ေရေမႊးအမ်ဳိးအစားကို ဘယ္လိုခြဲျခားၾကမလဲ

ေရေမႊးဝယ္ေတာ့မယ္ဆုိရင္ လူေတြဟာ ပုလင္းကေန ထြက္လာတဲ့အနံ႔ကိုပဲ အဓိကထားၿပီး ဝယ္ယူတာ မ်ားပါတယ္။ ဒါေပမယ့္ ေရေမႊးရဲ႕ အမ်ဳိးအစားကို သတိမမူမိတာေၾကာင့္ ဝယ္ၿပီးအသုံးျပဳတဲ့အခါမွ စိတ္တုိင္းမက်တာေတြ ခဏခဏၾကဳံစျမဲပါ။ ဒါ့ေၾကာင့္ ေျပာခ်င္လြန္းလို႔ တုိ႔အတြက္ ေရေမႊးအမ်ဳိးအစားေတြနဲ႔ ကြာျခားခ်က္ေတြကို ေဖာ္ျပေပးပါရေစ။

Perfume



အေျခခံအက်ဆုံးေရေမႊးလို႔ လူသိထားတဲ့ Perfume ဟာ ေရွးယခင္ရာစုႏွစ္ေပါင္းမ်ားစြာထဲက ရွိခဲ့ၿပီး ယေန႔မွာ Perfume ေတြဟာ Essential Oil ပါဝင္မႈအမ်ားဆုံးျဖစ္ပါတယ္။ ၂၀% ကေန ၃၀% ထိ ပါဝင္တာေၾကာင့္ ပုိၾကာရွည္ခံစြဲျမဲၿပီး ခ်ဳိအီတဲ့ ရနံ႔ကိုထုတ္လုပ္ေပးႏုိင္တယ္။ အေရျပားေပၚမွာဆုိရင္ ၆ နာရီထိ ခံႏိုင္ၿပီး အဝတ္အစားေပၚမွာစြတ္ရင္ ၂၄ နာရီထိ ခံႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ေစ်းလည္းပိုႀကီးတတ္ၿပီး ေန႔တုိင္းသုံးစြဲဖုိ႔ အဆင္မေျပပါဘူး။

Eau de parfum




ေတာ္ေတာ္မ်ားမ်ားက Eau de Parfum ကို ပုံမွန္ေရေမႊး (Perfume) နဲ႔မွားတတ္ပါတယ္။ Eau ဆုိတဲ့ စကားလုံးဟာ ေရျဖင့္ လို႔အဓိပၸါယ္ရၿပီး Perfume ထက္ အေမႊးဆီပါဝင္မႈ ပိုနည္းပါတယ္။ သူကေတာ့ ၁၅% ကေန ၂၀% ထိ ပါဝင္ကာ အေရျပားေပၚမွာ ေလးနာရီေလာက္ထိ စြဲျမဲႏုိင္ပါတယ္။ ေန႔ဘက္ေတြမွာ စြဲျမဲသုံးလုိ႔လည္း ရတယ္။

Eau de toilette



Eau de Toilette ကိုေတာ့ ၁၄ ရာစုတုန္းက စတင္ထုတ္လုပ္ခဲ့ၿပီး “ေကာင္းကင္ဘုံမွ ေရစင္” လို႔လည္း ေခၚေဝၚတတ္ပါတယ္။ ယေန႔မွာေတာ့ ပိုေပါ့တဲ့အေမႊးနံ႔သာျဖစ္ၿပီး ၅% ကေန ၁၅% သာပါတဲ့အေမႊးဆီကို အယ္လ္ကိုေဟာနဲ႔ ေရာေႏွာေလ်ာ့ခ်ထားတာပါ။ သူကေတာ့ ၂ နာရီကေန ၃ နာရီေလာက္ထိခံၿပီး အနံ႔ယဥ္ယဥ္ေလး ေမႊးျမေစတဲ့အတြက္ ယေန႔မွာ အသုံးအမ်ားဆုံး ေရေမႊးအမ်ဳိးအစားတစ္ခုပါ။

