ေရွာင္လင္သိုင္းအေၾကာင္းႏွင့္ ဘုန္းေတာ္ၾကီးမ်ား အေၾကာင္း

0
82

အိႏၵိယက ဗုဒၶဘာသာ ရဟန္းၾကီးျဖစ္တဲ့ Buddhabhara ဟာ တရုတ္ျပည္ကို ၾကြခဲ့ပါတယ္။သူ႕ကို တရုတ္မွာ Batuo လို႕ ေခၚျပီးေတာ့ သူဟာ တရုတ္ကို ေရာက္ရွိခ်ိန္မွာ ေအဒီ 464 ကျဖစ္ပါတယ္။ဒီအခ်ိန္ စစ္မက္ေတြရွိေနျပီး Northern Wei နဲ႕ Xiaowen အင္ပါယာတို႕ တိုက္ခိုက္ေနခ်ိန္ျဖစ္ပါတယ္။ဒီေတာ့ ရဟန္းၾကီး ထိုင္ရာ ေရွာင္လင္ေက်ာင္းက Xiaowen အတြက္ ကူတိုက္ေပးဖို႕ ကတိေပးျပီး ရဟန္းၾကီးက အတြင္းအားက်င့္စဥ္နဲ႕ ခႏၶာကိုယ္ဖြဲ႕စည္းမႈအေၾကာင္းကို သင္ေပးရင္း ဝင္တိုက္ရာ ႏိုင္ခဲ့ပါတယ္။ဒီကစျပီး ေရွာင္လင္သိုင္းက နာမည္ၾကီးလာကာ အတြင္းအားက်င့္စဥ္ကို ရဟန္းၾကီးက ဘုန္းၾကီးေတြကို ျပန္လည္သင္ၾကားလာပါတယ္။

ေရွာင္လင္ေက်ာင္းကေန ကြန္ဖူးက လာခဲ့တာမဟုတ္ပါဘူး။ေရွာင္လင္ဟာ ဘုန္းၾကီးေတြနဲ႕ ဘုန္းၾကီးေက်ာင္းအျပင္ ဘာသာေရးကို ကာကြယ္ဖို႕ အိႏၵိယ ရဟန္းၾကီးက သင္ၾကားခဲ့တာျဖစ္ပါတယ္။ကြန္ဖူးကေတာ့ သီးသန္႕ ထြက္ရွိတဲ့ သိုင္းျဖစ္ျပီး 12 ရာစုေရာက္မွ ႏွစ္ခုေပါင္းျပီး ပညာရပ္အသစ္ေပၚလာတာျဖစ္ပါတယ္။

ေရွာင္လင္ေက်ာင္းဟာ မူလအစကေတာ့ ဗုဒၶရဲ႕ လမ္းစဥ္အတိုင္း ျငိမ္းခ်မ္းရာကို ရွာေဖြပါတယ္။ေနာက္ပိုင္းေတာ့ ျပည္သူ႕အေရးကိစၥမွာ ဘုန္းၾကီးေတါက တခန္းတက`႑ာပါလာတာနဲ႕ ဘာသာေရးစစ္ပြဲေတြအရ ဘာသာေရးေခါင္းေဆာင္ေတြကို သတ္ျဖတ္ျခင္း ဘာသာေ၇းဆိုင္ရာ အေဆာက္အဦးနဲ႕ စာေပေတြ မီးရႈိ႕ဖ်က္ဆီးျခင္းေတြ လုပ္လာတဲ့အတြက္ ေရွာင္လင္က သိုင္းကိုပါ ဦးစားေပးလာရျခင္းျဖစ္ပါတယ္။

