ေရွးေခတ္က ခႏၶာကိုယ္အစားထိုးခဲ့တဲ့ အစိတ္အပိုင္းမ်ား တူးေဖာ္ေတြ႔ရွိမႈ

ခႏၶာကိုယ္အစားထိုးမႈေတြက ဘယ္အခ်ိန္ကတည္းက ရွိခဲ႔တယ္ ထင္ပါသလဲ ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးေရ။

ဘီစီ 950 နဲ႕ 710 အတြင္းမွာ ေဆးပညာထိုးေဖာက္မႈ ေျခလွမ္းသစ္စတင္ခဲ့ပါတယ္။အဲ့ဒါကေတာ့ “Cairo toe” လို႕ ေခၚတဲ့ ေျခေခ်ာင္းငယ္ အစားထိုးျခင္းျဖစ္ပါတယ္။ဒါကို သစ္မာသား၊လယ္သာနဲ႕ ခိုင္ခံတဲ့ ၾကိဳးေတြတုပ္ေႏွာင္ကာ စနစ္တက် ေျခေခ်ာင္းအစားထိုးတဲ့ ပံုစံကို သပ္သပ္ရပ္ရပ္လုပ္ခဲ့ပါတယ္။ေျခေခ်ာင္းမရွိသူေတြကို ပရဟိတသေဘာနဲ႕ ထုတ္ေပးခဲ့ပံုရျပီး အီဂ်စ္ေတြရဲ႕ ေခတ္ေရွ႕ေျပး တီထြင္မႈျဖစ္ပါတယ္။

Golden Eye ဆိုတာ ဂ်ိမ္းစဘြန္းကားမဟုတ္ပါဘူး။မ်က္လံုး တဖက္လပ္ေနသူက ေရႊမ်က္လံုးအစားထိုးခဲ့ျခင္းျဖစ္ပါတယ္။ဒါဟာ တကယ္ေတာ့ ေက်ာက္မ်က္လံုးအစားထိုးမႈလိုပါပဲ။ျမင္ရတာေတာ့ မဟုတ္ပါဘူး။ဒါဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း 5000 ေက်ာ္က လုပ္ေဆာင္ခဲ့မႈျဖစ္ပါတယ္။အီရတ္တို႕ အီရန္တို႕မွာ အဲ့ဒီအခ်ိန္က မ်က္လံုးတဖက္လပ္သူကို ပစ္ပယ္ထားတတ္ျပီး သူတို႕ကို က်က္သေရမရွိဘူးလို႕ ထင္ၾကပါတယ္။သူေဌးေတြ မ်က္လံုးတဖက္မရွိရင္လည္း ဒီလို ေရႊမ်က္လံုးအစားထိုးမွ မႏွိမ္ရဲတာျဖစ္ပါတယ္။

The Iron Hand လို႕ ေခၚတဲ့ သံမဏိလက္ဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း 1504 ခုႏွစ္က လက္ျဖစ္ျပီး တကယ့္ကို ပံုစံက်က် ခ်ိဳးထားတာျဖစ္ပါတယ္။ေရွးေခတ္ရုိမန္အၾကီးအကဲျဖစ္တဲ့ Gotz ရဲ႕ လက္ျဖစ္ျပီး သူဟာ အသက္ 40 မွာ တပ္ခဲ့ရတာျဖစ္ပါတယ္။စစ္ပြဲရဲ႕ ဆံုး၇ႈံးမႈျဖစ္ေပမယ့္ အစားထိုးမႈေကာင္းေကာင္းျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ေပါင္း 2200 က တရုတ္ျပည္နယ္ Turpan မွာ သံုးခဲ့ဖူးတဲ့ ေျခတုျဖစ္ပါတယ္။ဒါကို 2007 ခုႏွစ္က စတင္ေတြ႕ရွိတာျဖစ္ျပီး အသက္ 50 နဲ႕ 60 ၾကားက လူတစ္ဦး အသံုးျပဳခဲ့ပံုပါပဲ။ဒါဟာ ဂ်ိဳင္းေထာက္နဲ႕ အလားသ႑ာန္တူတယ္ဆိုေပမယ့္ ျမင္းတစ္ေကာင္ရဲ႕ ေျခေထာက္နဲ႕ ပိုတာျဖစ္ျပီး 80 ဒီဂရီ တိမ္းေစာင္းေနမႈ ရွိပါတယ္။အရုိးကို ေထာက္ကူဖို႕ ေခ်ာေမြ႕ေအာင္ လုပ္ထားျပီး သိုင္းၾကိဳးေတြ တပ္ဆင္ထားတာျဖစ္ပါတယ္။

