ရွှေမှုံအတွက်ရေးထားတဲ့သီချင်းသစ်လေးကို အတူဆိုပြခဲ့တဲ့ ရွှေနှစ်ရွှေ

0
102

ရွှေနှစ်ရွှေစုံတွဲဟာဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံလေးဖြစ်ပြီး သူတို့ရဲ့အချစ်နေ့စွဲလေးတွေကို ပရိသတ်တွေကို Live လွှင့်ပြီး အတူဖြတ်သန်းလေ့ရှိတဲ့ချစ်စရာစုံတွဲလေးပါ။ ရွှေနှစ်ရွှေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလဆယ့်တစ်ရက်နေ့က လက်ထပ်ပွဲကျင်းပခဲ့ပြီး သာယာလှပတဲ့ ပျားရည်ဆမ်းနေ့ရက်တွေကိုဖြတ်သန်းပြီးတာတောင် တစ်ယောက်နဲ့တစ်ယောက်တိုးလို့ချစ်နေဆဲပါပဲ။

မကြာသေးခင်က ရွှေနှစ်ရွှေက သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေပြီး ပရိသတ်တွေကို live လွှင့်ကာသီချင်းဆိုပြခဲ့ပါတယ်။ ရွှေထူးက ရွှေမှုံနဲ့ချစ်သူဘဝတုန်းက ရွှေမှုံအတွက်ရေးထားတဲ့သီချင်းလေးကို live ထဲမှာ ဇနီးမောင်နှံနှစ်ယောက်ကြည်နူးစွာအတူုတူဆိုခဲ့တာပါ။ ချစ်သူဘဝတုန်းက ဒီမိန်းကလေးကိုပိုင်ဆိုင်ရပါ့မလားဆိုပြီး ရည်ရွယ်ရေးသားခဲ့တဲ့သီချင်းလေးက အခုအချိန်မှာတော့  ကိုယ့်အိမ်သူသက်ထားဖြစ်နေပြီဆိုတဲ့အသိက ရွှေထူးကိုပျော်ရွှင်စေမှာပါပဲ။ ရွှေထူးနဲ့ရွှေမှုံက တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ကြင်နာနေကြရင်း Candy ဆိုတဲ့သီချင်းလေးနဲ့ အခြားသီချင်းအသစ်တစ်ပုဒ်ပါဆိုပြသွားခဲ့တာပါ။

S+S

ရွှေမှုန်ရတီကို ချစ်သူဖြစ်စဉ်က ရည်ရွယ်ရေးခဲ့တဲ့ သီချင်းသစ်လေးဆိုပြခဲ့တဲ့ ရွှေထူး

Dikirim oleh We Love Cele Video pada Senin, 07 Januari 2019

မကြာသေးခင်ကပဲချစ်သူဘဝ Anniversary လေးကို ရွှေမှုံကမေ့နေပေမယ့်ရွှေထူးက မမေ့ပဲ ရွှေမှုံအတွက် ကြည်နူးစရာ Anniversary လေးကျင်းပပေးခဲ့ပါသေးတယ်။ ချစ်သူစဖြစ်ကတည်းက တစ်ယောက်နဲ့တစ်ယောက်အချစ်တွေလွှမ်းခြုံပြီးပရိသတ်တွေကိုပါ စိတ်အေးချမ်းစေခဲ့တဲ့ ရွှေနှစ်ရွှေစုံတွဲလေးဟာ အခုဆိုရင်တော့ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးလေးတည်ဆောက်ထားပြီး ရင်သွေးလေးတွေမွေးဖို့ကိုတော့ နှစ်ယောက်သားတိုင်ပင်အစီအစဉ်ချထားပြီးပြီလို့လည်းသိရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရောရွှေထူးနဲ့ရွှေမှုံကိုချစ်ကြလား။ သာယာတဲ့အိမ်ထောင်ရေးလေးတည်ဆောက်ထားတဲ့ ရွှေနှစ်ရွှေစုံတွဲကို ရင်သွေးလေးတွေရစေချင်ကြ့ပီလား။ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီး ရွှေမှုံရတီနဲ့ နာမည်ကြီးအဆိုတော်ရွှေထူးတို့အတူတူလက်တွဲဖန်တီးကြမယ့်အနုပညာလှုပ်ရှားမှုတွေကိုရော ဆက်လက်အားပေးဖို့အသင့်ပဲလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say