ေရွာင္လင္ရယ္လို႕ အင္အားေကာင္းလာခ်ိန္ကေတာ့ Wang Shichong လက္ထပ္ကျဖစ္ျပီး ေအဒီ 618 ခုႏွစ္ကျဖစ္ပါတယ္။သူဟာ Zheng လူမ်ိဳးေတြကို တိုက္ခ်ိန္ ေရွာင္လင္ကို အကူအညီယူခဲ့ကာ စစ္ကူေတာင္းျပီး တိုက္ခဲ့ပါတယ္။ဒီလို ယူျပီး တိုက္ပြဲကို အႏိုင္တိုက္လိုက္ျခင္းက ေရွာင္လင္အတြက္လဲ ပိုျပီး အင္အားေကာင္းလာေစပါတယ္။ဘုန္းၾကီးေတြလည္း ေနရာရလာခဲ့ပါတယ္။Li Yuang ဘုရင္လက္ထပ္မွာေတာ့ သူတို႕ဟာ ႏွစ္ဆပို ေနရာရလာခဲ့ပါတယ္။

ေရွာင္လင္ဘုန္းၾကီးေတြဟာ လက္ဖက္ေျခာက္ေကာင္းေကာင္းကို ေသာက္သံုးၾကပါတယ္။သူတို႕ဟာ လက္ဖက္ရည္နဲ႕ တည္ခင္း ဧည့္ခံေပးၾကျပီး သူတုိ႕ကိုယ္တုိင္လဲ တရားထိုင္ရာမွာ အိပ္မငိုက္ေအာင္ လက္ဖက္ရည္ကို ေသာက္သံုးၾကတယ္လို႕ ဆိုပါတယ္။ပံုျပင္တခုကေတာ့ နီေပါက မင္းသားတစ္ပါးဟာ တရားထိုင္ရာမွာ အရမ္းအိပ္ငိုက္လာလို႕ မ်က္ခြံကို လွီးထုတ္ျပီး လႊင့္ပစ္လိုက္ရာကေန လက္ဖက္ပင္ထေပါက္လာတယ္လို႕ ဆိုပါတယ္။ဒါကို စားရင္ အိပ္မငိုက္ဘူးလို႕ ဆိုၾကပါတယ္။

Tai Djin ဆိုတဲ့ အမ်ိဳးသားဟာ ေရာဂါတခုေၾကာင့္ သူ႕ခႏၶာကိုယ္တခုလံုး အေမႊးအမ်ွင္ေတြ ဖံုးလႊမ္းေနတာျဖစ္ပါတယ္။တကယ္ေတာ့ သူဟာ သူ႕ဘဝကို စိတ္ပ်က္ခဲ့ လူေတြက သူ႕ကို လူရာမသြင္းျခင္းခံခဲ့ရပါတယ္။သူဟာ ေရွာင္လင္ေက်ာင္းမွာ ခိုလႈံခဲ့ျပီးေတာ့ သိုင္းပညာကို ေလ့လာခဲ့ရာကေန သူ႕ကို အႏိုင္က်င့္ ရုိက္ႏွက္တဲ့သူကို ျပန္လည္ခုခံခဲ့ပါတယ္။ေနာက္ေတာ့ တရုတ္ျပည္ရဲ႕ ဖိုက္တာၾကီးျဖစ္ခဲ့ျပီး ထိတာနဲ႕ ေသတဲ့သူလို႕ နာမည္ၾကီးလာပါတယ္။

ဂ်ပန္ဟာ တရုတ္ကို လာျပီး ေရွာင္လင္ေက်ာင္းက သိုင္းပညာကို လာေရာက္သင္ယူခဲ့ၾကပါတယ္။ေရေၾကာင္းနဲ႕ ရြက္လႊင့္ျပီး ပညာေတာ္သင္လႊတ္ပါတယ္။အဲ့မတိုင္ခင္ ဂ်ပန္ေတြလည္း တရုတ္ကို ခဏခဏ ဝင္တိုက္ပါတယ္။ဂ်ပန္ဓားခ်က္ကို တရုတ္ေတြ ခံခဲ့ရျပီး ကြန္ဖူးတဲ့ ေရွာင္လင္ေပါင္းစပ္ခဲ့ျပီးမွာ ဂ်ပန္ေတြ ေနာက္ဆုတ္ျပီး ေရွာင္လင္ကို ေလးစားခဲ့တာျဖစ္ပါတယ္။

