ေသြးပ်က္စရာအေကာင္းဆံုး ဇာတ္၀င္မြန္းစတားရွစ္ဦး

0
75

ေဂၚဇီလာလိုမ်ိဳးကားေတြကို ကၽြန္ေတာ္ႀကိဳက္ပါတယ္။ ပါ၀ါရိမ္းဂ်ားေရာေပါ့။ မၾကိဳက္တဲ့သူရွိလား။ အခုအခ်ိန္အထိ ပါ၀ါရိမ္းဂ်ားဆို ကေလးေတြနဲ႕ ရံုလုၾကည့္ရတဲ့သူေတြ ရွိေနတုန္းပဲ။ ဘာေၾကာင့္ၾကိဳက္တာလဲလို႕ေမးရင္ ျမိဳ႕ထဲမွာေပၚလာတတ္တဲ့ မေကာင္းဆိုး၀ါးၾကီးေတြရဲ႕ ဖ်က္ဆီးပံုကလည္း တစ္စိတ္တစ္ေဒသပါေနမယ္ထင္တယ္။ မြန္းစတားေတြက အရြယ္စံု၊ ပံုစံအစံုပဲေလ။ ဒီေန႕မွာေတာ့ ကၽြန္ေတာ္ေရြးခ်ယ္ထားတဲ့ မြန္းစတားေတြနဲ႕ မိတ္ဆက္ေပးခ်င္ပါတယ္။

ေသြးပ်က္စရာအေကာင္းဆံုး ဇာတ္၀င္မြန္းစတားရွစ္ဦးကို ဖိတ္ေခၚထားပါတယ္။

၁။ “Little Shop of Horrors” ထဲက Audrey II

ခင္ဗ်ားေတာ့မသိဘူး။ ကၽြန္ေတာ္ငယ္ငယ္ေလးတုန္းက ဒီဇာတ္ကားကိုၾကည့္ျပီးေတာ့ အေတာ္ေလးေၾကာက္ခဲ့တယ္။ ဘာျဖစ္လို႕လဲဆိုေတာ့ ကေလးဇာတ္ကားမဟုတ္လုိ႕လည္းျဖစ္ႏုိင္တာပဲ။ Audrey ကေတာ့ အပင္မြန္းစတားတစ္ေကာင္ျဖစ္ပါတယ္။ သီခ်င္းဆိုတတ္ျပီးေတာ့ လူသားလည္းစားပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဇာတ္ကားအေၾကာင္းကိုေတာ့ မမွတ္မိေတာ့ေပမယ့္ “Feed me, Seymour!” ဆိုတဲ့အသံၾကားလုိက္ရင္ ခၽြန္ထက္ေနတဲ့သြားၾကီးေတြကို ျမင္ေယာင္ကာ ေက်ာခ်မ္းမိပါတယ္။

၂။ “Cloverfield” ထဲက Cloverfield မြန္းစတား

ဘာမွန္းမသိတာၾကီးကိုကလည္း ေၾကာက္စရာေကာင္းေနတတ္ပါတယ္။ Cloverfield universe မွာ ဇာတ္ကားသံုးကားရွိပါတယ္။ ဇာတ္ကားရဲ႕ ၉၀%ေလာက္မွာ မြန္းစတားမေပၚပါဘူး။ ၁၀%ေသာအခ်ိန္ေလးမွာပဲ မြန္းစတားကိုေတြ႕ျမင္ရမွာပါ။ ဒါဟာပိုေၾကာက္ေအာင္ လုပ္ထားသလိုပါပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ ၾကည့္ေကာင္းတာကေတာ့ အမွန္ပါပဲ။

၃။ “The Mist”ထဲက Behemoth

မျမင္ႏုိင္တဲ့အရာေတြအေၾကာင္းေျပာရရင္ The Mist ထဲကမြန္းစတားကို ေျပာလို႕ရတယ္။ ဇာတ္လမ္းဇာတ္ကြက္က ေကာင္းတယ္။ အေကာင္ၾကီးကလား ဒီေန႕အထိ ေၾကာက္ေနေစခဲ့တယ္ဆို ယံုမလား။ အေကာင္ၾကီးၾကီး၊ သြားအစြယ္ေတြနဲ႕ Behemoth ျဖစ္ပါတယ္။ စကၠန္႕နည္းနည္းေလာက္ျမင္လိုက္ေပမယ့္လည္း Lovecraftian က ေၾကာက္စရာမေကာင္းဘူးလို႕ ေျပာရင္ ကၽြန္ေတာ္လိမ္ေနတာပါ။