Tycho Brahe ရဲ႕ ေငြနဲ႕ ေရႊ စပ္ထားတဲ့ ႏွာေခါင္းျဖစ္ျပီး 1546 ခုႏွစ္က အရာျဖစ္ပါတယ္။ဒါကို 2010 ခုႏွစ္မွာ ရွာေဖြေတြ႕၇ွိခဲ့ျပီး ႏွာေခါင္းေရာဂါတမ်ိဳးေၾကာင့္ ဒီလို ႏွာေခါင္းတုကို တပ္ဆင္ခဲ့ရတာျဖစ္ပါတယ္။အရိုးေဆြးခဲ့ေပမယ့္ ႏွာေခါင္းကေတာ့ အေကာင္းတုိင္းက်န္ရွိေနတာျဖစ္ျပီး ေကာ္လို အရာမ်ိဳးနဲ႕ ကပ္ျပီး သံုးခဲ့တာျဖစ္ပါတယ္။

Sir Henry Paget ရဲ႕ ေျခတုျဖစ္ပါတယ္။သူဟာ ျဗိတိန္စစ္မႈးျဖစ္ျပီး ဝါတာလူးစစ္ပြဲမွာ ေျခတဖက္ဆံုးရႈံးခဲ့ရကာစ ေျခတုနဲ႕ ေနထိုင္သြားခဲ့တာျဖစ္ပါတယ္။ဒူးေနရာ အေကြးကို ေသသပ္စြာ လုပ္ထားျပီး အထိုင္အထအခက္မရွိေအာင္ ျပဳလုပ္ထားတာျဖစ္ပါတယ္။ေျခက်င္းဝတ္ကိုလည္း အတြဲအစပ္နဲ႕ လုပ္ထားတာျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ေပါင္း 400ေလာက္က သြားဖက္ဆိုင္ရာ ကုထံုးတမ်ိဳးကို ဆန္ဖရန္စစၥကိုမွာ အသံုးျပဳခဲ့ပါတယ္။သြားတုကို ေသသြားတဲ့ လူအစစ္ဆီက ယူကာ သြားစိုက္ေပးခဲ့တာျဖစ္ပါတယ္။ေအာက္ေျခကို သြားဖံုးနဲ႕ ေရႊစြပ္ စြပ္ေပးကာ အတုကို တပ္ေပးတာျဖစ္ပါတယ္။သြားစိုက္ျခင္းရဲ႕ ေရွ႕ေျပးကုသမႈ တမ်ိဳးပါပဲ။

ၾသစေတးလ်ရဲ႕ ေရွးေဟာင္း ေျခေထာက္အရုိးထဲ သတၱဳးရုိး ေထာက္ကန္ေပးျခင္းကုထံုးျဖစ္ပါတယ္။တိတိက်က် ေျပာရရင္ေတာ့ ဒါဟာ 6 ဘီစီေလာက္က ျဖစ္ျပီးေတာ့ စစ္ပြဲတြင္းက အရာရွိကို ကုသေပးခဲ့ျခင္းျဖစ္ပါတယ္။စတီးေခ်ာင္းထည့္ျခင္းရဲ႕ ေရွ႕ေျပးျဖစ္ျပီး အရမ္းေစာလြန္းခဲ့လို႕ ဆရာဝန္ေတြ အံ့ၾသခဲ့ပါတယ္။ဒါကို CT Scan ပါ ရုိက္ခဲ့တာျဖစ္ပါတယ္။

16 ရာစုက Barbarossa ရဲ႕ ေငြလက္ေမာင္းကို ေတြ႕ခဲ့ရပါတယ္။စပိန္နဲ႕ အယ္လ္ဂ်ီးရီးယား စစ္ျဖစ္တဲ့ 1512 ခုႏွစ္မွာ Barbarossa ဟာ လက္တဖက္ဆံုးခဲ့ရလို႕ ေငြလက္ေမာင္းနဲ႕ သစ္သားကို တြဲစပ္တပ္ဆင္ခဲ့တာျဖစ္ပါတယ္။ဒီအခ်ိန္တုန္း အယ္လ္ဂ်ီးရီးယားကို ေအာ္တိုမန္အင္ပါယာၾကီးက ဝန္းရံေပးထားခ်ိန္ျဖစ္ပါတယ္။

ေရာမရဲ႕ တပ္မႈးတစ္ဦးရဲ႕ ေျခစြပ္တခုကို 1910 ခုႏွစ္က ျပန္လည္ေတြ႕၇ွိခဲ့တာျဖစ္ပါတယ္။သူဟာ ေျခသလံုးသားေတြ ဆံုးရႈံးခဲ့ပံုရျပီး သစ္သားကို သပ္ရပ္စြာ ထြင္းျပီး လုပ္ထားတဲ့ အစြပ္ကို တပ္ခဲ့တာျဖစ္ပါတယ္။