ေရွာင္လင္ ဘုန္းေတာ္ၾကီးေတြ ျခိဳၚျခံေခြ်တာျခင္း အမႈကိုေတာ့ မလုပ္ပါဘူး။ဒီလို မလုပ္ရျခင္းက အေၾကာင္းျပခ်က္ရွိပါတယ္။အေၾကာင္းအရင္းကေတာ့ အားနည္းေနရင္ ေရာဂါျဖစ္လြယ္ကာ ဘုန္းၾကီးျခင္း ျပန္လည္ေစာင့္ေရွာက္ေနျခင္းက အလုပ္ပိုေစတယ္လို႕ ဆိုပါတယ္။ဒါေၾကာင့္ အသားမ်ားမ်ားပါတဲ့ အစားအေသာက္ေတြကို စားေသာက္ေလ့ရွိပါတယ္။

လက္ရွိေတာ့ ကြန္ဖူးရုပ္ရွင္ေတြမွာ ေရွာင္လင္ဘုန္းၾကီးေတြနဲ႕ ေရာေထြးျပသတာျဖစ္ျပီး အျမဲလိုလို ဘံုေက်ာင္းထဲမွာ မနက္ကေန ညေနအထိ ေလ့က်င္းေရးဆင္းျခင္းနဲ႕ စည္းမ်ဥ္းစည္းကမ္းတင္းၾကပ္တဲ့ ဘုန္းေတာ္ၾကီးေတြ အုပ္ခ်ဳပ္ျခင္းေတြကို လုပ္ပါတယ္။ေပ်ာ္ပါးျခင္းနဲ႕ ေသာက္စားျခင္းကိုေတာ့ အျပင္းအထန္ တားျမစ္ထားတာျဖစ္ပါတယ္။တရားထိုင္ျခင္းနဲ႕ ကိုယ္လက္လႈပ္ရွားတဲ့ ေလ့က်င့္ျခင္းေတြကို ေန႕စဥ္ လုပ္ရတာျဖစ္ပါတယ္။

ေနာက္ဆံုးေတာ့ ေရွာင္လင္နဲ႕ Star Wars ကို ေပါင္းစပ္မႈ လုပ္ခဲ့ျပီး ဗုဒၶဘာသာ ေစာင့္ေရွာက္မႈအတြက္ ေခတ္တိုင္းစနစ္တိုင္းအတြက္ ကာကြယ္ေရးအတြက္ အျမဲတမ္းရွိေနတယ္လို႕ အဓိပၸာယ္ကို ေဖာ္ေဆာင္ထားတာျဖစ္ပါတယ္။

Unicode

အိန္ဒိယက ဗုဒ္ဓဘာသာ ရဟန်းကြီးဖြစ်တဲ့ Buddhabhara ဟာ တရုတ်ပြည်ကို ကြွခဲ့ပါတယ်။သူ့ကို တရုတ်မှာ Batuo လို့ ခေါ်ပြီးတော့ သူဟာ တရုတ်ကို ရောက်ရှိချိန်မှာ အေဒီ 464 ကဖြစ်ပါတယ်။ဒီအချိန် စစ်မက်တွေရှိနေပြီး Northern Wei နဲ့ Xiaowen အင်ပါယာတို့ တိုက်ခိုက်နေချိန်ဖြစ်ပါတယ်။ဒီတော့ ရဟန်းကြီး ထိုင်ရာ ရှောင်လင်ကျောင်းက Xiaowen အတွက် ကူတိုက်ပေးဖို့ ကတိပေးပြီး ရဟန်းကြီးက အတွင်းအားကျင့်စဉ်နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုအကြောင်းကို သင်ပေးရင်း ဝင်တိုက်ရာ နိုင်ခဲ့ပါတယ်။ဒီကစပြီး ရှောင်လင်သိုင်းက နာမည်ကြီးလာကာ အတွင်းအားကျင့်စဉ်ကို ရဟန်းကြီးက ဘုန်းကြီးတွေကို ပြန်လည်သင်ကြားလာပါတယ်။

