ေဟတီက ၀ံပုေလြလူသားေတြရဲ႕ ဆန္းၾကယ္မႈ

ဒီတစ္ခါေတာ႔ ေျပာခ်င္လြန္းလို႔ရဲ႕ စာဖတ္ပရိသတ္ေတြကို ဝံပုေလြလူသားေတြ အေၾကာင္း ေျပာျပမွာပါ။ မြန္းစတားေတြအေၾကာင္းကို ေျပာရမယ္ဆုိရင္ေတာ့ လူသားစိတ္ေတြကို ဆြဲေဆာင္ႏုိင္စြမ္းရွိတဲ့ ယဥ္ေက်းမႈေတြထဲမွာ လူကေန တိရိစာၦန္ကိုေျပာင္းလဲႏုိင္တဲ့စြမ္းအားကလည္း ပါ၀င္ေနပါတယ္။ အဲဒီအထဲမွာ ၀ံပုေလြလူသားကလည္း နာမည္ၾကီးပါပဲ။ ဒါဟာ ကၽြန္ေတာ္တုို႕ရဲ႕ စိတ္ကူးယဥ္မႈေၾကာင့္ ထြက္လာတယ္လို႕ယူဆလို႕မရပါဘူး။ ကၽြန္ေတာ္တို႕နားလည္တာထက္ပိုတဲ့ တကယ့္မြန္းစတားေတြ ရွိေနပါတယ္။ အဲဒီလိုပုန္းေအာင္းေနတဲ့ အေကာင္ၾကီးေတြဟာ ေဟတီႏုိင္ငံရဲ႕ ငလ်င္အျပီးမွာေတာ့ အေမွာင္ထဲကေန ထြက္ေပၚလာခဲ့ၾကပါတယ္။ ငလ်င္အျပီးမွာ အသက္ရွင္သန္သူေတြဟာ အိုးမဲ့အိမ္မဲ့၊ သူခိုးဂ်ပိုးေတြနဲ႕ျပည့္ႏွက္ေနပါတယ္။ ၀ံပုေလြလူသားေတြလည္း ပါ၀င္တာေပါ့။

မူလလားရာတစ္ခုတည္းမဟုတ္ပါဘူး သူတို႕ေတြဟာ ကမာၻၾကီးရဲ႕ေနရာအမ်ိဳးမ်ိဳးမွာ ရာစုႏွစ္ေပါင္းမ်ားစြာကတည္းက တည္ရွိခဲ့တာပါ။ သူတို႕ကို နာမည္အမ်ိဳးမ်ိဳးနဲ႕ သိၾကပါတယ္။ ေရွးေခတ္ဂရိမွာ lycanthropus ၊ အိုင္ယာလန္မွာ faoladh ဒါမွမဟုတ္ conriocht ၊ ဒတ္ခ်္တို႕က woerwulf ၊ အီတလီေတြက lupo mannero  ၊ ျပင္သစ္မွာ loup-garou ၊ ဆာဘီယန္မွာ vulkodlaks ၊ အေရွ႕ဥေရာပမွာ mardagayl ၊ ဘူေဂးလ္ရီးယားမွာ varkulak လို႕ေခၚၾကတယ္။

ေတာင္အာဖရိကမွာေတာ့ lobizon ၊ ထရီနီဒက္မွာေတာ့ legarou ျဖစ္ပါတယ္။ ဒီေတာ့ ဘယ္လိုေနရာေနရာေတြမွာ ဘယ္လိုပဲေခၚေခၚ သူတို႕ရဲ႕တူညီခ်က္တစ္ခုကေတာ့ ပံုေျပာင္းႏုိင္တဲ့ မြန္းစတားျဖစ္ေနျခင္းပါပဲ။  အံ့ၾသစရာေကာင္းတာကေတာ့ လူသားမ်ိဳးႏြယ္အမ်ိဳးမ်ိဳး၊ ယဥ္ေက်းမႈအမ်ိဳးမ်ိဳးကို ဘယ္လုိေရာက္သြားတာလဲ။

ျမန္မာမွာလည္း သမန္း၀ံပုေလြဆိုတာ ရွိတယ္မလား။ ဒီေတာ့ သူတို႕ကလူေတြနဲ႕ ဘာကြာတာလဲ။ တကယ္ပဲ ပံုေျပာင္းႏုိင္တာလား။ ေဟတီကေတာ့ ဇြန္ဘီေတြနဲ႕ ဗူဒူးေမွာ္ေတြ ကိန္းေအာင္းရာေနရာတစ္ခုလည္း ျဖစ္ပါတယ္။ သူ႕မွာလည္း သူတို႕ရဲ႕၀ံပုေလြလူသားဗားရွင္းတစ္ခု ရွိပါတယ္။ သူတို႕ကေတာ့ je-rouges ဒါမွမဟုတ္ မ်က္လံုးနီၾကီးလို႕ တင္စားၾကပါတယ္။

