ရွှေမှုံ့နေရာကိုဆက်ခံတော့မယ်ဆိုတဲ့ ငွေမှုံရတီ

0
102

ရွှေမှုံရတီနဲ့ငွေမှုံရတီဆိုတာ သိပ်ချစ်ကြတဲ့ညီအစ်မတွေပါ။ ရွှေ့မှုံကငွေမှုံကို အကြီးပီပီဂရုတစိုက်နဲ့သင်ပြပေးတာတွေလည်းရှိသလို ငွေမှုံကလည်း အစ်မဖြစ်သူကိုအားကိုးပုံရပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာ ရွှေမှုံက မိခင်ဖြစ်သူကိုကလန်ကဆန်လုပ်ပြီးယောက်ျားယူသွားခဲ့တာကြောင့် အမေနဲ့စကားမပြောပဲဝေးသွားသလိုဖြစ်နေတယ်လို့သိရပါတယ်။ အဲ့ဒါကြောင့်ပဲလားတော့မသိ၊ မိခင်ဖြစ်သူက ငွေမှုံကို ပိုပြီးဂရုစိုက်လာပါတယ်တဲ့။ ငွေမှုံရတီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ မိခင်ရဲ့ ဂရုစိုက်မှုပိုရလို့အရမ်းပျော်နေကြောင်းနဲ့ ရွှေမှုံကိုပြောချင်တဲ့စကားတွေကို ဖြေကြားသွားပါတယ်။

ငွေမှုံရတီက အမေက အရင်တုန်းက ရွှေမှုံကိုပိုဂရုစိုက်ပေမယ့် အခုတော့ ငွေမှုံကိုသည်းသည်းလှုပ်ဂရုစိုက်နေကြောင်းကို “အခုတော့ သူက သူ့အိမ်ထောင်နဲ့သူဖြစ်သွားပြီဆိုတော့ အမေနဲ့ညီမနဲ့က အနီးဆုံးဖြစ်သွားပြီလေ။အဲ့တော့အမေက ညီမကိုပိုပြီးတော့ support ပေးလာတယ်။ အရင်က ဆို သူ့ကို စားချင်တဲ့ဟင်းတွေချက်ကျွေးပြီးတော့အရမ်းကိုဂရုစိုက်တာ။အခုကျတော့ သူ့ကိုချက်ကျွေးစရာမလိုတော့ဘူးဆိုတော့ ကိုယ်စားချင်တာလေးပြောပြီးအမေ့ကိုချက်ခိုင်းလိုက်ရုံပဲ။ အရမ်းအဆင်ပြေတယ်။ သူ့နေရာကိုဆက်ခံတော့မှာပေါ့”လို့ ဖြေကြားထားပါတယ်။

ညီမတစ်ယောက်အနေနဲ့ ရွှေမှုံကိုလည်း အောင်မြင်မှုကိုဆက်ထိန်းထားစေချင်တဲ့အကြောင်း “သူ့ကိုပြောချင်တာကတော့ အောင်မြင်မှုကိုဆက်ထိန်းထားစေချင်တာပေါ့နော်။ သူကအမေနဲ့စိတ်ဆိုးနေတာဆိုတော့ အရင်တုန်းကစိတ်ပြန်ဖြစ်တာပေါ့။ ဒါပေမယ့်သူက မိသားစုလေးတစ်ခုတည်ထောင်လိုက်ပြီဆိုတော့ အောင်မြင်မှုကိုဆက်ပြီးထိန်းထားစေချင်တယ်။အလုပ်တွေလည်းပိုပြီးလုပ်စေချင်တယ်။ ဒီထက်ပိုပြီးအောင်မြင်ရင်တော့ကောင်းတာပေါ့။ညီမဆန္ဒကတော့ အဲဒါပါပဲ”လို့ ရင်ဖွင့်ထားပါတယ်။

ရွှေမှုံကအစ်မကြီးပီသစွာပဲ သင်ပေးတာတွေအများကြီးရှိကြောင်းနဲ့ အဲဒီအတွက်ကျေးဇူးတင်တယ်ဆိုပြီးတော့လည်း “သူကတကယ်လုပ်ပြပြီးသင်ပေးတာပေါ့နော်။ စကားနဲ့ပြောပြီးသင်ပေးတာမဟုတ်တဲ့အတွက် ညီမက တစ်ဘဝလုံးအတွက်အဆင်ပြေတယ်။ အဲဒီအတွက်လည်းသူ့ကိုကျေးဇူးတင်တယ်”လို့ ပြောပြထားပါတယ်။

ရွှေမှုံရဲ့အရမ်းကိုသာယာလှပနေတဲ့အချစ်ရေးလေးကိုတော့ အားတွေဘာတွေကျမနေပဲအပျိုကြီးပဲလုပ်မှာဖြစ်ကြောင်း “ကိုယ်တွေကအစကတည်းက FA သမားဆိုတော့ အဲဒါတွေအားကိုမကျတာ စိတ်မဝင်စားဘူး။ သူများတွေပြောတယ်။ အစ်မကတော့ယူသွားပြီနော် ညီမကရောဆိုတော့ သူယူတာနဲ့ပဲကိုယ်က ယူရတော့မလားလို့။စိတ်ချ အပျိုကြီးလုပ်မှာ”လို့ ပြတ်ပြတ်သားသားဖြေကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရွှေမှုံရဲ့ညီမငွေမှုံရတီကိုချစ်ကြလား။အားပေးကြမှာလား။ ညီအစ်မနှစ်ယောက်အတူတွဲပြီးရိုက်မယ့်ရုပ်ရှင်တွေထွက်လာရင်ရော ကြည့်ရှု့အားပေးကြမှာလားပြောခဲ့ကြပါဦး။

Can’t Wait To Say