ေျခေထာက္မ်ားထံုက်င္ရတာသတိထားသင့္လား

ေျခေထာက္တစ္ဖက္ (သို႔) ႏွစ္ဖက္စလံုး (သို႔) ေျခဖဝါးေတြထံုက်င္ေနတယ္ဆိုတာေျခေထာက္နဲ႔သက္ဆိုင္တဲ့အာရံုေၾကာေတြတေနရာရာမွာထိခိုက္ပ်က္စီးသြားလို႔ပဲျဖစ္ပါတယ္။တခ်ိဳ႕သူေတြမွာေတာ့ ေျခေထာက္မွာရိွတဲ့အစိတ္အပိုင္းတေနရာ (ဥပမာ တင္ပဆံု၊ေပါင္၊ေျခသလံုး) အစရိွတဲ့ေနရာေတြမွာပ ဲကြက္ၿပီးထံုက်င္ေနတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ ဒီလိုထံုက်င္ေနတဲ့အခါမွာအထိအေတြ႔ကိုမခံစားႏိုင္တာ၊ပူတာေအးတာကိုမသိေတာ႔တာ၊ နာက်င္မႈက ိုမသိေတာ့တာ၊ အသြားအလာအထိုင္အထခက္ခဲ ေလးလံလာတာေတြျဖစ္ႏိုင္ပါတယ္။ေျခေထာက္နဲ႔သက္ဆိုင္တဲ့အာရံုေၾကာေတြထိခိုက္ရတဲ့အေၾကာင္းအရာမ်ားစြာထဲကအျဖစ္မ်ားဆံုးအရာေတြကိုေဒါက္တာဇီဝကပရိတ္သတ္ေတြဗဟုသုတရေအာင္ေျပာျပေပးလိုက္ပါမယ္။

၁။ အာရုံေၾကာညပ္ျခင္း

ေျခေထာက္ကိုသြားတဲ့အာရံုေၾကာအမ်ားစုကခါးဆစ္႐ိုးကေနထြက္တာျဖစ္လို႔ခါးနာတာၾကာတဲ့သူေတြ၊ ခါးအ႐ိုးႀကီးေပါင္းေရာဂါရိွသူေတြမွာရံဖန္ရံခါေျခေထာက္ေတြထံုက်င္ေနတတ္ပါတယ္။



၂။ ခါးဆစ္အ႐ိုးျပားကြံ်ျခင္း




ခါးကိုထိခိုက္ဒဏ္ရာရဖူးတဲ့သူေတြမွာခါးဆစ္ၾကားထဲမွာရိွတဲ့အ႐ိုးျပားေလးကအျပင္သို႔ကြၽံထြက္လာတတ္ျပီးအာရံုေၾကာေတြကိုဖိမိႏိုင္ပါတယ္။ ဒီအခါမွာေျခေထာက္ေတြထံုက်င္ေနတတ္ပါတယ္။

၃။ ဆီးခ်ိဳေရာဂါ



ဆီးခ်ိဳေရာဂါဟာစနစ္တက်မကုသဘဲေနခဲ့ရင္အာရံံုေၾကာေတြကိုထိခိုက္ပ်က္စီးေစပါတယ္။ နာတာ႐ွည္ဆီးခ်ိဳေရာဂါသည္ေတြဟာေျခလက္ေတြထံုက်င္ေနတတ္ပါတယ္။

၄။ ေလျဖတ္ျခင္း

ေလျဖတ္တဲ့အခါဦးေႏွာက္မွာရိွတဲ့အာရံုေျကာေတြကိုထိန္းခ်ဳပ္တဲ့ေနရာကအလုပ္မလုပ္ႏိုင္ေတာ့တာေၾကာင့္သက္ဆိုင္ရာဘက္ျခမ္းမွာထံုက်င္ေနတာ၊ ေျခလက္ေတြလႈပ္မရေတာ့တာေတြျဖစ္တတ္ပါတယ္။