ဒီအေၾကာင္းအရာေလးကို ၾကိဳက္ႏွစ္သက္တယ္ဆိုရင္ ေျပာခ်င္လြန္းလို႔ စာမ်က္ႏွာကို See First လုပ္ထားျပီး ဆက္လက္အားေပးပါဦးေနာ္။

အခု တင္ဆက္ေပးလိုက္တဲ႔ အေၾကာင္းအရာေလးကေတာ႔ ေရွးေခတ္က ခႏၶာကိုယ္အစားထိုးခဲ့တဲ့ အစိတ္အပိုင္းမ်ား တူးေဖာ္ေတြ႔ရွိမႈ အေၾကာင္းပဲ ျဖစ္ပါတယ္။

Unicode

ခန္ဓာကိုယ်အစားထိုးမှုတွေက ဘယ်အချိန်ကတည်းက ရှိခဲ့တယ် ထင်ပါသလဲ ပြောချင်လွန်းလို့ ပရိသတ်ကြီးရေ။

ဘီစီ 950 နဲ့ 710 အတွင်းမှာ ဆေးပညာထိုးဖောက်မှု ခြေလှမ်းသစ်စတင်ခဲ့ပါတယ်။အဲ့ဒါကတော့ “Cairo toe” လို့ ခေါ်တဲ့ ခြေချောင်းငယ် အစားထိုးခြင်းဖြစ်ပါတယ်။ဒါကို သစ်မာသား၊လယ်သာနဲ့ ခိုင်ခံတဲ့ ကြိုးတွေတုပ်နှောင်ကာ စနစ်တကျ ခြေချောင်းအစားထိုးတဲ့ ပုံစံကို သပ်သပ်ရပ်ရပ်လုပ်ခဲ့ပါတယ်။ခြေချောင်းမရှိသူတွေကို ပရဟိတသဘောနဲ့ ထုတ်ပေးခဲ့ပုံရပြီး အီဂျစ်တွေရဲ့ ခေတ်ရှေ့ပြေး တီထွင်မှုဖြစ်ပါတယ်။

Golden Eye ဆိုတာ ဂျိမ်းစဘွန်းကားမဟုတ်ပါဘူး။မျက်လုံး တဖက်လပ်နေသူက ရွှေမျက်လုံးအစားထိုးခဲ့ခြင်းဖြစ်ပါတယ်။ဒါဟာ တကယ်တော့ ကျောက်မျက်လုံးအစားထိုးမှုလိုပါပဲ။မြင်ရတာတော့ မဟုတ်ပါဘူး။ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း 5000 ကျော်က လုပ်ဆောင်ခဲ့မှုဖြစ်ပါတယ်။အီရတ်တို့ အီရန်တို့မှာ အဲ့ဒီအချိန်က မျက်လုံးတဖက်လပ်သူကို ပစ်ပယ်ထားတတ်ပြီး သူတို့ကို ကျက်သရေမရှိဘူးလို့ ထင်ကြပါတယ်။သူဌေးတွေ မျက်လုံးတဖက်မရှိရင်လည်း ဒီလို ရွှေမျက်လုံးအစားထိုးမှ မနှိမ်ရဲတာဖြစ်ပါတယ်။

The Iron Hand လို့ ခေါ်တဲ့ သံမဏိလက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း 1504 ခုနှစ်က လက်ဖြစ်ပြီး တကယ့်ကို ပုံစံကျကျ ချိုးထားတာဖြစ်ပါတယ်။ရှေးခေတ်ရိုမန်အကြီးအကဲဖြစ်တဲ့ Gotz ရဲ့ လက်ဖြစ်ပြီး သူဟာ အသက် 40 မှာ တပ်ခဲ့ရတာဖြစ်ပါတယ်။စစ်ပွဲရဲ့ ဆုံးရှုံးမှုဖြစ်ပေမယ့် အစားထိုးမှုကောင်းကောင်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း 2200 က တရုတ်ပြည်နယ် Turpan မှာ သုံးခဲ့ဖူးတဲ့ ခြေတုဖြစ်ပါတယ်။ဒါကို 2007 ခုနှစ်က စတင်တွေ့ရှိတာဖြစ်ပြီး အသက် 50 နဲ့ 60 ကြားက လူတစ်ဦး အသုံးပြုခဲ့ပုံပါပဲ။ဒါဟာ ဂျိုင်းထောက်နဲ့ အလားသဏ္ဍာန်တူတယ်ဆိုပေမယ့် မြင်းတစ်ကောင်ရဲ့ ခြေထောက်နဲ့ ပိုတာဖြစ်ပြီး 80 ဒီဂရီ တိမ်းစောင်းနေမှု ရှိပါတယ်။အရိုးကို ထောက်ကူဖို့ ချောမွေ့အောင် လုပ်ထားပြီး သိုင်းကြိုးတွေ တပ်ဆင်ထားတာဖြစ်ပါတယ်။