ေဟတီကဘုိုးဘြားေတြကေတာ့ သူတို႕ရဲ႕ပံုေျပာင္းႏုိင္တဲ့စြမ္းအားဟာ ေမွာ္တိရိစာၦန္ရဲ႕အေရခြံကို ျခံဳထားတာ ဒါမွမဟုတ္ နတ္ဆိုးတစ္ပါးရဲ႕ ပူးကပ္မႈကိုခံေနရတဲ့သူလို႕ ေျပာေလ့ရွိပါတယ္။ နတ္ဆိုးကေတာ့ ပံုစံအမ်ိဳးမ်ိဳးကို ေျပာင္းႏုိင္တဲ့သူပါ။ အဲဒီလိုပူးကပ္ခံရျပီဆိုရင္ေတာ့ အေတာင္ပံေပါက္လာတဲ့လူသား ဒါမွမဟုတ္လည္း လူနဲ႕တိရိစာၦန္တစ္ပိုင္းေတြ ျဖစ္လာပါတယ္။ အဲဒီျဖစ္စဥ္အျပီးမွာေတာ့ အဲဒီအေကာင္ေတြဟာ ညအခ်ိန္ထြက္ျပီးေတာ့ ေသြးေသာက္ၾကပါတယ္။ သူတို႕အၾကိဳက္ကေတာ့ ကေလးေတြျဖစ္ပါတယ္။ je-rouge ေတြဟာ ကေလးေတြကို သတ္တာ၊ ခိုးတာေတြလုပ္ၾကပါတယ္။ အေမေတြက ညသန္းေခါင္မွာ ကေလးေတြကို လိုက္ရွာရင္းနနဲ႕ အခ်ိန္ကုန္ရတတ္ပါတယ္။ ေဟတီအမ်ိဳးသမီးတစ္ေယာက္ကေတာ့ ဒီလိုေျပာျပပါတယ္။

သူတို႕ဟာ ၀ံပုေလြ၊ ငွက္၊ တိရိစာၦန္တစ္ေကာင္ေကာင္ရဲ႕တစ္ပိုင္းျဖစ္ပါတယ္။

၀ံပုေလြလူသားေတြကေတာ့ ဗူဒူးကိုက်င့္ၾကံျပီးေတာ့ တိရိစာၦန္ေတြနဲ႕အေရျပားကို ၀တ္ဆင္ကာ ညအခ်ိန္မွာ သတ္ျဖတ္ၾကပါတယ္။ ၀ံပုေလြလူသားေတြကိုေတြ႕ခဲ့တယ္ဆိုတဲ့လူေတြလည္း အမ်ားၾကီးရွိပါတယ္။ ၀ံပုေလြလူသားေတြဟာ သာမန္လူေတြျဖစ္ပါတယ္။ သူတို႕ဟာ ဗူဒူးအက်င့္ကို က်င့္ျပီးေတာ့ တိရိစာၦန္ေတြရဲ႕အေရခြံကိုအသံုးျပဳကာ ညအခ်ိန္မွာ မြန္းစတားအျဖစ္ေျပာင္းလဲၾကတာပါ။ သူတို႕ရဲ႕အေရခြံထဲမွာဆိုရင္ သူတို႕ဟာ သန္မာၾကျပီးေတာ့ လူပံုစံထက္ သတ္ျဖတ္အားပိုေကာင္းပါတယ္။

je-rouges ရဲ႕ ဇာတ္လမ္းေတြကေတာ့ ေဟတီေတြကို ေၾကာက္စရာေကာင္းေအာင္လုပ္ထားပါတယ္။ အဲဒီအေကာင္ေတြဟာ ဆင္းရဲတဲ့သူေတြၾကားမွာ ပိုျပီးေတာ့ ယံုၾကည္မႈမ်ားတတ္ပါတယ္။ ဒ႑ာရီတစ္ခုျဖစ္ေနေပမယ့္လည္း ေဟတီသားအမ်ားစုကေတာ့ တကယ္ရွိတယ္လို႕ ယံုၾကည္ေနၾကဆဲပါပဲ။ သူတို႕ကိုျမင္ဖူးတယ္လို႕လည္းဆိုၾကပါတယ္။ တကယ္ေတာ့ ဒီယံုၾကည္ခ်က္ဟာ ဘာေၾကာင့္အားေကာင္းလာသလဲဆိုေတာ့ ထူးျခားတဲ့ေသဆံုးမႈေတြကို အျပစ္ပံုခ်လုိက္ၾကလို႕ပါပဲ။ je-rouge ေတြသတ္လိုက္တဲ့အေလာင္းေတြက ရြာသားေတြကို ပိုမိုထိတ္လန္႕ေစခဲ့ပါတယ္။

