ရွေးချယ်မယ့် အိမ်ထောင်ဖက်ပုံစံကို ပြောပြတဲ့ လုလုအောင်

0
72

မြန်မာနိုင်ငံမှာ ပုထုစဉ်ယောက်ျားသားတို့ရဲ့ စိတ်ဝင်စားမှုကိုအမြင့်ဆုံးခံနေရသလို ညို့ချက်ပြင်းတဲ့ ကောက်ကြောင်းတွေကြောင့် အားပေးမှုအများအပြားရရှိထားတဲ့ Sexy Photo Model အဖြစ်လည်းရပ်တည်နေသူ အသက်၁၁နှစ်အရွယ်သမီးလေးတစ်ယောက်ရဲ့အမေအဖြစ်ရှိနေတဲ့ Single Mother လုလုအောင်ကတော့ အိမ်ထောင်ပြုရေးမပြုရေးက တစ်ယောက်တည်း မနေစေချင်တဲ့ သူတွေ များနေရင်တော့ အများသဘောပါပဲဆိုပြီး မီဒီယာအင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

လုလုအောင်က “ဖက်ရှင်ပုံစံကတော့ ပုံမှန်ကတော့ ဒီလိုဂါဝန်အရှည်ဝတ်တာပေါ့နော်။ ဒီတစ်ခါတော့ နည်းနည်းလေး ဆန်းတဲ့တစ်ကွက်ထည့်ထားတယ်။”လို့ United Vision ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်လာခဲ့တဲ့ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး ပြောပြသွားခဲ့ပါတယ်။

ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း လုလုအောင်က “ဝေဖန်ပေးတဲ့အတွက်က အကြိုက်အမျိုးမျိုးပေါ့နော်။ ကြိုက်တဲ့လူလည်းရှိတယ် မကြိုက်တဲ့လူလည်း ရှိတာပေါ့နော်။ အဲ့တာကတော့ အမြဲတမ်းရှိနေမှာမို့လို့ သူတို့ရဲ့ အမြင်တွေကိုလည်း ကိုက ပညာယူတယ်။ ဘယ်ဟာကိုတော့ မကြိုက်ဘူးဆိုရင် အဲ့တာကို နောက်တစ်ခေါက်ပြန်ပြင်တာပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

သမီးပညာရေးအတွက် ဘယ်လိုမျိုးတွေ ဖြစ်စေချင်တာလဲလို့ မေးမြန်းရာ “သမီးကိုတော့ ပုံမှန် သင်တန်းလေးတွေ ပို့တယ်သူ့ကျောင်းကိစ္စလေးတွေလုပ်တယ်။ သူကြည့်ချင်တဲ့ ကာတွန်းကားတွေဆိုရင် အမေကလည်း ကာတွန်းကား ကြိုက်တယ်ဆိုတော့သွားကြည့်ကြတယ်။ သမီးကိုကျတော့ ပညာရေးကို အရမ်းတတ်စေချင်တယ်။ အစ်မကျတော့ ပညာရေးမှာ သိပ်ပြီးတော့ မဟုတ်ဘူးလေ ဘွဲ့ရရုံလောက်ပဲ သူ့ကိုကျတော့ English တွေဘာတွေလည်း အရမ်းတတ်တဲ့ ကလေးဖြစ်စေချင်တယ်။”လို့ ပြောသွားခဲ့ပါတယ်။

သမီးလေးက မော်ဒယ်လ်လုပ်မယ်ဆိုရင်ရော ခွင့်ပြုမှာလားလို့ မေးမြန်းရာ “သူကတော့ ဖြစ်မှာမဟုတ်ဘူး သူက ယောက်ျားလေးစတိုင်တွေပဲ ဝတ်တယ်။ ရှပ်အင်္ကျီတို့နဲ့ပေါ့ အလှအပလည်း မကြိုက်ဘူးအခုထိပေါ့နော်။”လို့ ဖြေဆိုခဲ့ပါတယ်။

အိမ်ထောင်ပြုတာနဲ့ ပတ်သက်ပြီးတော့လည်း လုလုအောင်က “တစ်ယောက်ထဲ မနေစေချင်တဲ့လူများရင်တော့ အများရဲ့ သဘောပေါ့။ အခုကတော့ တစ်ယောက်ထဲပါပဲ။ ရွေးချယ်ရမယ်ဆိုရင် ဘယ်လိုပြောရမလဲ ကိုယ့်ကို မြတ်နိုးတန်ဖိုးထားတာပေါ့နော်။ ကိုယ့်ရဲ့ အားနည်းချက်ကိုလည်း ချစ်ပေးတဲ့ လူမျိုးဆိုရင်တော့ ကောင်းတာပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

နောက်ထပ်ဇာတ်ကားတွေ ရိုက်ဖြစ်ဖို့ရှိသေးလားလို့ မေးမြန်းရာ “ဇာတ်ကားတွေရိုက်ဖြစ်ဖို့ကတော့ မရှိတော့ဘူး အခုလိုမျိုး ပွဲလေးတွေတက်မယ် ကြော်ငြာလေးတွေ နည်းနည်းပါးပါးရိုက်မယ် ဒီလောက်ပါပဲ။ ပရိသတ်ကို အများကြီး ကျေးဇူးတင်တယ်လို့ အမြဲတမ်းလည်း အားပေးတဲ့အတွက် တကယ်အရမ်းအရမ်းကို ကျေးဇူးတင်တယ်လို့။”လို့ ပြောသွားခဲ့ပါတယ်။