၄။ “Pacific Rim” ထဲက Otachi

ဒီဇာတ္ကားကိုၾကည့္ဖူးမယ္ဆိုရင္ေတာ့ ေၾကာက္စရာမြန္းစတားေတြအမ်ားၾကီးကိုျမင္ေတြ႕ရမွာပါ။ အဲဒီအထဲကတစ္ေကာင္ကေတာ့ Otachi ျဖစ္ပါတယ္။ သူ႕မွာနာမည္ရွိမလားေတာ့ မသိေပမယ့္လည္း ကၽြန္ေတာ္ကေတာ့ ေသမင္းပ်ံလို႕ ေခၚခဲ့ပါတယ္။ Pacific Rim 2 ေထြလာမွာေတာ့ မြန္းစတားၾကီးဟာ ပိုၾကီးလာျပီးေတာ့ ထက္ျမက္လာပါတယ္။ CG ေတြကလည္း တကယ္ျဖစ္ေနသလားေအာက္ေမ့ရပါတယ္။

၅။ “The Babadook” ထဲက Babadook

ဒီဇာတ္ကားကိုၾကည့္တုန္းက ေၾကာက္လန္႕စရာကားတစ္ကားကိုၾကည့္ေနတာ။ ဘီယာေလးနဲ႕ မုန္႕ေလးစားျပီးေတာ့ ေအးေဆးၾကည့္ရမယ္္လို႕ ေတြးမိပါတယ္။ ကၽြန္ေတာ္ မွားသြားလားဗ်ာ။ တကယ္ေတာ့ မုန္႕ကိုမစားႏုိင္ခဲ့ပါဘူး။ ကၽြန္ေတာ့ရဲ႕အၾကိဳက္ဆံုး horror ဇာတ္ကားျဖစ္ခဲ့ပါတယ္။ ျဂိဳလ္သားနဲ႕ျဖစ္ေနတာပါ။ သင့္ကို spoil လုပ္တယ္ဆိုေပမယ့္ ေျပာလုိက္တာပိုေကာင္းမယ္ထင္လို႕ပါ။

၆။ “Alien” ထဲက Xenomorph

ဇာတ္ကားေတြထဲမွာ ေၾကာက္စရာအေကာင္းဆံုးအေကာင္ေတြကို ေျပာေနၾကတာမလား။ Xenomorphs ကေတာ့ ရက္စက္တဲ့မုဆိုး၊ ျပီးျပည္စံုတဲ့သားေကာင္ျဖစ္ပါတယ္။ ျဂိဳလ္သားကားေတြအေတာ္မ်ားမ်ားက စိတ္ေက်နပ္စရာမေကာင္းေပမယ့္လည္း အေဟာင္းေလးကိုၾကည့္ေနရတယ္လို႕ သေဘာထားလုိက္ပါ။

၇။ “The Thing” ထဲက The Thing

Xenomorph နဲ႕တူျပီးေတာ့ the Thing ကေတာ့ ဒ႑ာရီဆန္ပါတယ္။ သူ႕ရဲ႕ပံုေျပာင္းႏုိင္တဲ့စြမ္းရည္က သင့္ကိုအိပ္မက္ဆိုးေတြ ရက္ရွည္ေစပါလိမ့္မယ္။ “The Thing” ကေတာ့ ဆယ္ေက်ာ္သက္ဘ၀ကၾကည့္ဖူးသမွ်ထဲမွာ ေၾကာက္စရာအေကာင္းဆံုးပါပဲ။ ေတာ္ေတာ္ေလးေတာ့ စိတ္လႈပ္ရွားစရာေကာင္းပါတယ္။