၂၀၁၀ခုႏွစ္ ေဟတီငလ်င္အျပီးမွာ အစီရင္ခံစာေတြ အမ်ားအျပားထြက္ေပၚလာခဲ့ပါတယ္။ စြမ္းအားျမင့္မားျပီးေတာ့ ျပင္းအား ၇ ေလာက္ရွိတဲ့ငလ်င္က ေဟတီျမိဳ႕ကို ၂၀၁၀ခုႏွစ္ ဇန္န၀ါရီ ၁၂ရက္ေန႕မွာ လႈပ္ခတ္သြားခဲ့တာပါ။ အေသအေပ်ာက္မ်ားခံျပီးေတာ့ လူေပါင္း၃မီလ်ံကို ထိခိုက္ေစခဲ့တာပါ။ အမ်ားစုကေတာ့ အိုးအိမ္မဲ့ျပီးေတာ့ လမ္းမေတြေပၚမွာ အိပ္ခဲ့ရပါတယ္။ လူေပါင္း ၆၉၀ ၀၀၀ ေလာက္ဟာ ဟင္းလင္းျပင္ထဲမွာအိပ္စက္ရျပီးေတာ့ je-rouge ေတြရဲ႕ ႏွိပ္စက္မႈကိုလည္း ခံရပါတယ္။ ရြက္ဖ်င္တဲေတြမွာ ၀င္ေရာက္တုိက္ခိုက္ျပီးေတာ့ ကေလးေတြကို ခိုးယူသြားတယ္လို႕ ဆိုပါတယ္။ အဲဒီထဲကတစ္ေယာက္ကေတာ့ တကၠသိုလ္ဘြဲ႕ရတစ္ေယာက္ျဖစ္တဲ့ Vladimir Cadet လည္း အပါအ၀င္ပါ။

သူဟာ Financial Times ကို အခုလိုေျပာျပခဲ့ပါတယ္။

“ ေဟတီမိသားစုအေတာ္မ်ားမ်ားကေတာ့ ဒီအရာကို ေၾကာက္လန္႕ၾကပါတယ္။ လမ္းမေတြထက္မွာ အိပ္စက္ေနတုန္းမွာ အဲဒီအရာေတြနဲ႕ ေနထိုင္ေနရပါတယ္။ ကေလးႏွစ္ေယာက္ကို ၀ံပုေလြလူသားေတြ ခိုးသြားတဲ့ အမ်ိဳးသမီးတစ္ေယာက္လည္း ရွိပါတယ္။ အဲဒီသတင္းက ေတာမီးလိုပ်ံ႕ႏွံ႕သြားပါတယ္။ အေမကေတာ့ ေျပာဖူးပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တစ္ခါမွမျမင္ဖူးပါဘူး။ ကၽြန္ေတာ္ငယ္ငယ္တုန္းက သူတို႕လက္ထဲပါသြားေတာ့မလိုျဖစ္ခဲ့ဖူးပါတယ္။ “

ဒီအေျခအေနကေတာ့ အေတာ္ဆိုးပါတယ္။ အိမ္ေျခမဲ့ေတြဟာ ညဘက္ကို ပတၱေရာင္လွည့္ျပီးေတာ့ မြန္းစတားရန္ကေန ကာကြယ္ၾကရပါတယ္။ အဲဒီအေကာင္ေတြကို ေအာင္ျမင္စြာရွာႏုိင္ခဲ့တယ္ဆိုတဲ့အေၾကာင္းေတြလည္း ထြက္ေပၚခဲ့ပါတယ္။ ၂၀၁၆ခုႏွစ္မွာ နားမၾကားတဲ့အမ်ိဳးသမီးသံုးဦး Jesula Gelin ၊ Vanessa Previl နဲ႕ Monique Vincent တို႕ဟာ Leveque ရြာကေနထြက္လာခဲ့ပါတယ္။ အဲဒီရြာကေတာ့ နားမၾကားသူေတြအတြက္ ေနစရာေပးထားတာပါ။ အေထာက္အပံ့ပစၥည္းေတြယူဖို႕အတြက္ မိုင္၂၀အကြာေလာက္ကို သြားလာခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ သူတို႕ကို ဆုတ္ျဖဲထား၊ လွ်ာေတြကိုလည္း ျဖတ္ေတာက္ထားျပီးေတာ့ ဆိုးဆိုး၀ါး၀ါးေသေနတဲ့ပံုေတြကို ေတြ႕ျမင္ရပါတယ္။ သူတို႕ဟာ ၀ံပုေလြလူသားေတြလို႕ သံသယရွိတာေၾကာင့္ အသတ္ခံရတယ္လို႕ သံသယအ၀င္ခံေနရတဲ့သူတစ္ေယာက္က ေျပာျပပါတယ္။

စံုစမ္းသူေတြကို သံသယရွိသူတစ္ေယာက္က ေျပာျပခ်က္အရ နားမၾကားတဲ့အမ်ိဳးသမီးေတြဟာ Gelin ရဲ႕ ခင္ပြန္းက သတ္လိုက္တာပါ။ သူတို႕မိသားစုေတြဟာ ဒီနားမၾကားသူေတြဟာ ၀ံပုေလြလူသားျဖစ္တယ္လို႕ ယူဆလို႕ပါပဲ။ သူတို႕ဟာ ၀ံပုေလြလူသားေတြကို အလြန္ေၾကာက္ရြံ႕ၾကပါတယ္။

