ေရႊထူးသီခ်င္းကို ေရႊထူးထက္ေကာင္းေအာင္ဆိုလိုက္တဲ့ ဗီယက္နမ္ကေကာင္ေလး

0
69

လတ္တေလာ Social Media ေတြမွာ နာမည္ၾကီးေနတဲ့ ဗီယက္နမ္ေကာင္ေလး တေယာက္ရွိပါတယ္။ ဒီဗီယက္နမ္ေကာင္ေလးဟာ ဘာေၾကာင့္ ျမန္မာေတြၾကားမွာ နာမည္ၾကီးလာရလည္း ဆိုေတာ့ ျမန္မာသီခ်င္းေတြကို ခ်စ္စရာ အမူအရာေလးေတြနဲ႔ ဆိုျပႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ ေကာင္ေလးနာမည္ကေတာ့ Lai Mihn Quyen လို႔ေခၚပါတယ္။

သူ႔အေကာင့္မွာေတာ့ ျမန္မာနာမည္ကို လိုင့္မင္းငုရင္လို႔ ေရးထားပါတယ္။ သူကေတာ့ ႏႈတ္ခမ္းနီမေလးေတြ အၾကိဳက္မ်က္ႏွာေလးကို ပိုင္ဆိုင္ထားတာေၾကာင့္ အစကတည္းက Social Media မွာ ပရိသတ္မ်ားတဲ့ သူတေယာက္လည္း ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ျမန္မာ သီခ်င္းေတြကို လိုက္ဆိုရင္း ပုိျပီးေတာ့ေတာင္ နာမည္ၾကီးလာခဲ့ပါတယ္။

လက္ရွိမွာလည္း သီခ်င္းေအးေအးေလးေတြကို ဆိုတတ္ျပီး ပရိသတ္အားေပးမႈရထားတဲ့ ျမန္မာအဆိုေတာ္ ေရႊထူးရဲ့ Crush သီခ်င္းကို Cover လိုက္ဆိုထားျပန္ပါတယ္။ ဒီဗီဒီယိုေလးကလည္းၾကည့္ရႈသူ အမ်ားအျပားရွိခဲ့ျပီး ျမန္မာက လူေတာ္ေတာ္မ်ားမ်ားကလည္း အားေပးထားတာကိုေတြ႔ရပါတယ္။

သူကေတာ့ ေရႊထူးရဲ့ Crush သီခ်င္းကိုေတာ့ အသံဝဲတဲတဲ နဲ႔ဆိုခဲ့ျပီး ခ်စ္စရာ ေကာင္းခဲ့တာေၾကာင့္ ေကာင္မေလးေတြၾကားထဲမွာ ပိုျပီးေတာ့ ေပါက္ခဲ့တာ ျဖစ္ပါတယ္။ ဒီဗီဒီယိုေလးကေတာ့ အားလံုးကို အံ့အားသင့္သြားေစျပီး သူ႔အေနနဲ႔ အတတ္ႏိုင္ဆံုး ေရႊထူးနဲ႔ တူေအာင္ ဆိုထားတာ ျဖစ္ပါတယ္။ သူ႔ ဒီသီခ်င္းဆိုထားတဲ့ ဗီဒီယိုေတြကိုေတာ့ ပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ားက ခ်စ္ခဲ့ၾကပါတယ္။ ဗီယက္နမ္မွာေတာ့ ေမာ္ဒယ္ေပါက္စေလး လုပ္ေနတဲ့ လိုင့္မင္းငုရင္ကေတာ့ ျမန္မာေတြ ၾကားထဲမွာေတာ့ တကယ့္ကို ခ်စ္စရာေကာင္းတဲ့ ဗီယက္နမ္ ႏိုင္ငံသားေလး တေယာက္ ျဖစ္ေနပါျပီ။

