အောင်ရဲလင်းက ရုပ်ရှင်ရိုက်ဖို့ငြင်းတာမဟုတ်ပါဘူးဆိုတဲ့ နေခြည်ဦး

0
53

နေခြည်ဦးဟာ အခုလတ်တလောမှာ အချိန်တိုအတွင်းနာမည်တစ်လုံးရပြီး အနုပညာအလုပ်တွေဆက်တိုက်လုပ်နေသူလေးဖြစ်သလို ရုပ်ရှင်ကားကြီးတွေလည်းရိုက်ထားတဲ့ မြန်မာနိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်လို့နေပါပြီ။ နေခြည်ဦးက အောင်ရဲလင်းနဲ့အတူရုပ်ရှင်အရမ်းရိုက်ချင်နေတယ်ဆိုပြီးပရိသတ်တွေဆီက ဝေဖန်မှုတွေလည်းကြားနေရပါတယ်။ နေခြည်ဦးက မီဒီယာတွေနဲ့အင်တာဗျူးမှာ အဲဒီဝေဖန်မှုတွေအကြောင်းနဲ့ အချစ်ရေးအကြောင်းကို စိတ်ထဲရှိသလို ပွင့်ပွင့်လင်းလင်းဖြေကြားသွားတာတွေ့ရပါတယ်။

နေခြည်ဦးက အောင်ရဲလင်းနဲ့ ရုပ်ရှင်ရိုက်မယ့်အကြောင်းတွေအင်တာဗျူးတွေမှာပြောနေပေမယ့် အောင်ရဲလင်းဘက်ကဘာမှသိပ်မပြောတာနဲ့ပတ်သက်ပြီးအောင်ရဲလင်းကိုနားလည်ကြောင်း “သူငြင်းတာလည်းမဟုတ်ပါဘူး ဒါက သူ ဖြေတဲ့ပုံစံအတိုင်းသူဖြေသွားတာလေ။ သူအရင်တုန်းကလည်း ကိုအောင်ရဲလင်းဆိုတာ ဒီလိုပဲလေ။ နေခြည်ကကျတော့ အမြဲတမ်းဒီလိုပဲပွင့်ပွင့်လင်းလင်းပြောတာ နေခြည်က မီဒီယာတွေအကုန်လုံးက နေခြည့်သူငယ်ချင်းလိုပဲ နေခြည်သတ်မှတ်ထားတာ။ မီဒီယာတွေနောက်ကွယ်မှာရှိတဲ့ နေခြည့် ချီလီတွေကလည်း နေခြည်ပြောတာကိုနားလည်တယ်”လို့ ဖြေကြားထားပါတယ်။

နေခြည်ဦးက ဝိုင်းပြီးဝေဖန်နေကြတာနဲ့ပတ်သက်ပြီးတော့လည်းစိတ်ထဲသိပ်မထားတတ်ကြောင်းကို “နေခြည်က ရင်ဘတ်ကိုအမြဲတမ်းဖွင့်ထားတယ်။ အမေဆိုအမြဲပြောတယ်။ ကိုယ့်အကြောင်းတွေကိုသူများကိုအရမ်းမပြောနဲ့ပေါ့။ နေခြည်ကကျ အဲ့လိုမျိုးဟန်မဆောင်တတ်တာ။ နေခြည့်ရင်ထဲမှာရှိတာ ကောင်လေးတစ်ယောက်ကိုချောရင်လည်းချောတယ်။ အရပ်ရှည်တယ်။ ပါးချိုင့်လေးပါတယ်ပြောလိုက်တာပဲ။ ရင်ထဲမှာဘာမှနေခြည့်မှာဝှက်ထားစရာမရှိဘူး”လို့လည်း ရင်ဖွင့်ပြောထားပါသေးတယ်။

ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့အချစ်ရေးအကြောင်းကိုတော့ နေခြည်က အချစ်သစ်တွေ့ရင်တန်းယူဖြစ်မလားမသိဘူးဆိုပြီး “အစ်မရယ် အချစ်ရေးမှာတစ်ကနေပြန်စဖို့ဆိုတာ သိပ်ခက်တာသိလား။ ငယ်ငယ်တုန်းကဆိုအရမ်းလွယ်တယ်။ ကျူရှင်တက်တယ်။ ကျူရှင်မှာကောင်လေးက ကိုယ့်ကိုသကြားလုံးပေးရင်ကိုကြိုက်နေပြီ။ မုန့်စားဆင်းချိန်မှာ နှင်းဆီပန်းလေးပေးရင်ကို အရမ်းရင်ခုန်နေပြီ။ အခုကျတော့ အသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာ ကိုယ့်မိသားစုအကြောင်းကိုယ့်လုပ်ငန်းတွေအကြောင်းရှင်းပြဖို့ သုညကနေစဖို့အရမ်းခက်သွားပြီ။ နောက်တစ်ယောက်တွေ့ရင်တောင် နေခြည့်စိတ်ထင်တန်းများယူဖြစ်မလားမသိဘူး။ ဘာလို့ဆိုတော့ မစနိုင်တော့ဘူး။ သူ့အကြောင်းလည်းကိုယ်မသိချင်တော့ဘူး။ ကိုယ့်အကြောင်းလည်းသူမသိချင်တော့ဘူး”လိှု့ရှင်းပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေခြည်ဦးကိုချစ်ကြလား။နေခြည်ရဲ့ချစ်သူအသစ်ကဘယ်သူဖြစ်စေချင်ကြလဲ။ နေခြည်ရဲ့ရုပ်ရှင်ကားကြီးတွေထွက်လာရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say