ေျမထုနဲ႔ ​ေရထု အျပန္​အလွန္​ ​ေန​ရာ​ေျပာင္​းသြားရင္​ ဘာ​ေတြၾကံဳရႏိုင္​လဲ

ကမၻာ​ေျမရဲ႕ ၇၁ ရာခိုင္​ႏႈန္​းကို ​ေရထုကသာဖံုးလႊမ္​းထားတာျဖစ္​ပါတယ္​။ ​ေျမထုက ၂၇ ရာခိုင္​ႏႈန္​းသာ တည္​႐ွိ​ေနတာပါ။ ဒီလိုအ​ေျခအ​ေနမွာ ကမၻာ​ေျမ​ေပၚက ​ေရထုနဲ႔​ေျမထုသာ​ေနရာအ​ေျပာင္​းအလဲျဖစ္​သြားရင္​ ဘာ​ေတြၾကံဳရႏို္​င္​မလဲဆိုတာ စူးစမ္​းစရာ​ေမးခြန္​းတခုျဖစ္​လာပါတယ္​။ ဖတ္​႐ႈၾကည္​့ျကပါဦး။

ကမၻာ​ေျမရ​ဲ့အပူခ်ိန္​ စိုးရိမ္​ဖြယ္​ရာျမင္​့တက္​သြားမယ္​



​ေရထုက အပူဓာတ္​​ေတြကို တိတ္​တဆိတ္​စုပ္​ယူ​ျပ​ီး ​ေပ်ာက္​ကြယ္​​ေစတာျဖစ္​ပါတယ္​​။ ဒါ​ေၾကာင္​့ ​ေရထုပမာဏပိုၿပီးမ်ားျပားျခင္​းဟာ ကမၻာ​ေျမ​ေပၚက အပူခ်ိန္​ကိုထိန္​း​ေက်ာင္​း​ေပးထားတာျဖစ္​ပါတယ္​။ ​ေျမထုနဲ႔ ​ေရထု အျပန္​အလွန္​​ေနရာ​ေျပာင္​းသြားရင္​​ေတာ့ ကမၻာ​ေျမဟာ မတန္​တဆ ပူျပင္​း​ေျခာက္​​ေသြ႕သြားမွာပါ။

​ေလထုထဲမွာ ​ေအာက္​စီဂ်င္​​ေလ်ာ့နည္​းလာမယ္​




​ေရ​မွာ​ေပါက္​​ေရာက္​တဲ့ ​ေရ​ေနအပင္​​ေတြက ​ေလထုထဲက​ေအာက္​စီဂ်င္​ပမာဏရဲ႕ ၇၀ ရာခို္​င္​ႏႈန္​းကို​ေထာက္​ပံ့​ေပးထားတာပါ။ ဒါ့အျပင္​ ​ေရထုဟာ ကာဘြန္​ဒိုင္​​ေအာက္​ဆိုက္​ကိုလဲ စုပ္​ယူ​ေပးတာျဖစ္​ပါတယ္​။ ​ေရထုသာနည္​းပါးသြားရင္​ ​ေအာက္​စီဂ်င္​ပမာဏ​ေလ်ာ့နည္​းသြားၿပီး ကာဘြန္​ဒိုင္​​ေအာက္​ဆိုက္​ပမာဏ ျမင္​့တက္​လာမွာျဖစ္​တာ​ေၾကာင္​့ ကမၻာ​ေျမပူ​ေႏြးျခင္​းဟာပိုမုိဆိုးရြားလာမွာပါ။

သဘာဝ​ေတာတြင္​း တိရစၧာန္​​ေတြပ်က္​သုဥ္​းသြားမယ္​



အပူခ်ိန္​ျမင္​့တက္​ၿပီး ​ေအာက္​စီဂ်င္​​ေလ်ာ့လာမွာ​ေၾကာင္​့ သက္​႐ွိ​သတၱဝာ​ေတြဆက္​လက္​႐ွင္​သန္​ႏိုင္​ဖို႔ ခက္​ခဲသြားပါလိမ္​့မယ္​။ ဒါက႐ိုး႐ွင္​းတဲ့အခ်က္​ျဖစ္​ၿပီး အပင္​​ေတြမ႐ွိ​ေတာ့တာ​ေၾကာင္​့ အပင္​စားသတၱဝါ​ေတြက အစံုစားသတၱဝါ​ေတြထက္​ ပိုၿပီးမ်ိဳးတံုး​ေပ်ာက္​ကြယ္​သြားႏိုင္​​ေခ်႐ွိတာပါ။

ကုန္း​ေၾကာင္​း ​လမ္​းပန္​းဆက္​သြယ္​​ေရးစနစ္​ ​ပို​ေကာင္​းလာမယ္​

​ေရထု​ကယူထားတဲ့ ​ေနရာအစိတ္​အပိုင္​း​ေၾကာင္​့ အခက္​အခဲျဖစ္​​ေနရတဲ့လမ္​းပန္​းဆက္​သြယ္​​ေရးက​ေတာ့ ပိုအဆင္​​ေျပသြားပါလိမ္​့မယ္​။ တဖက္​​မွာ​ေတာ့ ​ေရ​ေၾကာင္​းလမ္​းပန္​းဆက္​သြယ္​​ေရးက​ေတာ့ ျပသနာႀကီးႀကီးမားမား႐ွိလာမွာပါ။

