ႔မယ့္ ဇာတ္လမ္းမ်ိဳးလည္း ျဖစ္ပါတယ္။

My Strange Hero

ဒီကားထဲမွာေတာ့ ေသြးေအးေအးနဲ႔ စိတၱဇဆန္ဆန္ သရုပ္ေဆာင္တတ္တဲ့ ယူဆန္းဟိုကို လက္စားေခ်စိတ္ျပင္းတဲ့ အထက္တန္းေက်ာင္းသားဘဝကေန စျပီး ျမင္ေတြ႕ရမွာပါ။ အထက္တန္းေက်ာင္းမွာ ျပသနာတစ္ခုနဲ႔ မွားယြင္းစြပ္စြဲခံရတဲ့အတြက္ ေက်ာင္းထြက္ခဲ့ရျပီး လက္စားေခ်ခ်င္စိတ္ေတြ ျပင္းျပေနသူ ျဖစ္ပါတယ္။ ကလဲစားေခ်ႏိုင္ဖို႔ ေက်ာင္းကို ဆရာတစ္ေယာက္အျဖစ္ ျပန္လည္ေရာက္ရွိသြားခ်ိန္မွာေတာ့ ဘာေတြ ဆက္ျဖစ္မွာလဲ။ မင္းသမီးနဲ႔ မင္းသားတို႔ရဲ႕ ပတ္သက္မႈက ဒီထဲမွာ ဘာေတြ ျဖစ္မလဲ ဆိုတာကေတာ့ ေစာင့္စားၾကည့္ရႈရမွာပါ။

You Drive Me Crazy

အပိုင္းေလးပိုင္းထဲပါတဲ့ မီနီဒရာမာေလး ျဖစ္ပါတယ္။ ျပင္သစ္စကားျပန္မေလး လီယိုေယာင္းနဲ႔ ပန္းခ်ီဆရာ ကင္ဆြန္းဟုိတို႔က (၈) ႏွစ္တိုင္ သူငယ္ခ်င္းအျဖစ္နဲ႔ ေနခဲ့ၾကေပမဲ့ တစ္ညတာ တူတူအိပ္ခဲ့ၾကျပီးေနာက္ပိုင္းမွာေတာ့ ဆက္ဆံေရးေတြ ဘယ္လို ေျပာင္းလဲသြားမလဲဆိုတာကို ၾကည့္ရႈရမယ့္ ဇာတ္လမ္းေလး ျဖစ္ပါတယ္။ အပိုင္းက ေလးပိုင္းထဲဆိုေတာ့ ထိထိမိမိနဲ႔ ဘယ္လိုမ်ား ရိုက္ကူးျပသြားမလဲ ဆိုတာေလးကိုလည္း ရႈစားရမွာပါ။

သီတင္းကၽြတ္ပိတ္ရက္မွာ အခုေျပာျပတဲ့ ရုပ္ရွင္ေလးေတြကို တဝၾကီး ခံစားၾကည့္ရႈႏိုင္ပါေစ။

Unicode

တောင်ကိုရီးယား ဇာတ်လမ်းတွဲတွေကတော့ အချစ်၊ အမုန်း၊ ရယ်စရာ ၊ ငိုစရာ ရသမျိူးစုံပေးနိုင်သလို ရိုဆန်လွန်းတဲ့ ဇာတ်လမ်းတွဲကျပြန်တော့ ထိုင်ကြည့်ဖို့ အချိန်မပေးနိုင်လောက်အောင် ဖြစ်ရပါတယ်။ ပေါ်သမျှ ဇာတ်လမ်းတွဲတိုင်းကို ထိုင်ကြည့်နေဖို့ကလည်း အချိန်မပေးနိုင်တော့ တစ်ခါတစ်လေ မကြည့်ဘဲ ချန်ထားခဲ့တဲ့ ဇာတ်လမ်းတွဲတွေလည်း ရှိလောက်ပါတယ်။ ဆိုတော့ကား မကြည့်ဖြစ်တော့ဘူးဆိုပြီး ချန်မထားခဲ့သင့်တဲ့ ကိုရီးယား ဒရာမာ ဇာတ်လမ်းတွဲ (၅) ခုကို မိတ်ဆက်ပေးချင်ပါတယ်။

ကျွန်တော့်ရဲ့ ပျော်ရွှင်ခြင်းလေး (Devilish Joy)

ဒေါင်ကောင်းကောင်း အသံသြဇာကောင်းကောင်း မင်းသား Choi Jin Hyuk နဲ့ ရင်ခွင်မှီ အရပ်ပိုင်ရှင် မင်းသမီးလေး Song Ha Yoon တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ ကားအက်စီးဒင့်ဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးသားခဲ့တာကြောင့် တစ်နေ့တာ ဖြစ်ပျက်သမျှတွေကို နောက်တစ်နေ့ရောက်ရင် မှတ်တမ်းပြန်လှန်ကြည့်နေရတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ဆရာဝန်လေး နဲ့ တစ်ခေတ်တစ်ခါ အောင်မြင်ကျော်ကြားတဲ့ မင်းသမီးလေးတို့ကြားမှာ ဘယ်လိုအလွဲလေးတွေ ရှိမှာလဲ။ ဇာတ်ပို့တွေကလည်း တစ်ကားလုံးကို ပွဲကျနေအောင် ဘယ်လို ပံ့ပိုးပေးထားလဲ ဆိုတာကတော့ ဒီဇာတ်လမ်းတွဲမှာ ရှုစားပါ။