အျခားေနရာမွာလည္း လူတစ္ေယာက္ကို ၀ံပုေလြလူသားလို႕ထင္တဲ့အတြက္ ေသေအာင္ရိုက္သတ္ခဲ့ပါတယ္။ အဲဒီလူဟာ ကေလးကိုခိုးယူခဲ့ပါတယ္။ ေနာက္ထပ္တစ္ေနရာမွာလည္း ပံုစံေျပာင္းေနတဲ့အခ်ိန္မွာပဲ အမ်ိဳးသမီးတစ္ဦးကို သတ္ျဖတ္ခဲ့ပါတယ္။ La Grotteရြာက အမ်ိဳးသားဟာ ကေလးေတြကို ျပန္ေပးဆြဲျပီးေတာ့ သတ္ျဖတ္ခဲ့တာေၾကာင့္ ၀ံပုေလြလူသားဆိုျပီးေတာ့ အေသသတ္ခဲ့ၾကပါတယ္။ La Grotte ရြာခံ Michaelle Casseus က အခုလိုေျပာထားပါတယ္။

ငလ်င္အျပီးမွာ loup-garou ဟာ ေထာင္ကေန လြတ္လာခဲ့တယ္။ ကေလးေတြကို ဖမ္းစားလို႕ ေထာင္ခ်ခံခဲ့ရတာပါ။ ညအခ်ိန္မွာ တဲေတြထဲကို၀င္ျပီးေတာ့ ကေလးဖမ္းေနခ်ိန္မွာ အသတ္ခံလုိက္ရတာျဖစ္ပါတယ္။

ဒီလိုအခ်က္အလက္ေတြအျပင္ UN နဲ႕ ကယ္ဆယ္ေရးေတြရဲ႕စစ္တမ္းအရ ငလ်င္အျပီးမွာ ကေလးျပန္ေပးဆြဲမႈနဲ႕ ကေလးေမွာင္ခိုမႈေတြ ထိုးတက္ခဲ့တယ္လို႕သိရပါတယ္။ မိဘမဲ့ေတြျဖစ္ၾကတာလည္း မနည္းပါဘူး။ အမ်ားစုကေတာ့ ေဒသခံဂန္းစတားေတြဟာ ကေလးေတြကိုေရာင္းျပီးေတာ့ အျမတ္ရွာခဲ့ၾကတာပါ။ ဒါေပမယ့္ ႏုိင္ငံျခားသားအမ်ားစုကေတာ့ ေမြးစားဖို႕ ေခၚသြားခဲ့ၾကပါတယ္။

အသက္၁၂ႏွစ္အရြယ္မွ ၁၂လသားအထိ ကေလးငယ္ ၃၃ဦးကို ေမွာင္ခိုလုပ္ငန္းလုပ္ခဲ့တဲ့အတြက္ အေမရိကန္လူမ်ိဳး ၁၀ေယာက္ကို ဖမ္းဆီးရမိခဲ့ပါတယ္။ အဲဒီကေလးေတြဟာ ၀ံပုေလြလူသားေတြနဲ႕ ဆက္စပ္ေနပါတယ္။

လူေတြက သူတို႕ရဲ႕အေၾကာက္တရားေၾကာင့္ loups-garous ေတြကို နာမည္ေပးထားခဲ့ပါတယ္။ သူတို႕ဟာ ကေလးခိုးတဲ့သူေတြျဖစ္ျပီးေတာ့ နတ္ဆိုးေတြလည္း မဟုတ္ပါဘူး။

je-rouges ဒါမွမဟုတ္ lougarou ေတြရဲ႕ အစီရင္ခံစာေတြဟာ ငလ်င္လႈပ္အျပီးမွာ အမ်ားၾကီးထြက္လာခဲ့ပါတယ္။ ဒါဟာ လူေတြရဲ႕စိတ္အားငယ္ေနခ်ိန္မွာ ယံုၾကည္မႈေတြပိုအားေကာင္းလာတတ္တာနဲ႕ ဆုိင္ေနမယ္ထင္ပါတယ္။ အေမွာင္ကမာၻ၊ ေမွာ္ပညာ၊ ၀ိညာဥ္ေတြကို ယံုၾကည္ၾကတဲ့ ေဟတီဘိုးဘြားေတြေၾကာင့္ လူသားတစ္ေယာက္ကို မြန္းစတားတစ္ေယာက္အျဖစ္ ပံုသြင္းလုိက္တာပါ။