ရှောင်လင်ကျောင်းကနေ ကွန်ဖူးက လာခဲ့တာမဟုတ်ပါဘူး။ရှောင်လင်ဟာ ဘုန်းကြီးတွေနဲ့ ဘုန်းကြီးကျောင်းအပြင် ဘာသာရေးကို ကာကွယ်ဖို့ အိန္ဒိယ ရဟန်းကြီးက သင်ကြားခဲ့တာဖြစ်ပါတယ်။ကွန်ဖူးကတော့ သီးသန့် ထွက်ရှိတဲ့ သိုင်းဖြစ်ပြီး 12 ရာစုရောက်မှ နှစ်ခုပေါင်းပြီး ပညာရပ်အသစ်ပေါ်လာတာဖြစ်ပါတယ်။

ရှောင်လင်ကျောင်းဟာ မူလအစကတော့ ဗုဒ္ဓရဲ့ လမ်းစဉ်အတိုင်း ငြိမ်းချမ်းရာကို ရှာဖွေပါတယ်။နောက်ပိုင်းတော့ ပြည်သူ့အရေးကိစ္စမှာ ဘုန်းကြီးတေါက တခန်းတက`ဏ္ဍာပါလာတာနဲ့ ဘာသာရေးစစ်ပွဲတွေအရ ဘာသာရေးခေါင်းဆောင်တွေကို သတ်ဖြတ်ခြင်း ဘာသာရေးဆိုင်ရာ အဆောက်အဦးနဲ့ စာပေတွေ မီးရှို့ဖျက်ဆီးခြင်းတွေ လုပ်လာတဲ့အတွက် ရှောင်လင်က သိုင်းကိုပါ ဦးစားပေးလာရခြင်းဖြစ်ပါတယ်။

ရှောင်လင်ရယ်လို့ အင်အားကောင်းလာချိန်ကတော့ Wang Shichong လက်ထပ်ကဖြစ်ပြီး အေဒီ 618 ခုနှစ်ကဖြစ်ပါတယ်။သူဟာ Zheng လူမျိုးတွေကို တိုက်ချိန် ရှောင်လင်ကို အကူအညီယူခဲ့ကာ စစ်ကူတောင်းပြီး တိုက်ခဲ့ပါတယ်။ဒီလို ယူပြီး တိုက်ပွဲကို အနိုင်တိုက်လိုက်ခြင်းက ရှောင်လင်အတွက်လဲ ပိုပြီး အင်အားကောင်းလာစေပါတယ်။ဘုန်းကြီးတွေလည်း နေရာရလာခဲ့ပါတယ်။Li Yuang ဘုရင်လက်ထပ်မှာတော့ သူတို့ဟာ နှစ်ဆပို နေရာရလာခဲ့ပါတယ်။

ရှောင်လင်ဘုန်းကြီးတွေဟာ လက်ဖက်ခြောက်ကောင်းကောင်းကို သောက်သုံးကြပါတယ်။သူတို့ဟာ လက်ဖက်ရည်နဲ့ တည်ခင်း ဧည့်ခံပေးကြပြီး သူတို့ကိုယ်တိုင်လဲ တရားထိုင်ရာမှာ အိပ်မငိုက်အောင် လက်ဖက်ရည်ကို သောက်သုံးကြတယ်လို့ ဆိုပါတယ်။ပုံပြင်တခုကတော့ နီပေါက မင်းသားတစ်ပါးဟာ တရားထိုင်ရာမှာ အရမ်းအိပ်ငိုက်လာလို့ မျက်ခွံကို လှီးထုတ်ပြီး လွှင့်ပစ်လိုက်ရာကနေ လက်ဖက်ပင်ထပေါက်လာတယ်လို့ ဆိုပါတယ်။ဒါကို စားရင် အိပ်မငိုက်ဘူးလို့ ဆိုကြပါတယ်။