၅။ ေသြးေၾကာက်ဥ္းေရာဂါ

ေဆးလိပ္ေသာက္သူေတြမွာေသြးေၾကာေတြက်ဥ္းေနတတ္တာေၾကာင့္ေျခေထာက္ကိုေသြးေရာက္တာနည္းသြားတတ္ပါတယ္။ ေျခေထာက္ႂကြက္သားေတြေသြးအလံုအေလာက္မရတာေၾကာင့္လမ္းၾကာၾကာေလ်ွာက္တဲ့အခါမွာထံုက်င္ကိုက္ခဲလာတတ္ပါတယ္။

၆။ အရက္ေသာက္ျခင္း

အရက္ဟာအာရံုေၾကာေတြကုိထိခိုက္ပ်က္စီးေစႏိုင္တဲ့အဆိပ္အေတာက္တစ္ခုျဖစ္ပါတယ္။

၇။ ေက်ာက္ကပ္ေရာဂါ

နာတာ႐ွည္ေက်ာက္ကပ္ေရာဂါသည္ေတြြမွာ ေသြးတြင္း urea ေခၚ အဆိပ္ဓာတ္ေတြမ်ားေနတတ္ပါတယ္။ ဒီအဆိပ္ဓာတ္ေတြဟာအာ႐ုံေၾကာစနစ္ကိုထိခိုက္ပ်က္စီးေစႏိုင္ပါတယ္။

၈။ ေဆးဝါးမ်ား

Isoniazid လို႔ေခၚတဲ့တီဘီေရာဂါမွာအသံုးျပဳတဲ့ပိုးသတ္ေဆး၊ အခ်ိဳ႕ေသာကင္ဆာေဆးမ်ားႏွင့္HIV ေရာဂါအတြက္အသံုးျပဳတဲ့ေဆးတခ်ိဳ႕ဟာလည္းအာရံုေၾကာေတြကိုအနဲႏွင့္အမ်ားထိခို္က္ေစႏိုင္ပါတယ္။ဒါေတြအျပင္ တျခားအာရံုေၾကာမျကီးေရာင္ရမ္းတဲ့ေရာဂါေတြ၊ခါး႐ိုးကင္ဆာေရာဂါေတြ၊HIVေရာဂါ၊အနာႀကီးေရာဂါေတြမွာလဲ ေရာဂါအေပၚမူတည္ၿပီးခနၶာကိုယ္အစိတ္အပိုင္းေတြထံုက်င္ေနတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ဤေဆာင္းပါးကို ေဒါက္တာဇီဝကမွကူညီပံ့ပိုးပါသည္။

Unicode

ခြေထောက်တစ်ဖက် (သို့) နှစ်ဖက်စလုံး (သို့) ခြေဖဝါးတွေထုံကျင်နေတယ်ဆိုတာခြေထောက်နဲ့သက်ဆိုင်တဲ့အာရုံကြောတွေတနေရာရာမှာထိခိုက်ပျက်စီးသွားလို့ပဲဖြစ်ပါတယ်။တချို့သူတွေမှာတော့ ခြေထောက်မှာရှိတဲ့အစိတ်အပိုင်းတနေရာ (ဥပမာ တင်ပဆုံ၊ပေါင်၊ခြေသလုံး) အစရှိတဲ့နေရာတွေမှာပ ဲကွက်ပြီးထုံကျင်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလိုထုံကျင်နေတဲ့အခါမှာအထိအတွေ့ကိုမခံစားနိုင်တာ၊ပူတာအေးတာကိုမသိတော့တာ၊ နာကျင်မှုက ိုမသိတော့တာ၊ အသွားအလာအထိုင်အထခက်ခဲ လေးလံလာတာတွေဖြစ်နိုင်ပါတယ်။ခြေထောက်နဲ့သက်ဆိုင်တဲ့အာရုံကြောတွေထိခိုက်ရတဲ့အကြောင်းအရာများစွာထဲကအဖြစ်များဆုံးအရာတွေကိုဒေါက်တာဇီဝကပရိတ်သတ်တွေဗဟုသုတရအောင်ပြောပြပေးလိုက်ပါမယ်။

