အောင်လရဲ့ သီချင်းခွေကို သီချင်းတွေစီပေးခဲ့တဲ့ ဝိုင်းစု

0
93

နိုင်ငံကျော် Rock တေးဂီတအဖွဲ့တစ်ခုဖြစ်တဲ့ Reasonအဖွဲ့ရဲ့ ခေါင်းဆောင် အောင်လ နဲ့ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ အဆိုတော်တစ်ဦးအဖြစ် သီချင်းကောင်းတွေနဲ့ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တဲ့အပြင် အရင်တုန်းကလည်း သရုပ်ဆောင်မှု ပိုင်းနဲ့ ပရိတ်သတ် ချစ်ခင်မှု အများအပြားရရှိနေတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်း တို့ချစ်သူနှစ်ဦးဟာ ဂီတနဲ့ ပတ်သက်လာရင် တိုင်တိုင်ပင်ပင်လုပ်ကိုင်လျက်ရှိနေပြီးတော့ ဝိုင်းစုခိုင်သိန်းက သီချင်းရွေးတာတော်တယ်လို့ အောင်လက အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

ဝိုင်းစုခိုင်သိန်းက “အဓိက ပြောရရင်တော့ ဝိုင်းစုရဲ့ ပရိသတ်တွေပေါ့နော်။ ပရိသတ်တွေ တောင်းပေးလို့ အခုလို ဆန်ခါတင်စာရင်းထဲဝင်တာပေါ့။ ပရိသတ်တွေ အားပေးလို့သာ ဝိုင်းစု ဒီလိုဆုတွေရတာပေါ့။ အဲ့တော့ ပရိသတ်တွေ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။”လို့ ပြောခဲ့ပြီး ရရှိတဲ့ဆုတွေက ကိုယ့်အတွက် ဘယ်လိုမျိုး တွန်းအားတွေ ဖြစ်စေလဲလို့ မေးမြန်းလိုက်ရာ ဝိုင်းစုခိုင်သိန်းကပဲ “အများကြီး တွန်းအားဖြစ်စေပါတယ်။ ကိုယ့်ပရိသတ်အတွက် ကိုယ်က ဘယ်လောက်အထိကောင်းအောင် လုပ်ရမလဲဆိုတဲ့ အားတွေ အများကြီးဖြစ်စေတယ် အဲ့အတွက် ဝိုင်းစု သီချင်းတွေ ပိုလုပ်ချင်တယ်ပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

ဝိုင်းစုခိုင်သိန်းက ကံကောင်းတာများတဲ့ အပေါ်ကို အောင်လက “အဓိကသူက သီချင်းရွေးတာ တော်တာပေါ့နော် ပရိသတ်ကြိုက်မယ့်ဟာနဲ့ ပြီးတော့ သူလုပ်ချင်တဲ့ဟာနဲ့ကို မျှအောင်လုပ်နိုင်တယ်ပေါ့နော်။ အခုနောက်ပိုင်း ကျွန်တော့်ကိုလည်း သူပဲ စီစဉ်ပေးနေတယ်။ သူက ချိုခိုင်းတာရယ်လို့တော့မဟုတ်ဘူးပေါ့ ကျွန်တော့်ရဲ့ အသုံးတော်ခံဆိုရင် သူစီပေးထားတာပါ။”လို့ ပြောသွားခဲ့ပါတယ်။

အခုနောက်ပိုင်းမှာ ဆိုတာနဲ့ ပတ်သက်ပြီး အသံပိုင်းကို အားလျှော့လိုက်တာလားလို့ မေးမြန်းရာ အောင်လက ကိုယ့်စိတ်ကြိုက်ပဲ လုပ်ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဝိုင်းစုခိုင်သိန်းကလည်း အောင်လကို ဂီတနဲ့ ပတ်သက်ပြီး ဘာတွေ ပြောင်းလဲ ပေးဖြစ်လဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ “သီချင်းက အစတုန်းကတော့ Rock ကိုအရမ်းကြီး နားမလည်ဘူးပေါ့နော် သိတော့သိတယ် ဒါပေမဲ့ ထဲထဲဝင်ဝင်သိပ်မသိဘူး။ သူနဲ့ကျတော့ နည်းနည်းပြန်ပြီး သေချာလေ့လာတယ်။ သူနဲ့လည်း လိုက်မယ့်ဟာပေါ့နော် Rockပဲ အဲ့မှာမှ ပရိသတ် အားလုံး ကြိုက်မယ့်ဟာပေါ့နော်။ အဲ့မှာမှ သူနဲ့လည်း လိုက်မယ် Rockလည်း ဆန်မယ် အဲ့လိုပုံစံမျိုးကို ပြန်ပြီးတော့ ဒါလေးဆိုသင့်တယ်ဆိုရင် ဆိုသင့်တယ်ပေါ့နော်။ သူသီချင်းရေးရင်လည်း ဘေးကနေ အကြံဥာဏ်ပေးတယ်။ သူကြိုက်တဲ့ပုံစံလည်း ဖြစ်ရမယ်။ အားလုံးကြိုက်တဲ့ပုံစံလည်း ဖြစ်ရမယ် အဲ့လိုမျိုးပေါ့။”လို့ ပြောသွားခဲ့ပါတယ်။