၈။ “Godzilla” ရဲ႕ Godzilla

ဒီေန႕အတြက္ ေနာက္ဆံုးမြန္းစတားကေတာ့ မြန္းစတားဘုရင္ Godzilla ျဖစ္ပါတယ္။ ဒီေကာင္ကို ျမင္ဖူးသလားေတာ့ မသိပါဘူး။ အေစာပိုင္းဇာတ္ကားေတြကေတာ့ ဟာသလိုမ်ိဳးျဖစ္ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ Godzilla ဟာ ပိုျပီးေတာ့ အႏၲရာယ္မ်ားလာတယ္။ လူမ်ိဳးတံုးေအာင္ သတ္ေတာ့မယ္။ ကမာၻၾကီးကိုရွင္းပစ္ေတာ့မွာပါ။ က်န္ေနတဲ့လူသားေတြကလည္း အာကာသထဲကို ထြက္ေျပးရျပီ။ လံုး၀ၾကည့္လုိ႕ေကာင္းပါတယ္

Unicode

ဂေါ်ဇီလာလိုမျိုးကားတွေကို ကျွန်တော်ကြိုက်ပါတယ်။ ပါ၀ါရိမ်းဂျားရောပေါ့။ မကြိုက်တဲ့သူရှိလား။ အခုအချိန်အထိ ပါ၀ါရိမ်းဂျားဆို ကလေးတွေနဲ့ ရုံလုကြည့်ရတဲ့သူတွေ ရှိနေတုန်းပဲ။ ဘာကြောင့်ကြိုက်တာလဲလို့မေးရင် မြို့ထဲမှာပေါ်လာတတ်တဲ့ မကောင်းဆိုးဝါးကြီးတွေရဲ့ ဖျက်ဆီးပုံကလည်း တစ်စိတ်တစ်ဒေသပါနေမယ်ထင်တယ်။ မွန်းစတားတွေက အရွယ်စုံ၊ ပုံစံအစုံပဲလေ။ ဒီနေ့မှာတော့ ကျွန်တော်ရွေးချယ်ထားတဲ့ မွန်းစတားတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

သွေးပျက်စရာအကောင်းဆုံး ဇာတ်ဝင်မွန်းစတားရှစ်ဦးကို ဖိတ်ခေါ်ထားပါတယ်။

၁။ “Little Shop of Horrors” ထဲက Audrey II

ခင်ဗျားတော့မသိဘူး။ ကျွန်တော်ငယ်ငယ်လေးတုန်းက ဒီဇာတ်ကားကိုကြည့်ပြီးတော့ အတော်လေးကြောက်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးဇာတ်ကားမဟုတ်လို့လည်းဖြစ်နိုင်တာပဲ။ Audrey ကတော့ အပင်မွန်းစတားတစ်ကောင်ဖြစ်ပါတယ်။ သီချင်းဆိုတတ်ပြီးတော့ လူသားလည်းစားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဇာတ်ကားအကြောင်းကိုတော့ မမှတ်မိတော့ပေမယ့် “Feed me, Seymour!” ဆိုတဲ့အသံကြားလိုက်ရင် ချွန်ထက်နေတဲ့သွားကြီးတွေကို မြင်ယောင်ကာ ကျောချမ်းမိပါတယ်။

၂။ “Cloverfield” ထဲက Cloverfield မွန်းစတား

ဘာမှန်းမသိတာကြီးကိုကလည်း ကြောက်စရာကောင်းနေတတ်ပါတယ်။ Cloverfield universe မှာ ဇာတ်ကားသုံးကားရှိပါတယ်။ ဇာတ်ကားရဲ့ ၉၀%လောက်မှာ မွန်းစတားမပေါ်ပါဘူး။ ၁၀%သောအချိန်လေးမှာပဲ မွန်းစတားကိုတွေ့မြင်ရမှာပါ။ ဒါဟာပိုကြောက်အောင် လုပ်ထားသလိုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်ကောင်းတာကတော့ အမှန်ပါပဲ။

၃။ “The Mist”ထဲက Behemoth

မမြင်နိုင်တဲ့အရာတွေအကြောင်းပြောရရင် The Mist ထဲကမွန်းစတားကို ပြောလို့ရတယ်။ ဇာတ်လမ်းဇာတ်ကွက်က ကောင်းတယ်။ အကောင်ကြီးကလား ဒီနေ့အထိ ကြောက်နေစေခဲ့တယ်ဆို ယုံမလား။ အကောင်ကြီးကြီး၊ သွားအစွယ်တွေနဲ့ Behemoth ဖြစ်ပါတယ်။ စက္ကန့်နည်းနည်းလောက်မြင်လိုက်ပေမယ့်လည်း Lovecraftian က ကြောက်စရာမကောင်းဘူးလို့ ပြောရင် ကျွန်တော်လိမ်နေတာပါ။