သူကေတာ့ ေရႊထူးရဲ့ Crush သီခ်င္းကို ဘယ္လို ဆိုျပထားလည္းဆိုတာကိုေတာ့ ေအာက္မွာ သူတင္ထားတဲ့ ဗီဒီယိုေလးကို ေဖာ္ျပေပးလိုက္ပါတယ္။ သင္တို႔လည္း လိုင့္မင္းငုရင္ဆိုထားတာေလးကို ၾကည့္ျပီး ဘယ္လုိေလးလည္းဆိုတာကိုေတာ့ ေဝဖန္သြားၾကပါဦး။

unicode

လတ်တလော Social Media တွေမှာ နာမည်ကြီးနေတဲ့ ဗီယက်နမ်ကောင်လေး တယောက်ရှိပါတယ်။ ဒီဗီယက်နမ်ကောင်လေးဟာ ဘာကြောင့် မြန်မာတွေကြားမှာ နာမည်ကြီးလာရလည်း ဆိုတော့ မြန်မာသီချင်းတွေကို ချစ်စရာ အမူအရာလေးတွေနဲ့ ဆိုပြနိုင်တာကြောင့် ဖြစ်ပါတယ်။ ကောင်လေးနာမည်ကတော့ Lai Mihn Quyen လို့ခေါ်ပါတယ်။

သူ့အကောင့်မှာတော့ မြန်မာနာမည်ကို လိုင့်မင်းငုရင်လို့ ရေးထားပါတယ်။ သူကတော့ နှုတ်ခမ်းနီမလေးတွေ အကြိုက်မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် အစကတည်းက Social Media မှာ ပရိသတ်များတဲ့ သူတယောက်လည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာ သီချင်းတွေကို လိုက်ဆိုရင်း ပိုပြီးတော့တောင် နာမည်ကြီးလာခဲ့ပါတယ်။

လက်ရှိမှာလည်း သီချင်းအေးအေးလေးတွေကို ဆိုတတ်ပြီး ပရိသတ်အားပေးမှုရထားတဲ့ မြန်မာအဆိုတော် ရွှေထူးရဲ့ Crush သီချင်းကို Cover လိုက်ဆိုထားပြန်ပါတယ်။ ဒီဗီဒီယိုလေးကလည်းကြည့်ရှုသူ အများအပြားရှိခဲ့ပြီး မြန်မာက လူတော်တော်များများကလည်း အားပေးထားတာကိုတွေ့ရပါတယ်။

သူကတော့ ရွှေထူးရဲ့ Crush သီချင်းကိုတော့ အသံဝဲတဲတဲ နဲ့ဆိုခဲ့ပြီး ချစ်စရာ ကောင်းခဲ့တာကြောင့် ကောင်မလေးတွေကြားထဲမှာ ပိုပြီးတော့ ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကတော့ အားလုံးကို အံ့အားသင့်သွားစေပြီး သူ့အနေနဲ့ အတတ်နိုင်ဆုံး ရွှေထူးနဲ့ တူအောင် ဆိုထားတာ ဖြစ်ပါတယ်။ သူ့ ဒီသီချင်းဆိုထားတဲ့ ဗီဒီယိုတွေကိုတော့ ပရိသတ်တွေ တော်တော်များများက ချစ်ခဲ့ကြပါတယ်။ ဗီယက်နမ်မှာတော့ မော်ဒယ်ပေါက်စလေး လုပ်နေတဲ့ လိုင့်မင်းငုရင်ကတော့ မြန်မာတွေ ကြားထဲမှာတော့ တကယ့်ကို ချစ်စရာကောင်းတဲ့ ဗီယက်နမ် နိုင်ငံသားလေး တယောက် ဖြစ်နေပါပြီ။

သူကတော့ ရွှေထူးရဲ့ Crush သီချင်းကို ဘယ်လို ဆိုပြထားလည်းဆိုတာကိုတော့ အောက်မှာ သူတင်ထားတဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။ သင်တို့လည်း လိုင့်မင်းငုရင်ဆိုထားတာလေးကို ကြည့်ပြီး ဘယ်လိုလေးလည်းဆိုတာကိုတော့ ဝေဖန်သွားကြပါဦး။

LEAVE A REPLY

Please enter your comment!
Please enter your name here