Eau de cologne

ဒီအမ်ဳိးအစားကေတာ့ ေျမာက္အေမရိကမွာ ေယာက္်ားေတြအတြက္ အသုံးျပဳေလ့ရွိတဲ့ ေရေမႊးပါ။ ယေန႔မွာ Eau de Cologne အမ်ဳိးအစားေတြဟာ အလြန္ေပါ့ပါးလန္းဆန္းၿပီး သစ္သီးနံ႔နဲ႔ ဆင္တူတဲ့ ရနံ႔ပါဝင္တဲ့ ေရေမႊးျဖစ္ၿပီး ေရ သို႔မဟုတ္ အယ္လ္ကိုေဟာနဲ႔ စပ္ထားတဲ့ အေမႊးဆီ ၂% မွ ၄% ထိ ပါဝင္ပါတယ္။ ဒါ့ေၾကာင့္ ၂ နာရီေလာက္ပဲ ခံတတ္ၿပီး လူငယ္ေတြနဲ႔ ေယာက္်ားေလးေတြက ပိုႏွစ္သက္ၾကပါတယ္။

Eau fraiche

Eau Fraiche ဆုိတာ “Fresh Water” လို႔ အဓိပၸါယ္ရၿပီး အားလုံးထဲမွာ အေမႊးဆီပါဝင္မႈအနည္းဆုံးပါ။ ၁% မွ ၃% ခန္႔သာ ပါဝင္ေလ့ရွိပါတယ္။ ဒါေပမယ့္ ေရေမႊးစြတ္လို႔ စြတ္လာမွန္းမသိေစခ်င္ဘူး ဆုိရင္ေတာ့ သူက အေကာင္းဆုံးပါ။ အနံ႔ကလည္း ရႈပ္ေထြးမႈသိပ္မရွိဘဲ လန္းဆန္းေစပါတယ္။ ေစ်းလည္း ပိုခ်ဳိသာၿပီး တစ္နာရီဝန္းက်င္သာ စြဲျမဲေနတဲ့အတြက္ ဘယ္အခ်ိန္မဆုိ အသုံးျပဳႏုိင္ၿပီး အားကစားသမားေတြလည္း အသုံးျပဳပါတယ္။

Unicode

ရေမွှေးဝယ်တော့မယ်ဆိုရင် လူတွေဟာ ပုလင်းကနေ ထွက်လာတဲ့အနံ့ကိုပဲ အဓိကထားပြီး ဝယ်ယူတာ များပါတယ်။ ဒါပေမယ့် ရေမွှေးရဲ့ အမျိုးအစားကို သတိမမူမိတာကြောင့် ဝယ်ပြီးအသုံးပြုတဲ့အခါမှ စိတ်တိုင်းမကျတာတွေ ခဏခဏကြုံစမြဲပါ။ ဒါ့ကြောင့် ပြောချင်လွန်းလို့ တို့အတွက် ရေမွှေးအမျိုးအစားတွေနဲ့ ကွာခြားချက်တွေကို ဖော်ပြပေးပါရစေ။

Perfume

အခြေခံအကျဆုံးရေမွှေးလို့ လူသိထားတဲ့ Perfume ဟာ ရှေးယခင်ရာစုနှစ်ပေါင်းများစွာထဲက ရှိခဲ့ပြီး ယနေ့မှာ Perfume တွေဟာ Essential Oil ပါဝင်မှုအများဆုံးဖြစ်ပါတယ်။ ၂၀% ကနေ ၃၀% ထိ ပါဝင်တာကြောင့် ပိုကြာရှည်ခံစွဲမြဲပြီး ချိုအီတဲ့ ရနံ့ကိုထုတ်လုပ်ပေးနိုင်တယ်။ အရေပြားပေါ်မှာဆိုရင် ၆ နာရီထိ ခံနိုင်ပြီး အဝတ်အစားပေါ်မှာစွတ်ရင် ၂၄ နာရီထိ ခံနိုင်ပါတယ်။ ဒါ့ကြောင့် ဈေးလည်းပိုကြီးတတ်ပြီး နေ့တိုင်းသုံးစွဲဖို့ အဆင်မပြေပါဘူး။