၄။ “Pacific Rim” ထဲက Otachi

ဒီဇာတ်ကားကိုကြည့်ဖူးမယ်ဆိုရင်တော့ ကြောက်စရာမွန်းစတားတွေအများကြီးကိုမြင်တွေ့ရမှာပါ။ အဲဒီအထဲကတစ်ကောင်ကတော့ Otachi ဖြစ်ပါတယ်။ သူ့မှာနာမည်ရှိမလားတော့ မသိပေမယ့်လည်း ကျွန်တော်ကတော့ သေမင်းပျံလို့ ခေါ်ခဲ့ပါတယ်။ Pacific Rim 2 ထွေလာမှာတော့ မွန်းစတားကြီးဟာ ပိုကြီးလာပြီးတော့ ထက်မြက်လာပါတယ်။ CG တွေကလည်း တကယ်ဖြစ်နေသလားအောက်မေ့ရပါတယ်။

၅။ “The Babadook” ထဲက Babadook

ဒီဇာတ်ကားကိုကြည့်တုန်းက ကြောက်လန့်စရာကားတစ်ကားကိုကြည့်နေတာ။ ဘီယာလေးနဲ့ မုန့်လေးစားပြီးတော့ အေးဆေးကြည့်ရမယ််လို့ တွေးမိပါတယ်။ ကျွန်တော် မှားသွားလားဗျာ။ တကယ်တော့ မုန့်ကိုမစားနိုင်ခဲ့ပါဘူး။ ကျွန်တော့ရဲ့အကြိုက်ဆုံး horror ဇာတ်ကားဖြစ်ခဲ့ပါတယ်။ ဂြိုလ်သားနဲ့ဖြစ်နေတာပါ။ သင့်ကို spoil လုပ်တယ်ဆိုပေမယ့် ပြောလိုက်တာပိုကောင်းမယ်ထင်လို့ပါ။

၆။ “Alien” ထဲက Xenomorph

ဇာတ်ကားတွေထဲမှာ ကြောက်စရာအကောင်းဆုံးအကောင်တွေကို ပြောနေကြတာမလား။ Xenomorphs ကတော့ ရက်စက်တဲ့မုဆိုး၊ ပြီးပြည်စုံတဲ့သားကောင်ဖြစ်ပါတယ်။ ဂြိုလ်သားကားတွေအတော်များများက စိတ်ကျေနပ်စရာမကောင်းပေမယ့်လည်း အဟောင်းလေးကိုကြည့်နေရတယ်လို့ သဘောထားလိုက်ပါ။

၇။ “The Thing” ထဲက The Thing

Xenomorph နဲ့တူပြီးတော့ the Thing ကတော့ ဒဏ္ဍာရီဆန်ပါတယ်။ သူ့ရဲ့ပုံပြောင်းနိုင်တဲ့စွမ်းရည်က သင့်ကိုအိပ်မက်ဆိုးတွေ ရက်ရှည်စေပါလိမ့်မယ်။ “The Thing” ကတော့ ဆယ်ကျော်သက်ဘဝကကြည့်ဖူးသမျှထဲမှာ ကြောက်စရာအကောင်းဆုံးပါပဲ။ တော်တော်လေးတော့ စိတ်လှုပ်ရှားစရာကောင်းပါတယ်။

၈။ “Godzilla” ရဲ့ Godzilla

ဒီနေ့အတွက် နောက်ဆုံးမွန်းစတားကတော့ မွန်းစတားဘုရင် Godzilla ဖြစ်ပါတယ်။ ဒီကောင်ကို မြင်ဖူးသလားတော့ မသိပါဘူး။ အစောပိုင်းဇာတ်ကားတွေကတော့ ဟာသလိုမျိုးဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာတော့ Godzilla ဟာ ပိုပြီးတော့ အန္တရာယ်များလာတယ်။ လူမျိုးတုံးအောင် သတ်တော့မယ်။ ကမ္ဘာကြီးကိုရှင်းပစ်တော့မှာပါ။ ကျန်နေတဲ့လူသားတွေကလည်း အာကာသထဲကို ထွက်ပြေးရပြီ။ လုံးဝကြည့်လို့ကောင်းပါတယ်