ဒါေပမယ့္ ၀ံပုေလြလူသားေတြဆိုတာ တကယ္ရွိတယ္လို႕ ျငင္းေနၾကတုန္းပါပဲ။ သူတို႕အတြက္ေတာ့ သဘာ၀ရဲ႕ ႏွိပ္စက္မႈေၾကာင့္ ႏြမ္းလ်ေနတဲ့အျပင္ သဘာ၀လြန္မြန္းစတားေတြကိုလည္း ေၾကာက္ရြံ႕ေနခဲ့ရပါတယ္။ ဒါေၾကာင့္ ဒ႑ာရီ၊ ယံုတမ္း၊ ေမွာ္ပညာေတြက လက္ေတြ႕ဘ၀ရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္လာခဲ့ပါတယ္။

ဒီအေၾကာင္းအရာေလးကို ၾကိဳက္ႏွစ္သက္တယ္ဆိုရင္ ေျပာခ်င္လြန္းလို႔ စာမ်က္ႏွာကို See First လုပ္ထားျပီး ဆက္လက္အားေပးပါဦးေနာ္။

အခု တင္ဆက္ေပးလိုက္တဲ႔ အေၾကာင္းအရာေလးကေတာ႔ ေဟတီက ၀ံပုေလြလူသားေတြရဲ႕ ဆန္းၾကယ္မႈ

အေၾကာင္းပဲ ျဖစ္ပါတယ္။

Unicode

ဒီတစ်ခါတော့ ပြောချင်လွန်းလို့ရဲ့ စာဖတ်ပရိသတ်တွေကို ဝံပုလွေလူသားတွေ အကြောင်း ပြောပြမှာပါ။ မွန်းစတားတွေအကြောင်းကို ပြောရမယ်ဆိုရင်တော့ လူသားစိတ်တွေကို ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ယဉ်ကျေးမှုတွေထဲမှာ လူကနေ တိရိစ္ဆာန်ကိုပြောင်းလဲနိုင်တဲ့စွမ်းအားကလည်း ပါဝင်နေပါတယ်။ အဲဒီအထဲမှာ ဝံပုလွေလူသားကလည်း နာမည်ကြီးပါပဲ။ ဒါဟာ ကျွန်တော်တိုု့ရဲ့ စိတ်ကူးယဉ်မှုကြောင့် ထွက်လာတယ်လို့ယူဆလို့မရပါဘူး။ ကျွန်တော်တို့နားလည်တာထက်ပိုတဲ့ တကယ့်မွန်းစတားတွေ ရှိနေပါတယ်။ အဲဒီလိုပုန်းအောင်းနေတဲ့ အကောင်ကြီးတွေဟာ ဟေတီနိုင်ငံရဲ့ ငလျင်အပြီးမှာတော့ အမှောင်ထဲကနေ ထွက်ပေါ်လာခဲ့ကြပါတယ်။ ငလျင်အပြီးမှာ အသက်ရှင်သန်သူတွေဟာ အိုးမဲ့အိမ်မဲ့၊ သူခိုးဂျပိုးတွေနဲ့ပြည့်နှက်နေပါတယ်။ ဝံပုလွေလူသားတွေလည်း ပါဝင်တာပေါ့။

မူလလားရာတစ်ခုတည်းမဟုတ်ပါဘူး သူတို့တွေဟာ ကမ္ဘာကြီးရဲ့နေရာအမျိုးမျိုးမှာ ရာစုနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တာပါ။ သူတို့ကို နာမည်အမျိုးမျိုးနဲ့ သိကြပါတယ်။ ရှေးခေတ်ဂရိမှာ lycanthropus ၊ အိုင်ယာလန်မှာ faoladh ဒါမှမဟုတ် conriocht ၊ ဒတ်ချ်တို့က woerwulf ၊ အီတလီတွေက lupo mannero  ၊ ပြင်သစ်မှာ loup-garou ၊ ဆာဘီယန်မှာ vulkodlaks ၊ အရှေ့ဥရောပမှာ mardagayl ၊ ဘူဂေးလ်ရီးယားမှာ varkulak လို့ခေါ်ကြတယ်။

တောင်အာဖရိကမှာတော့ lobizon ၊ ထရီနီဒက်မှာတော့ legarou ဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုနေရာနေရာတွေမှာ ဘယ်လိုပဲခေါ်ခေါ် သူတို့ရဲ့တူညီချက်တစ်ခုကတော့ ပုံပြောင်းနိုင်တဲ့ မွန်းစတားဖြစ်နေခြင်းပါပဲ။  အံ့သြစရာကောင်းတာကတော့ လူသားမျိုးနွယ်အမျိုးမျိုး၊ ယဉ်ကျေးမှုအမျိုးမျိုးကို ဘယ်လိုရောက်သွားတာလဲ။