Eau de parfum

တော်တော်များများက Eau de Parfum ကို ပုံမှန်ရေမွှေး (Perfume) နဲ့မှားတတ်ပါတယ်။ Eau ဆိုတဲ့ စကားလုံးဟာ ရေဖြင့် လို့အဓိပ္ပါယ်ရပြီး Perfume ထက် အမွှေးဆီပါဝင်မှု ပိုနည်းပါတယ်။ သူကတော့ ၁၅% ကနေ ၂၀% ထိ ပါဝင်ကာ အရေပြားပေါ်မှာ လေးနာရီလောက်ထိ စွဲမြဲနိုင်ပါတယ်။ နေ့ဘက်တွေမှာ စွဲမြဲသုံးလို့လည်း ရတယ်။

Eau de toilette

Eau de Toilette ကိုတော့ ၁၄ ရာစုတုန်းက စတင်ထုတ်လုပ်ခဲ့ပြီး “ကောင်းကင်ဘုံမှ ရေစင်” လို့လည်း ခေါ်ဝေါ်တတ်ပါတယ်။ ယနေ့မှာတော့ ပိုပေါ့တဲ့အမွှေးနံ့သာဖြစ်ပြီး ၅% ကနေ ၁၅% သာပါတဲ့အမွှေးဆီကို အယ်လ်ကိုဟောနဲ့ ရောနှောလျော့ချထားတာပါ။ သူကတော့ ၂ နာရီကနေ ၃ နာရီလောက်ထိခံပြီး အနံ့ယဉ်ယဉ်လေး မွှေးမြစေတဲ့အတွက် ယနေ့မှာ အသုံးအများဆုံး ရေမွှေးအမျိုးအစားတစ်ခုပါ။

Eau de cologne

ဒီအမျိုးအစားကတော့ မြောက်အမေရိကမှာ ယောက်ျားတွေအတွက် အသုံးပြုလေ့ရှိတဲ့ ရေမွှေးပါ။ ယနေ့မှာ Eau de Cologne အမျိုးအစားတွေဟာ အလွန်ပေါ့ပါးလန်းဆန်းပြီး သစ်သီးနံ့နဲ့ ဆင်တူတဲ့ ရနံ့ပါဝင်တဲ့ ရေမွှေးဖြစ်ပြီး ရေ သို့မဟုတ် အယ်လ်ကိုဟောနဲ့ စပ်ထားတဲ့ အမွှေးဆီ ၂% မှ ၄% ထိ ပါဝင်ပါတယ်။ ဒါ့ကြောင့် ၂ နာရီလောက်ပဲ ခံတတ်ပြီး လူငယ်တွေနဲ့ ယောက်ျားလေးတွေက ပိုနှစ်သက်ကြပါတယ်။

Eau fraiche

Eau Fraiche ဆိုတာ “Fresh Water” လို့ အဓိပ္ပါယ်ရပြီး အားလုံးထဲမှာ အမွှေးဆီပါဝင်မှုအနည်းဆုံးပါ။ ၁% မှ ၃% ခန့်သာ ပါဝင်လေ့ရှိပါတယ်။ ဒါပေမယ့် ရေမွှေးစွတ်လို့ စွတ်လာမှန်းမသိစေချင်ဘူး ဆိုရင်တော့ သူက အကောင်းဆုံးပါ။ အနံ့ကလည်း ရှုပ်ထွေးမှုသိပ်မရှိဘဲ လန်းဆန်းစေပါတယ်။ ဈေးလည်း ပိုချိုသာပြီး တစ်နာရီဝန်းကျင်သာ စွဲမြဲနေတဲ့အတွက် ဘယ်အချိန်မဆို အသုံးပြုနိုင်ပြီး အားကစားသမားတွေလည်း အသုံးပြုပါတယ်။