အောင်မြင်ကျော်ကြားမယ့် ရုပ်ရှင်တွေမှာ ပါဝင်ဖို့ငြင်းပယ်ခဲ့မိသူများ

0
93

နာမည်ကြီးရုပ်ရှင်တွေဟာ သူတို့ရဲ့ သင်္ကေတလိုဖြစ်နေတဲ့ ဇာတ်ကောင်တွေနေရာမှာ အခြားသရုပ်ဆောင် ပြောင်းကြည့်မယ်ဆိုရင် လုံးဝတခြားစီ ဖြစ်သွားဖို့ရှိပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေဟာ တစ်ချို့ရုပ်ရှင်တွေရဲ့ အောင်မြင်လာနိုင်တဲ့ အတိုင်းအတာကို အထင်လွဲပြီး လက်မခံမိလို့ တခြားတစ်ယောက်နဲ့ရိုက်ပြီး အရမ်း အောင်မြင်သွားတာတွေ အများကြီးပါ။ ပြောချင်လွန်းလို့အတွက် အဲ့ဒီလို သရုပ်ဆောင်တွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။

၁. နာမည်ကျော်မင်းသားကြီး ရှောင်ကွန်နရီ (Sean Connery) ဟာ ရုပ်ရှင်သမိုင်းမှာ အကြီးမားဆုံး ရုပ်ရှင် နှစ်ကားကို ငြင်းပယ်ခဲ့ဖူးတယ်။ တစ်ကားက The Matrix ဖြစ်ပြီး Morpheus ဇာတ်ကောင်နေရာက သရုပ်ဆောင်ဖို့ အကမ်းလှမ်းခံခဲ့ရသလို The Lord of the Rings ရိုက်တော့လည်း မှော်ဆရာကြီး Gandalf အဖြစ် သူ့ကို အရင်လာကမ်းလှမ်းတာပါ။ သူက နှစ်ခုလုံးကို ဇာတ်ညွှန်းက ရှုပ်ထွေးလွန်းတယ်ဆိုပြီး ပယ်ချခဲ့တာပါ။

၂. ဟယ်ရီပေါ်တာနဲ့ နာမည်စကြီးတဲ့ မင်းသမီးလေး အမ်မာဝတ်ဆန် (Emma Watson) ကလည်း La La Land ရုပ်ရှင်အတွက် ကမ်းလှမ်းမှုကို Beauty and the Beast ရုပ်ရှင်ရိုက်ရက်နဲ့ တိုက်နေလို့ ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် နှစ်ကားစလုံးက မုန်းစရာမရှိပါဘူး။

၃. Titanic နဲ့ မင်းသမီးချော ကိတ်ဝင်းစလက်တို့ကို ဘယ်တော့မှ မေ့သွားကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိတ်ဝင်းစလက်ရဲ့ Rose ဇာတ်ကောင်နေရာကို နာမည်ကြီးမင်းသမီး Gwyneth Paltrow ကို အရင်ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး သူမက စိတ်မဝင်စားလို့ ပယ်ချခဲ့တာပါ။

၎. မင်းသားကြီး John Travolta ဟာလည်း Tom Hank ရဲ့အမှတ်အသားလို ဖြစ်နေတဲ့ Forrest Gump ရုပ်ရှင်ကို ရိုက်ကူးခွင့်ရဖို့ ကံကြုံခဲ့ပါသေးတယ်။ ဒါပေမယ့် Pulp Fiction ဇာတ်ကားကိုပဲ ရွေးချယ်လိုက်လို့ Tom Hank အနေနဲ့ တောက်ပခွင့် ရလာခဲ့သလို မင်းသားကြီး နှစ်ဦးလုံးဟာ သက်ဆိုင်ရာကားတွေမှာ သရုပ်ဆောင် စွမ်းရည်ပြနိုင်ခဲ့ပါတယ်။

၅. မင်းသမီးချော ကိတ်ဝင်းစလက်ဟာ Shakespeare in Love (1998 ခုနှစ်) ထဲမှာ ပါဝင်ဖို့ အခွင့်အရေး ရခဲ့ပေမယ့် ငြင်းပယ်ခဲ့တယ်။ ဒါပေမယ့် ရှိတ်စပီးယားရဲ့ ပြဇာတ်တစ်ခုဖြစ်တဲ့ Hamlet ထဲမှာတော့ ပါဝင်ခဲ့ဖူးပါတယ်။

၆. မင်းသမီးကြီး Sandra Bullock ဟာ The Blind Side ရုပ်ရှင်ထဲမှာ အော်စကာဆု ရရှိခဲ့တယ်။ အဆိုပါ ဇာတ်ကောင်နေရာဟာ စူပါစတား Julia Roberts ကိုအရင်ကမ်းလှမ်းခဲ့တာပါ။