ဝေဘာဂီဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေကို စားစရာတွေလှူဒါန်းခဲ့တဲ့ ထွန်းကိုကို










Unicode

ယခုနောက်ပိုင်း ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေမှာ မကြာခဏတွေ့နေရတဲ့ မင်းသား ထွန်းကိုကို တစ်ယောက်ကိုတော့ ပရိသတ်တွေ သိကြမှာပါ။ ယခုနောက်ပိုင်း ဇာတ်လမ်းတွေတွေနဲ့ အမိုက်စား ကာရိုက်တာတွေကို ရိုက်ပြနိင်တဲ့ ထွန်းကိုကို တစ်ယောက်ကတော့ အနုပညာတွေကို လုပ်နေတဲ့ အပြင် တစ်ဖက်မှာလည်း ပရဟိတ လုပ်ငန်းတွေကို အားတက်သရော် လုပ်ကိုင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။



ထှနျးကိုကိုက‌တော့ လကျရှိမှာလညျး ကမ်ဘာနဲ့တစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ ဝူဟန်ရောဂါနဲ့ ပက်သက်ပြီး တက်နိုင်တဲ့ဖက်ကနေ လှူဒါန်းမှုတစ်ခု ပြုလုပ်လိုက်ပြန်ပြီ ဖြစ်ပါတယ်။ ထွန်းကိုကိုကတော့ ဒီတစ်ခေါက်မှာ လူနာတွေကိုမဟုတ်ပဲ လူနာတွေကို အဓိက ပြုစုစောင့်ရှောက်ပေးရတဲ့ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေကို တက်နိုင်သလောက် သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ ထွန်းကိုကိုက သူ့ဖေ့ဘုတ်အကောင့်မှာ “ရှေ့တန်းမှသူရဲကောင်းများအား ဂုဏ်ပြုအားပေးခြင်း ကမ္ဘာတဝှမ်း ကူးစက်ပျံ့နှံ့နေတဲ့ COVID-19 ကူးစက်ခံရသူတွေ နှင့် သံသယလူနာများ စောင့်ကြည့်လူနာများကို ပြုစုကုသ စောင့်ရှောက်ပေးနေတဲ့ ဆရာဝန်များ
သူနာပြုများ နှင့် ကျန်းမာရေးဝန်ထမ်းများဟာ မိမိအသက် သွေး ချွေး ကို ပဓာနမထားပဲ စေတနာအားနဲ့ ရှေ့တန်းကနေ မားမားမတ်မတ်ရပ်တည်ပြီး ခုခံကာကွယ်ပေးနေတဲ့သူရဲကောင်းတွေပါ

ကမ္ဘာ့ကပ်ရောဂါကြီးကို ကျရာနေရာက တွန်းလှန်ခုခံနေကြတဲ့ မြန်မာ့ အဖြူ ရောင်သူရဲကောင်းများအတွက် ဝေဘာဂီ ဆေးရုံးကြီး ကိုသွားရောက်ကာ နေ့လည်စာအဖြစ် Pizza /ကြက်ကြော် နှင့် အအေးဘူး အယောက် (၁၂၀)စာ နှင့် ကွေကာထုပ်ကြီး (၂၇၀) ဂုဏ်ပြုလှူ ဒါန်းခဲ့ပါတယ်ခင်ဗျာ ကျွန်တော် လုပ်သမျှပရဟိတ တိုင်းမှာ အမြဲလို ပံ့ပိုးကူညီပေးသော နာရေးကူညီမှုအသင်း ရန်ကုန်မှလည်း လိုအပ်သောစက်ပစ္စည်းများ အထောက်ကူပြုပစ္စည်းများ လှူ ဒါန်းခဲ့ပါတယ်ခင်ဗျာ” ဆိုပြီးတင်ထားတာ ဖြစ်ပါတယ်။ ထွန်းကိုကို ကတော့ တကယ့်သူရဲကောင်းတွေကို တက်နိုင်တဲ့ဖက်ကနေ သွားရောက်လှူဒါန်းခဲ့တာကတော့ တကယ့်ကို ချီးကျူးစရာပါပဲ။

Leave a Reply