ရွှေထူးကို ပထမဆုံးစကြွေသွားတဲ့အကြောင်းပြောတဲ့ ရွှေမှုံရတီ

0
121

ပူပူနွေးနွေးဇနီးမောင်နှံလေးအဖြစ် ပျားရည်ဆမ်းကာလတွေကို ကျော်ဖြတ်နေဆဲဖြစ်တဲ့ ရွှေနှစ်ရွှေဟာဆိုရင် ပျားရည်ဆမ်းခရီးကပြန်ရောက်လာပြီးနောက်ပိုင်း တစ်ယောက်နဲ့တစ်ယောက်ပိုတိုးလို့ချစ်မိနေကြပုံပေါ်ပါတယ်။ရွှေထူးနဲ့ရွှေမှုံဟာ အခုအချိန်မှာဆိုရင် ပွဲတွေကိုလည်းအတူတူတက်ပြီး တစ်ယောက်ကိုတစ်ယောက်မျက်စိအောက်ကအပျောက်မခံနိုင်အောင်ကိုချစ်နေကြတာပါ။ မီဒီယာတွေနဲ့အင်တာဗျူးမှာ ရွှေထူးကိုဘယ်လိုစပြီးကြွေမိသွားတယ်ဆိုတဲ့ အကြောင်းကို ရွှေမှုံက ဖောက်သည်ချလာပါတယ်။

ရွှေမှုံက ရွှေထူးစင်ပေါ်မှာဖျော်ဖြေနေတာကို ကြည့်ရတဲ့ခံစားမှုကို “သူက အရမ်းကတယ်။ ပြီးတော့ သူအဲ့လို ရှည်ရှည်ကြီးနဲ့ ကတာ တော်တော်ကြည့်လို့ကောင်းပါတယ်။ သဘောကျတယ်”လို့ ပြောပြထားပြီး ရွှေထူးကို အဲ့လိုကနေတဲ့အချိန်မှာပဲကြွေမိသွားတဲ့အကြောင်း “ကတဲ့နေရာမှာပဲ သူ မန္တလေးက မင်္ဂလာဆောင် Show မှာ သူ ရှည်လမျောကြီးနဲ့ ကနေတာ အဲဒါကိုသဘောတွေကျတာ ဘယ်လိုကြီးလဲမသိဘူး ကြည့်လို့ကောင်းတယ်။ အဲဒီမှာမှ သူ့ကိုပထမဆုံးစပြီးမြင်ဖူးတာ။ မြင်ဖူးပြီးတော့မှ ဧည့်သည်ကားရိုက်တာပေါ့။ အဲဒီမှာစပြီးတော့ သြော် သူက အဲ့လိုကတာပဲဆိုပြီး စပြီးသတိထားမိသွားတာ”လို့ ပြန်ပြောင်းသတိရထားပါသေးတယ်။

ရွှေထူးကိုချစ်မိတာကတော့ ချစ်သူဖြစ်ပြီးမှပဲဆိုတဲ့အကြောင်း “ချစ်မိတာကတော့ ရည်းစားဖြစ်နေရင်းနဲ့မှ တကယ်ချစ်တယ်ဆိုတာလေးကိုဖြစ်တာပေါ့နော်။ ရည်းစားဖြစ်ခါစဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက်ကြိုက်တယ်ပဲခေါ်မှာပေါ့”လို့ ပွင့်ပွင့်လင်းလင်းပြောပြထားပါတယ်။ ရွှေမှုံ့ခမျာ ကိုယ့်ယောက်ျားသီချင်းတွေရပေမယ့်ယောက်ျားက မဆိုခိုင်းတဲ့အကြောင်းလည်း “သ်ီချင်းတွေရတာပေါ့။ သိပ်ရတာပေါ့။ ဒါပေမယ့် သဲကသီချင်းဆိုတိုင်း သူ့ရဲ့စာသားတွေအမှားဆိုလို့ သူကလေ သူ့သီချင်းတွေလိုက်မဆိုပါနဲ့ သီချင်းပျက်လို့တဲ့။ အရမ်းပြောတယ်”လို့လည်း ရယ်မောရင်း မီဒီယာတွေကိုတိုင်တည်ထားပါသေးတယ်။

ရွှေမှုံက ရွှေထူးရဲ့သီချင်းတွေက ဘယ်လိုခံစားမှုနဲ့ပဲအခြေတည်ပြီးဖြစ်လာလာ နှစ်သက်အားပေးမှာဖြစ်ကြောင်း “ကိုယ့်ယောက်ျားက ကိုယ့်ကိုရည်ညွှန်းပြီးတော့ပဲရေးသည်ဖြစ်စေ ဒါမှမဟုတ်သူ့ရဲ့စိတ်ခံစားချက်အရ သီချင်းတွေကိုဖန်တီးသည်ဖြစ်စေ သူ့ရဲ့အနုပညာကိုချစ်တယ်။ သူဘာပဲလုပ်လုပ် သူ့ရဲ့အနုပညာက ဖြူစင်တယ်သန့်ရှင်းတယ်ဆိုတော့ ကိုယ့်ယောက်ျားဘာပဲလုပ်လုပ်လက်ခုပ်တီးဖို့အဆင်သင့်ပဲ ကိုယ့်ယောက်ျားရဲ့အနုပညာကိုအားပေးဖို့။ကိုယ်က သူ့ကိုလည်းချစ်သလို သူ့ရဲ့အနုပညာကိုလည်းချစ်တယ်။ ကိုယ်တွေက အနုပညာသမားဖြစ်တဲ့အတွက်ပိုပြီးတော့ချစ်တယ်ဆိုတော့ သူ့ဟာသူ ဘယ်လိုပဲဖန်တီးဖန်တီး သူ့ရဲ့အနုပညာအလှအပတွေကိုခံစားဖို့ရယ်ဒီပါပဲလို့”ဆိုပြီး လူကြီးဆန်စွာ ဖြေကြားသွားခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရွှေနှစ်ရွှေကိုချစ်ကြလား။ ဧည့်သည်ကားကြီးကိုရော သွားရောက်အားပေးကြမှာလား။ သူတို့နှစ်ယောက်အတူတူလုပ်မယ့် အနုပညာတွေကိုဆက်လက်အားပေးဖို့ စောင့်မျှော်နေကြမှာလား။ ပြောခဲ့ကြပါဦး။

Can’t Wait To Say