မြန်မာမှာလည်း သမန်းဝံပုလွေဆိုတာ ရှိတယ်မလား။ ဒီတော့ သူတို့ကလူတွေနဲ့ ဘာကွာတာလဲ။ တကယ်ပဲ ပုံပြောင်းနိုင်တာလား။ ဟေတီကတော့ ဇွန်ဘီတွေနဲ့ ဗူဒူးမှော်တွေ ကိန်းအောင်းရာနေရာတစ်ခုလည်း ဖြစ်ပါတယ်။ သူ့မှာလည်း သူတို့ရဲ့ဝံပုလွေလူသားဗားရှင်းတစ်ခု ရှိပါတယ်။ သူတို့ကတော့ je-rouges ဒါမှမဟုတ် မျက်လုံးနီကြီးလို့ တင်စားကြပါတယ်။

ဟေတီကဘိုုးဘွားတွေကတော့ သူတို့ရဲ့ပုံပြောင်းနိုင်တဲ့စွမ်းအားဟာ မှော်တိရိစ္ဆာန်ရဲ့အရေခွံကို ခြုံထားတာ ဒါမှမဟုတ် နတ်ဆိုးတစ်ပါးရဲ့ ပူးကပ်မှုကိုခံနေရတဲ့သူလို့ ပြောလေ့ရှိပါတယ်။ နတ်ဆိုးကတော့ ပုံစံအမျိုးမျိုးကို ပြောင်းနိုင်တဲ့သူပါ။ အဲဒီလိုပူးကပ်ခံရပြီဆိုရင်တော့ အတောင်ပံပေါက်လာတဲ့လူသား ဒါမှမဟုတ်လည်း လူနဲ့တိရိစ္ဆာန်တစ်ပိုင်းတွေ ဖြစ်လာပါတယ်။ အဲဒီဖြစ်စဉ်အပြီးမှာတော့ အဲဒီအကောင်တွေဟာ ညအချိန်ထွက်ပြီးတော့ သွေးသောက်ကြပါတယ်။ သူတို့အကြိုက်ကတော့ ကလေးတွေဖြစ်ပါတယ်။ je-rouge တွေဟာ ကလေးတွေကို သတ်တာ၊ ခိုးတာတွေလုပ်ကြပါတယ်။ အမေတွေက ညသန်းခေါင်မှာ ကလေးတွေကို လိုက်ရှာရင်းနနဲ့ အချိန်ကုန်ရတတ်ပါတယ်။ ဟေတီအမျိုးသမီးတစ်ယောက်ကတော့ ဒီလိုပြောပြပါတယ်။

သူတို့ဟာ ဝံပုလွေ၊ ငှက်၊ တိရိစ္ဆာန်တစ်ကောင်ကောင်ရဲ့တစ်ပိုင်းဖြစ်ပါတယ်။

ဝံပုလွေလူသားတွေကတော့ ဗူဒူးကိုကျင့်ကြံပြီးတော့ တိရိစ္ဆာန်တွေနဲ့အရေပြားကို ဝတ်ဆင်ကာ ညအချိန်မှာ သတ်ဖြတ်ကြပါတယ်။ ဝံပုလွေလူသားတွေကိုတွေ့ခဲ့တယ်ဆိုတဲ့လူတွေလည်း အများကြီးရှိပါတယ်။ ဝံပုလွေလူသားတွေဟာ သာမန်လူတွေဖြစ်ပါတယ်။ သူတို့ဟာ ဗူဒူးအကျင့်ကို ကျင့်ပြီးတော့ တိရိစ္ဆာန်တွေရဲ့အရေခွံကိုအသုံးပြုကာ ညအချိန်မှာ မွန်းစတားအဖြစ်ပြောင်းလဲကြတာပါ။ သူတို့ရဲ့အရေခွံထဲမှာဆိုရင် သူတို့ဟာ သန်မာကြပြီးတော့ လူပုံစံထက် သတ်ဖြတ်အားပိုကောင်းပါတယ်။

je-rouges ရဲ့ ဇာတ်လမ်းတွေကတော့ ဟေတီတွေကို ကြောက်စရာကောင်းအောင်လုပ်ထားပါတယ်။ အဲဒီအကောင်တွေဟာ ဆင်းရဲတဲ့သူတွေကြားမှာ ပိုပြီးတော့ ယုံကြည်မှုများတတ်ပါတယ်။ ဒဏ္ဍာရီတစ်ခုဖြစ်နေပေမယ့်လည်း ဟေတီသားအများစုကတော့ တကယ်ရှိတယ်လို့ ယုံကြည်နေကြဆဲပါပဲ။ သူတို့ကိုမြင်ဖူးတယ်လို့လည်းဆိုကြပါတယ်။ တကယ်တော့ ဒီယုံကြည်ချက်ဟာ ဘာကြောင့်အားကောင်းလာသလဲဆိုတော့ ထူးခြားတဲ့သေဆုံးမှုတွေကို အပြစ်ပုံချလိုက်ကြလို့ပါပဲ။ je-rouge တွေသတ်လိုက်တဲ့အလောင်းတွေက ရွာသားတွေကို ပိုမိုထိတ်လန့်စေခဲ့ပါတယ်။