Strangest Deliveryman

ဒီကားလေးကတော့ ၂၀၁၇ က ထွက်ရှိထားတဲ့ ကားကောင်းလေးပါ။ မင်းသမီးလေး Chae Soo Bin ကတော့ ပရိသတ်တွေ အသဲကျော် ဖြစ်ပေမဲ့ ခေါင်းဆောင်မင်းသားကိုတော့ ထင်သလောက် လူကြိုက်မများခဲ့ပါဘူး။ ပစ္စည်းပို့သမားလေး တစ်ယောက်က ဘဝအတွက် ရုန်းကန်ရင်း သူဌေးသားတွေနဲ ပတ်သက် မှုတစ်ခု ဖြစ်သွားတဲ့အချိန်မှာ သူတို့ကြား ဘယ်လို ပြသနာတွေ ငြိလာမှာလဲ။ ပဲခေါက်ဆွဲပို့သမား ဘဝကနေ ပစ္စည်းပို့ဆောင်ရေး ကုမ္ပဏီရဲ့ စီအီးအို ဖြစ်လာချိန်မှာ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကတော့ ဒီကားမှာ ကြည့်ရှုရမှာပါ။

Familiar wife

ဒိတ်ဒိတ်ကြဲ မင်းသား ဂျီဆန်းနဲ့ မင်းသမီး ဟန်ဂျီမင်းတို့ရဲ့ ဇာတ်လမ်းတွဲက ချန်ထားခဲ့ဖို့ လုံးဝ မဖြစ်တဲ့အထဲမှာ ပါပါတယ်။ ဒီထဲမှာ ထူးခြားတဲ့ အချက်က မင်းသမီးကို စရိုက် (၃) မျိုးနဲ့ တွေ့ရမှာပဲ ဖြစ်ပါတယ်။ အချစ်ကို ကိုးကွယ်တဲ့ ဆယ်ကျော်သက် ကောင်မလေး ဘဝကနေ အိမ်ထောင်ကျပြီး လင်ယောကျ်ားပေါ် အနိုင်ယူတတ်တဲ့ အိမ်ရှင်မ ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အလုပ်အကိုင်နဲ့ မိန်းမတစ်ယောက်အဖြစ် မြင်တွေ့ရမှာပါ။ အထူးသဖြင့် ဇနီးမောင်နှံတွေ အကြိုက်တွေ့မယ့် ဇာတ်လမ်းမျိုးလည်း ဖြစ်ပါတယ်။

My Strange Hero

ဒီကားထဲမှာတော့ သွေးအေးအေးနဲ့ စိတ္တဇဆန်ဆန် သရုပ်ဆောင်တတ်တဲ့ ယူဆန်းဟိုကို လက်စားချေစိတ်ပြင်းတဲ့ အထက်တန်းကျောင်းသားဘဝကနေ စပြီး မြင်တွေ့ရမှာပါ။ အထက်တန်းကျောင်းမှာ ပြသနာတစ်ခုနဲ့ မှားယွင်းစွပ်စွဲခံရတဲ့အတွက် ကျောင်းထွက်ခဲ့ရပြီး လက်စားချေချင်စိတ်တွေ ပြင်းပြနေသူ ဖြစ်ပါတယ်။ ကလဲစားချေနိုင်ဖို့ ကျောင်းကို ဆရာတစ်ယောက်အဖြစ် ပြန်လည်ရောက်ရှိသွားချိန်မှာတော့ ဘာတွေ ဆက်ဖြစ်မှာလဲ။ မင်းသမီးနဲ့ မင်းသားတို့ရဲ့ ပတ်သက်မှုက ဒီထဲမှာ ဘာတွေ ဖြစ်မလဲ ဆိုတာကတော့ စောင့်စားကြည့်ရှုရမှာပါ။

You Drive Me Crazy

အပိုင်းလေးပိုင်းထဲပါတဲ့ မီနီဒရာမာလေး ဖြစ်ပါတယ်။ ပြင်သစ်စကားပြန်မလေး လီယိုယောင်းနဲ့ ပန်းချီဆရာ ကင်ဆွန်းဟိုတို့က (၈) နှစ်တိုင် သူငယ်ချင်းအဖြစ်နဲ့ နေခဲ့ကြပေမဲ့ တစ်ညတာ တူတူအိပ်ခဲ့ကြပြီးနောက်ပိုင်းမှာတော့ ဆက်ဆံရေးတွေ ဘယ်လို ပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းလေး ဖြစ်ပါတယ်။ အပိုင်းက လေးပိုင်းထဲဆိုတော့ ထိထိမိမိနဲ့ ဘယ်လိုများ ရိုက်ကူးပြသွားမလဲ ဆိုတာလေးကိုလည်း ရှုစားရမှာပါ။

သီတင်းကျွတ်ပိတ်ရက်မှာ အခုပြောပြတဲ့ ရုပ်ရှင်လေးတွေကို တဝကြီး ခံစားကြည့်ရှုနိုင်ပါစေ။

Tags:

Leave a Reply