၁။ အာရုံကြောညပ်ခြင်း

ခြေထောက်ကိုသွားတဲ့အာရုံကြောအများစုကခါးဆစ်ရိုးကနေထွက်တာဖြစ်လို့ခါးနာတာကြာတဲ့သူတွေ၊ ခါးအရိုးကြီးပေါင်းရောဂါရှိသူတွေမှာရံဖန်ရံခါခြေထောက်တွေထုံကျင်နေတတ်ပါတယ်။

၂။ ခါးဆစ်အရိုးပြားကွံျခြင်း

ခါးကိုထိခိုက်ဒဏ်ရာရဖူးတဲ့သူတွေမှာခါးဆစ်ကြားထဲမှာရှိတဲ့အရိုးပြားလေးကအပြင်သို့ကျွံထွက်လာတတ်ပြီးအာရုံကြောတွေကိုဖိမိနိုင်ပါတယ်။ ဒီအခါမှာခြေထောက်တွေထုံကျင်နေတတ်ပါတယ်။

၃။ ဆီးချိုရောဂါ

ဆီးချိုရောဂါဟာစနစ်တကျမကုသဘဲနေခဲ့ရင်အာရံုံကြောတွေကိုထိခိုက်ပျက်စီးစေပါတယ်။ နာတာရှည်ဆီးချိုရောဂါသည်တွေဟာခြေလက်တွေထုံကျင်နေတတ်ပါတယ်။

၄။ လေဖြတ်ခြင်း

လေဖြတ်တဲ့အခါဦးနှောက်မှာရှိတဲ့အာရုံကြောတွေကိုထိန်းချုပ်တဲ့နေရာကအလုပ်မလုပ်နိုင်တော့တာကြောင့်သက်ဆိုင်ရာဘက်ခြမ်းမှာထုံကျင်နေတာ၊ ခြေလက်တွေလှုပ်မရတော့တာတွေဖြစ်တတ်ပါတယ်။

၅။ သွေးကြောကျဉ်းရောဂါ

ဆေးလိပ်သောက်သူတွေမှာသွေးကြောတွေကျဉ်းနေတတ်တာကြောင့်ခြေထောက်ကိုသွေးရောက်တာနည်းသွားတတ်ပါတယ်။ ခြေထောက်ကြွက်သားတွေသွေးအလုံအလောက်မရတာကြောင့်လမ်းကြာကြာလျှောက်တဲ့အခါမှာထုံကျင်ကိုက်ခဲလာတတ်ပါတယ်။

၆။ အရက်သောက်ခြင်း

အရက်ဟာအာရုံကြောတွေကိုထိခိုက်ပျက်စီးစေနိုင်တဲ့အဆိပ်အတောက်တစ်ခုဖြစ်ပါတယ်။

၇။ ကျောက်ကပ်ရောဂါ

နာတာရှည်ကျောက်ကပ်ရောဂါသည်တွေမှာ သွေးတွင်း urea ခေါ် အဆိပ်ဓာတ်တွေများနေတတ်ပါတယ်။ ဒီအဆိပ်ဓာတ်တွေဟာအာရုံကြောစနစ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။

၈။ ဆေးဝါးများ

Isoniazid လို့ခေါ်တဲ့တီဘီရောဂါမှာအသုံးပြုတဲ့ပိုးသတ်ဆေး၊ အချို့သောကင်ဆာဆေးများနှင့်HIV ရောဂါအတွက်အသုံးပြုတဲ့ဆေးတချို့ဟာလည်းအာရုံကြောတွေကိုအနဲနှင့်အများထိခိုက်စေနိုင်ပါတယ်။ဒါတွေအပြင် တခြားအာရုံကြောမကြီးရောင်ရမ်းတဲ့ရောဂါတွေ၊ခါးရိုးကင်ဆာရောဂါတွေ၊HIVရောဂါ၊အနာကြီးရောဂါတွေမှာလဲ ရောဂါအပေါ်မူတည်ပြီးခန္ဓာကိုယ်အစိတ်အပိုင်းတွေထုံကျင်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ဤဆောင်းပါးကို ဒေါက်တာဇီဝကမှကူညီပံ့ပိုးပါသည်။