၂၀၁ဝခုနှစ် ဟေတီငလျင်အပြီးမှာ အစီရင်ခံစာတွေ အများအပြားထွက်ပေါ်လာခဲ့ပါတယ်။ စွမ်းအားမြင့်မားပြီးတော့ ပြင်းအား ၇ လောက်ရှိတဲ့ငလျင်က ဟေတီမြို့ကို ၂၀၁ဝခုနှစ် ဇန်နဝါရီ ၁၂ရက်နေ့မှာ လှုပ်ခတ်သွားခဲ့တာပါ။ အသေအပျောက်များခံပြီးတော့ လူပေါင်း၃မီလျံကို ထိခိုက်စေခဲ့တာပါ။ အများစုကတော့ အိုးအိမ်မဲ့ပြီးတော့ လမ်းမတွေပေါ်မှာ အိပ်ခဲ့ရပါတယ်။ လူပေါင်း ၆၉၀ ၀၀၀ လောက်ဟာ ဟင်းလင်းပြင်ထဲမှာအိပ်စက်ရပြီးတော့ je-rouge တွေရဲ့ နှိပ်စက်မှုကိုလည်း ခံရပါတယ်။ ရွက်ဖျင်တဲတွေမှာ ဝင်ရောက်တိုက်ခိုက်ပြီးတော့ ကလေးတွေကို ခိုးယူသွားတယ်လို့ ဆိုပါတယ်။ အဲဒီထဲကတစ်ယောက်ကတော့ တက္ကသိုလ်ဘွဲ့ရတစ်ယောက်ဖြစ်တဲ့ Vladimir Cadet လည်း အပါအဝင်ပါ။

သူဟာ Financial Times ကို အခုလိုပြောပြခဲ့ပါတယ်။

“ ဟေတီမိသားစုအတော်များများကတော့ ဒီအရာကို ကြောက်လန့်ကြပါတယ်။ လမ်းမတွေထက်မှာ အိပ်စက်နေတုန်းမှာ အဲဒီအရာတွေနဲ့ နေထိုင်နေရပါတယ်။ ကလေးနှစ်ယောက်ကို ဝံပုလွေလူသားတွေ ခိုးသွားတဲ့ အမျိုးသမီးတစ်ယောက်လည်း ရှိပါတယ်။ အဲဒီသတင်းက တောမီးလိုပျံ့နှံ့သွားပါတယ်။ အမေကတော့ ပြောဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်တစ်ခါမှမမြင်ဖူးပါဘူး။ ကျွန်တော်ငယ်ငယ်တုန်းက သူတို့လက်ထဲပါသွားတော့မလိုဖြစ်ခဲ့ဖူးပါတယ်။ “

ဒီအခြေအနေကတော့ အတော်ဆိုးပါတယ်။ အိမ်ခြေမဲ့တွေဟာ ညဘက်ကို ပတ္တရောင်လှည့်ပြီးတော့ မွန်းစတားရန်ကနေ ကာကွယ်ကြရပါတယ်။ အဲဒီအကောင်တွေကို အောင်မြင်စွာရှာနိုင်ခဲ့တယ်ဆိုတဲ့အကြောင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ၂၀၁၆ခုနှစ်မှာ နားမကြားတဲ့အမျိုးသမီးသုံးဦး Jesula Gelin ၊ Vanessa Previl နဲ့ Monique Vincent တို့ဟာ Leveque ရွာကနေထွက်လာခဲ့ပါတယ်။ အဲဒီရွာကတော့ နားမကြားသူတွေအတွက် နေစရာပေးထားတာပါ။ အထောက်အပံ့ပစ္စည်းတွေယူဖို့အတွက် မိုင်၂ဝအကွာလောက်ကို သွားလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ကို ဆုတ်ဖြဲထား၊ လျှာတွေကိုလည်း ဖြတ်တောက်ထားပြီးတော့ ဆိုးဆိုးဝါးဝါးသေနေတဲ့ပုံတွေကို တွေ့မြင်ရပါတယ်။ သူတို့ဟာ ဝံပုလွေလူသားတွေလို့ သံသယရှိတာကြောင့် အသတ်ခံရတယ်လို့ သံသယအဝင်ခံနေရတဲ့သူတစ်ယောက်က ပြောပြပါတယ်။

စုံစမ်းသူတွေကို သံသယရှိသူတစ်ယောက်က ပြောပြချက်အရ နားမကြားတဲ့အမျိုးသမီးတွေဟာ Gelin ရဲ့ ခင်ပွန်းက သတ်လိုက်တာပါ။ သူတို့မိသားစုတွေဟာ ဒီနားမကြားသူတွေဟာ ဝံပုလွေလူသားဖြစ်တယ်လို့ ယူဆလို့ပါပဲ။ သူတို့ဟာ ဝံပုလွေလူသားတွေကို အလွန်ကြောက်ရွံ့ကြပါတယ်။