Tycho Brahe ရဲ့ ငွေနဲ့ ရွှေ စပ်ထားတဲ့ နှာခေါင်းဖြစ်ပြီး 1546 ခုနှစ်က အရာဖြစ်ပါတယ်။ဒါကို 2010 ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး နှာခေါင်းရောဂါတမျိုးကြောင့် ဒီလို နှာခေါင်းတုကို တပ်ဆင်ခဲ့ရတာဖြစ်ပါတယ်။အရိုးဆွေးခဲ့ပေမယ့် နှာခေါင်းကတော့ အကောင်းတိုင်းကျန်ရှိနေတာဖြစ်ပြီး ကော်လို အရာမျိုးနဲ့ ကပ်ပြီး သုံးခဲ့တာဖြစ်ပါတယ်။

Sir Henry Paget ရဲ့ ခြေတုဖြစ်ပါတယ်။သူဟာ ဗြိတိန်စစ်မှုးဖြစ်ပြီး ဝါတာလူးစစ်ပွဲမှာ ခြေတဖက်ဆုံးရှုံးခဲ့ရကာစ ခြေတုနဲ့ နေထိုင်သွားခဲ့တာဖြစ်ပါတယ်။ဒူးနေရာ အကွေးကို သေသပ်စွာ လုပ်ထားပြီး အထိုင်အထအခက်မရှိအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ခြေကျင်းဝတ်ကိုလည်း အတွဲအစပ်နဲ့ လုပ်ထားတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း 400လောက်က သွားဖက်ဆိုင်ရာ ကုထုံးတမျိုးကို ဆန်ဖရန်စစ္စကိုမှာ အသုံးပြုခဲ့ပါတယ်။သွားတုကို သေသွားတဲ့ လူအစစ်ဆီက ယူကာ သွားစိုက်ပေးခဲ့တာဖြစ်ပါတယ်။အောက်ခြေကို သွားဖုံးနဲ့ ရွှေစွပ် စွပ်ပေးကာ အတုကို တပ်ပေးတာဖြစ်ပါတယ်။သွားစိုက်ခြင်းရဲ့ ရှေ့ပြေးကုသမှု တမျိုးပါပဲ။

သြစတေးလျရဲ့ ရှေးဟောင်း ခြေထောက်အရိုးထဲ သတ္တုးရိုး ထောက်ကန်ပေးခြင်းကုထုံးဖြစ်ပါတယ်။တိတိကျကျ ပြောရရင်တော့ ဒါဟာ 6 ဘီစီလောက်က ဖြစ်ပြီးတော့ စစ်ပွဲတွင်းက အရာရှိကို ကုသပေးခဲ့ခြင်းဖြစ်ပါတယ်။စတီးချောင်းထည့်ခြင်းရဲ့ ရှေ့ပြေးဖြစ်ပြီး အရမ်းစောလွန်းခဲ့လို့ ဆရာဝန်တွေ အံ့သြခဲ့ပါတယ်။ဒါကို CT Scan ပါ ရိုက်ခဲ့တာဖြစ်ပါတယ်။

16 ရာစုက Barbarossa ရဲ့ ငွေလက်မောင်းကို တွေ့ခဲ့ရပါတယ်။စပိန်နဲ့ အယ်လ်ဂျီးရီးယား စစ်ဖြစ်တဲ့ 1512 ခုနှစ်မှာ Barbarossa ဟာ လက်တဖက်ဆုံးခဲ့ရလို့ ငွေလက်မောင်းနဲ့ သစ်သားကို တွဲစပ်တပ်ဆင်ခဲ့တာဖြစ်ပါတယ်။ဒီအချိန်တုန်း အယ်လ်ဂျီးရီးယားကို အော်တိုမန်အင်ပါယာကြီးက ဝန်းရံပေးထားချိန်ဖြစ်ပါတယ်။

ရောမရဲ့ တပ်မှုးတစ်ဦးရဲ့ ခြေစွပ်တခုကို 1910 ခုနှစ်က ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။သူဟာ ခြေသလုံးသားတွေ ဆုံးရှုံးခဲ့ပုံရပြီး သစ်သားကို သပ်ရပ်စွာ ထွင်းပြီး လုပ်ထားတဲ့ အစွပ်ကို တပ်ခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းအရာလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ပြောချင်လွန်းလို့ စာမျက်နှာကို See First လုပ်ထားပြီး ဆက်လက်အားပေးပါဦးနော်။

အခု တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကတော့ ရှေးခေတ်က ခန္ဓာကိုယ်အစားထိုးခဲ့တဲ့ အစိတ်အပိုင်းများ တူးဖော်တွေ့ရှိမှု အကြောင်းပဲ ဖြစ်ပါတယ်။