ၿမိဳ႕ျပစနစ္​နဲ႔ စီးပြ​ား​ေရးျပသနာၾကံဳရမယ္​

​ေရက လူ​ေတြရဲ႕အသက္​ဓာတ္​ျဖစ္​ပါတယ္​။ ​ေရ႐ွားပါးသြားရင္​​ေတာ့ ႏို္​င္​ငံအခ်င္​းခ်င္​း ​ေရ​ေၾကာင္​့ျဖစ္​ပြားရတဲ့စစ္​ပြဲ​ေတြအထိ ျပသနာ​ေတ​ြၾကံဳလာရႏို္​င္​ပါတယ္​​။ ဒါ​ေၾကာင္​့ စီးပြား​ေရး အ​ေျခအ​ေနအထိပါ ႐ိုက္​ခတ္​ၿပီးလူသား​ေတြသာထိခိုက္​ခံစားရမွာျဖစ္​ပါတယ္​။

Unicode

ကမ္ဘာမြေရဲ့ ၇၁ ရာခိုင်နှုန်းကို ရေထုကသာဖုံးလွှမ်းထားတာဖြစ်ပါတယ်။ မြေထုက ၂၇ ရာခိုင်နှုန်းသာ တည်ရှိနေတာပါ။ ဒီလိုအခြေအနေမှာ ကမ္ဘာမြေပေါ်က ရေထုနဲ့မြေထုသာနေရာအပြောင်းအလဲဖြစ်သွားရင် ဘာတွေကြုံရနိုင်မလဲဆိုတာ စူးစမ်းစရာမေးခွန်းတခုဖြစ်လာပါတယ်။ ဖတ်ရှုကြည့်ကြပါဦး။

ကမ္ဘာမြေရဲ့အပူချိန် စိုးရိမ်ဖွယ်ရာမြင့်တက်သွားမယ်

ရေထုက အပူဓာတ်တွေကို တိတ်တဆိတ်စုပ်ယူပြီး ပျောက်ကွယ်စေတာဖြစ်ပါတယ်။ ဒါကြောင့် ရေထုပမာဏပိုပြီးများပြားခြင်းဟာ ကမ္ဘာမြေပေါ်က အပူချိန်ကိုထိန်းကျောင်းပေးထားတာဖြစ်ပါတယ်။ မြေထုနဲ့ ရေထု အပြန်အလှန်နေရာပြောင်းသွားရင်တော့ ကမ္ဘာမြေဟာ မတန်တဆ ပူပြင်းခြောက်သွေ့သွားမှာပါ။

လေထုထဲမှာ အောက်စီဂျင်လျော့နည်းလာမယ်

ရေမှာပေါက်ရောက်တဲ့ ရေနေအပင်တွေက လေထုထဲကအောက်စီဂျင်ပမာဏရဲ့ ၇၀ ရာခိုင်နှုန်းကိုထောက်ပံ့ပေးထားတာပါ။ ဒါ့အပြင် ရေထုဟာ ကာဘွန်ဒိုင်အောက်ဆိုက်ကိုလဲ စုပ်ယူပေးတာဖြစ်ပါတယ်။ ရေထုသာနည်းပါးသွားရင် အောက်စီဂျင်ပမာဏလျော့နည်းသွားပြီး ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ မြင့်တက်လာမှာဖြစ်တာကြောင့် ကမ္ဘာမြေပူနွေးခြင်းဟာပိုမိုဆိုးရွားလာမှာပါ။

သဘာဝတောတွင်း တိရစ္ဆာန်တွေပျက်သုဉ်းသွားမယ်

အပူချိန်မြင့်တက်ပြီး အောက်စီဂျင်လျော့လာမှာကြောင့် သက်ရှိသတ္တဝာတွေဆက်လက်ရှင်သန်နိုင်ဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဒါကရိုးရှင်းတဲ့အချက်ဖြစ်ပြီး အပင်တွေမရှိတော့တာကြောင့် အပင်စားသတ္တဝါတွေက အစုံစားသတ္တဝါတွေထက် ပိုပြီးမျိုးတုံးပျောက်ကွယ်သွားနိုင်ချေရှိတာပါ။

ကုန်းကြောင်း လမ်းပန်းဆက်သွယ်ရေးစနစ် ပိုကောင်းလာမယ်

ရေထုကယူထားတဲ့ နေရာအစိတ်အပိုင်းကြောင့် အခက်အခဲဖြစ်နေရတဲ့လမ်းပန်းဆက်သွယ်ရေးကတော့ ပိုအဆင်ပြေသွားပါလိမ့်မယ်။ တဖက်မှာတော့ ရေကြောင်းလမ်းပန်းဆက်သွယ်ရေးကတော့ ပြသနာကြီးကြီးမားမားရှိလာမှာပါ။

မြို့ပြစနစ်နဲ့ စီးပွားရေးပြသနာကြုံရမယ်

ရေက လူတွေရဲ့အသက်ဓာတ်ဖြစ်ပါတယ်။ ရေရှားပါးသွားရင်တော့ နိုင်ငံအချင်းချင်း ရေကြောင့်ဖြစ်ပွားရတဲ့စစ်ပွဲတွေအထိ ပြသနာတွေကြုံလာရနိုင်ပါတယ်။ ဒါကြောင့် စီးပွားရေး အခြေအနေအထိပါ ရိုက်ခတ်ပြီးလူသားတွေသာထိခိုက်ခံစားရမှာဖြစ်ပါတယ်။