အခြားနေရာမှာလည်း လူတစ်ယောက်ကို ဝံပုလွေလူသားလို့ထင်တဲ့အတွက် သေအောင်ရိုက်သတ်ခဲ့ပါတယ်။ အဲဒီလူဟာ ကလေးကိုခိုးယူခဲ့ပါတယ်။ နောက်ထပ်တစ်နေရာမှာလည်း ပုံစံပြောင်းနေတဲ့အချိန်မှာပဲ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ La Grotteရွာက အမျိုးသားဟာ ကလေးတွေကို ပြန်ပေးဆွဲပြီးတော့ သတ်ဖြတ်ခဲ့တာကြောင့် ဝံပုလွေလူသားဆိုပြီးတော့ အသေသတ်ခဲ့ကြပါတယ်။ La Grotte ရွာခံ Michaelle Casseus က အခုလိုပြောထားပါတယ်။

ငလျင်အပြီးမှာ loup-garou ဟာ ထောင်ကနေ လွတ်လာခဲ့တယ်။ ကလေးတွေကို ဖမ်းစားလို့ ထောင်ချခံခဲ့ရတာပါ။ ညအချိန်မှာ တဲတွေထဲကိုဝင်ပြီးတော့ ကလေးဖမ်းနေချိန်မှာ အသတ်ခံလိုက်ရတာဖြစ်ပါတယ်။

ဒီလိုအချက်အလက်တွေအပြင် UN နဲ့ ကယ်ဆယ်ရေးတွေရဲ့စစ်တမ်းအရ ငလျင်အပြီးမှာ ကလေးပြန်ပေးဆွဲမှုနဲ့ ကလေးမှောင်ခိုမှုတွေ ထိုးတက်ခဲ့တယ်လို့သိရပါတယ်။ မိဘမဲ့တွေဖြစ်ကြတာလည်း မနည်းပါဘူး။ အများစုကတော့ ဒေသခံဂန်းစတားတွေဟာ ကလေးတွေကိုရောင်းပြီးတော့ အမြတ်ရှာခဲ့ကြတာပါ။ ဒါပေမယ့် နိုင်ငံခြားသားအများစုကတော့ မွေးစားဖို့ ခေါ်သွားခဲ့ကြပါတယ်။

အသက်၁၂နှစ်အရွယ်မှ ၁၂လသားအထိ ကလေးငယ် ၃၃ဦးကို မှောင်ခိုလုပ်ငန်းလုပ်ခဲ့တဲ့အတွက် အမေရိကန်လူမျိုး ၁ဝယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီကလေးတွေဟာ ဝံပုလွေလူသားတွေနဲ့ ဆက်စပ်နေပါတယ်။

လူတွေက သူတို့ရဲ့အကြောက်တရားကြောင့် loups-garous တွေကို နာမည်ပေးထားခဲ့ပါတယ်။ သူတို့ဟာ ကလေးခိုးတဲ့သူတွေဖြစ်ပြီးတော့ နတ်ဆိုးတွေလည်း မဟုတ်ပါဘူး။

je-rouges ဒါမှမဟုတ် lougarou တွေရဲ့ အစီရင်ခံစာတွေဟာ ငလျင်လှုပ်အပြီးမှာ အများကြီးထွက်လာခဲ့ပါတယ်။ ဒါဟာ လူတွေရဲ့စိတ်အားငယ်နေချိန်မှာ ယုံကြည်မှုတွေပိုအားကောင်းလာတတ်တာနဲ့ ဆိုင်နေမယ်ထင်ပါတယ်။ အမှောင်ကမ္ဘာ၊ မှော်ပညာ၊ ၀ိညာဉ်တွေကို ယုံကြည်ကြတဲ့ ဟေတီဘိုးဘွားတွေကြောင့် လူသားတစ်ယောက်ကို မွန်းစတားတစ်ယောက်အဖြစ် ပုံသွင်းလိုက်တာပါ။

ဒါပေမယ့် ဝံပုလွေလူသားတွေဆိုတာ တကယ်ရှိတယ်လို့ ငြင်းနေကြတုန်းပါပဲ။ သူတို့အတွက်တော့ သဘာဝရဲ့ နှိပ်စက်မှုကြောင့် နွမ်းလျနေတဲ့အပြင် သဘာဝလွန်မွန်းစတားတွေကိုလည်း ကြောက်ရွံ့နေခဲ့ရပါတယ်။ ဒါကြောင့် ဒဏ္ဍာရီ၊ ယုံတမ်း၊ မှော်ပညာတွေက လက်တွေ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။

ဒီအကြောင်းအရာလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ပြောချင်လွန်းလို့ စာမျက်နှာကို See First လုပ်ထားပြီး ဆက်လက်အားပေးပါဦးနော်။

အခု တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကတော့ ဟေတီက ဝံပုလွေလူသားတွေရဲ့ ဆန်းကြယ်မှု

အကြောင်းပဲ ဖြစ်ပါတယ်။