Tai Djin ဆိုတဲ့ အမျိုးသားဟာ ရောဂါတခုကြောင့် သူ့ခန္ဓာကိုယ်တခုလုံး အမွှေးအမျှင်တွေ ဖုံးလွှမ်းနေတာဖြစ်ပါတယ်။တကယ်တော့ သူဟာ သူ့ဘဝကို စိတ်ပျက်ခဲ့ လူတွေက သူ့ကို လူရာမသွင်းခြင်းခံခဲ့ရပါတယ်။သူဟာ ရှောင်လင်ကျောင်းမှာ ခိုလှုံခဲ့ပြီးတော့ သိုင်းပညာကို လေ့လာခဲ့ရာကနေ သူ့ကို အနိုင်ကျင့် ရိုက်နှက်တဲ့သူကို ပြန်လည်ခုခံခဲ့ပါတယ်။နောက်တော့ တရုတ်ပြည်ရဲ့ ဖိုက်တာကြီးဖြစ်ခဲ့ပြီး ထိတာနဲ့ သေတဲ့သူလို့ နာမည်ကြီးလာပါတယ်။

ဂျပန်ဟာ တရုတ်ကို လာပြီး ရှောင်လင်ကျောင်းက သိုင်းပညာကို လာရောက်သင်ယူခဲ့ကြပါတယ်။ရေကြောင်းနဲ့ ရွက်လွှင့်ပြီး ပညာတော်သင်လွှတ်ပါတယ်။အဲ့မတိုင်ခင် ဂျပန်တွေလည်း တရုတ်ကို ခဏခဏ ဝင်တိုက်ပါတယ်။ဂျပန်ဓားချက်ကို တရုတ်တွေ ခံခဲ့ရပြီး ကွန်ဖူးတဲ့ ရှောင်လင်ပေါင်းစပ်ခဲ့ပြီးမှာ ဂျပန်တွေ နောက်ဆုတ်ပြီး ရှောင်လင်ကို လေးစားခဲ့တာဖြစ်ပါတယ်။

ရှောင်လင် ဘုန်းတော်ကြီးတွေ ခြိုါ်ခြံချွေတာခြင်း အမှုကိုတော့ မလုပ်ပါဘူး။ဒီလို မလုပ်ရခြင်းက အကြောင်းပြချက်ရှိပါတယ်။အကြောင်းအရင်းကတော့ အားနည်းနေရင် ရောဂါဖြစ်လွယ်ကာ ဘုန်းကြီးခြင်း ပြန်လည်စောင့်ရှောက်နေခြင်းက အလုပ်ပိုစေတယ်လို့ ဆိုပါတယ်။ဒါကြောင့် အသားများများပါတဲ့ အစားအသောက်တွေကို စားသောက်လေ့ရှိပါတယ်။

လက်ရှိတော့ ကွန်ဖူးရုပ်ရှင်တွေမှာ ရှောင်လင်ဘုန်းကြီးတွေနဲ့ ရောထွေးပြသတာဖြစ်ပြီး အမြဲလိုလို ဘုံကျောင်းထဲမှာ မနက်ကနေ ညနေအထိ လေ့ကျင်းရေးဆင်းခြင်းနဲ့ စည်းမျဉ်းစည်းကမ်းတင်းကြပ်တဲ့ ဘုန်းတော်ကြီးတွေ အုပ်ချုပ်ခြင်းတွေကို လုပ်ပါတယ်။ပျော်ပါးခြင်းနဲ့ သောက်စားခြင်းကိုတော့ အပြင်းအထန် တားမြစ်ထားတာဖြစ်ပါတယ်။တရားထိုင်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခြင်းတွေကို နေ့စဉ် လုပ်ရတာဖြစ်ပါတယ်။

နောက်ဆုံးတော့ ရှောင်လင်နဲ့ Star Wars ကို ပေါင်းစပ်မှု လုပ်ခဲ့ပြီး ဗုဒ္ဓဘာသာ စောင့်ရှောက်မှုအတွက် ခေတ်တိုင်းစနစ်တိုင်းအတွက် ကာကွယ်ရေးအတွက် အမြဲတမ်းရှိနေတယ်လို့ အဓိပ္ပာယ်ကို ဖော်ဆောင်ထားတာဖြစ်ပါတယ်။