ရွှေထူးတို့ကို အမွှာမွေးစေချင်တယ် ဆိုတဲ့ X-Box

0
52

X-Box ကတော့ သီချင်းစာသားတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်စပ်ဆိုတဲ့ rapper တစ်ယောက် ဖြစ်ပါတယ်။ ဆံပင်အရှည်နဲ့ ရယ်လိုက်ရင် ပါးချိုင့်ပေါ်နေတာက X-Box ရဲ့ trademark တစ်ခုပါ။ နောက်ပိုင်းမှတော့ ဆံပင်အတို ညှပ်လိုက်ပြီး မျက်မှန်အဝိုင်းကြီးနဲ့ ဂေါ်နေတဲ့ စတိုင်ဖမ်းတာ ဖြစ်ပါတယ်။ Underground လောကမှာ ရွှေထူးနဲ့ ခေတ်ပြိုင်ထွက်ပေါ်ခဲ့သလို ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေလည်း ဖြစ်တာကြောင့် ရွှေနှစ်ရွှေအတွက် မင်္ဂလာဆုတောင်းစကားကို ခုလိုမျိုး ပြောကြားပေးသွားပါတယ်။

“အိမ်ထောင်ကျသွားတဲ့ လူတစ်ယောက်အနေနဲ့ ကလေးတော့ လိုချင်မှာပေါ့လေ။ ဒါပေမဲ့ ခုချိန်မှာ သူတို့ယူလား ယူမလား ဆိုတာကိုတော့ သူတို့ အကြင်လင်မယား နှစ်ယောက် ဆုံးဖြတ်ရမှာပေါ့။ ဟိုနေ့ကလည်း ကျွန်တော့်သူယ်ချင်းရဲ့ပွဲမှာ ကျွန်တော်တို့ သီချင်းတူတူ ဆိုကြတယ်။ အဲ့နေ့ကပွဲမှာ သူ ကျွန်တော်တို့ကို မင်းတို့က လူပျိုပေါ့ကွာ ..လူပျိုပေါ့ကွာ ဆိုပြီး ၅ ခေါက် ၆ ခေါက်လောက်ရှိတယ်။ လူပျိုက သူတို့ကို ပြန်အားကျနေတယ်ဆိုတာ သူတို့မသိဘူးလေ။ ဘာပဲပြောပြော ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးလေး တစ်သက်လုံးဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။” ဆိုပြီး ပြောသွားပါတယ်။

ရွှေနှစ်ရွှေရဲ့ ဟန်းနီးမွန်း ခရီးစဉ်က ပုံရိပ်တွေကို အားကျလား ဆိုတာကိုတော့ X-Box က ခုလို ပြောသွားပါတယ်။ “အားကျမှုတွေက အတိုင်းအတာတစ်ခုထိ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် အဲ့ခြေလှမ်းကြီးကိုတော့ မလှမ်းချင်သေးပါဘူး။ ဘာလို့လဲဆိုတော့ မလှမ်းရဲသေးလို့ပါ” လို့ ဆိုပါတယ်။

ရွှေနှစ်ရွှေကို အမွှာပူးလေး မွေးစေချင်ကြောင်း ခုလိုမျိုး ပြောပြသွားပါတယ်။ “အားလုံးပြီးပြည့်စုံပြီးတော့ ယူသင့်ယူထိုက်တဲ့ အရွယ် မိန်းကလေးရော ယောက်ျားလေးရော အဆင်ပြေမယ့် အချိန်မျိုးဆိုရင် သားကောင်း ရတနာလေး အမြန်ဆုံး ဖွားမြင်နိုင်ပါစေလို့ ကျွန်တော်က ဆုတောင်းပေးပါတယ်။ ရရှိလာတဲ့ သားသမီးလေးကလည်း မိဘကို အရမ်းကို သိတတ်ပြီးတော့ နှစ်ယောက်စလုံးထက် ပိုပြီးအောင်မြင်တဲ့ အနုပညာ မျိုးဆက်သစ်လေး ဖြစ်ပါစေလို့ ကျွန်တော်ကတော့ ဆုတောင်းပေးပါတယ်။ သေချာတာတစ်ခုကတော့ ဖြစ်နိုင်ရင် အမွှာလေး မွေးစေချင်ပါတယ်။ သရုပ်ဆောင်တွေ အဆိုတော်တွေ ဆိုတာထက် မိဘကို သိတတ်တဲ့ သားသမီးဖြစ်ဖို့ အရေးကြီးပါတယ်။” ဆိုပြီး ပြောသွားပါတယ်။

အဆိုတော် X-Box ကတော့ လာမယ့် 2019 မှာ တစ်ကိုယ်တော် show ကျင်းပသွားဖို့ အစီအစဉ် ရှိတယ်လို့ သတင်းရရှိပါတယ်။