ကြွေရတဲ့ ယောက်ျားပုံစံက ဒီလိုမျိုးပါဆိုတဲ့ အော်န်ဆိုင်း

0
114

နိုင်ငံခြားသူလေးလို ဖြူသွယ်နွဲ့ပျောင်းတဲ့အသွင်သဏ္ဍာန်နဲ့ ချစ်ဖို့ကောင်းတဲ့စကားပြောဟန်လေးနဲ့ အထက်တန်းကျကျချစ်ဖို့ကောင်းတဲ့ စူပါမော်ဒယ်အော်န်ဆိုင်းကို မသိသူရှိမယ်မထင်ပါဘူး။ နောက်ပိုင်းမှာ အော်န်ဆိုင်းလေးက ပိုပြီးတည်ငြိမ်လာသလို Modelling ပိုင်းမှာလည်း အစကတည်းက Professional ကျပြီးသားဖြစ်တဲ့အတွက် ထူးချွန်တဲ့ ပြိုင်စံရှားမော်ဒယ်တစ်ဦးဖြစ်လို့နေပါပြီ။ အော်န်ဆိုင်းက လိုင်းမကြောင်ပဲ မော်ဒယ်ဆို မော်ဒယ်သီးသန့်သာလုပ်တဲ့အတွက် ပရိသတ်တွေက လေးစားပြီးပိုချစ်ရတယ်ဆိုရင်လည်းမှားမယ်မထင်ပါဘူး။ အော်န်ဆိုင်းက အားလုံးစိတ်ဝင်စားနေကြတဲ့ သူမရဲ့အချစ်ရေးအကြောင်းကို Media တွေနဲ့ interview မှာ ပြည့်ပြည့်စုံစုံဖြေကြားထားပါတယ်။

အော်န်ဆိုင်းက လူတွေသိချင်နေကြတဲ့အချစ်ရေးအကြောင်းကို  “ပြောချင်တာက ဘာမှရေရာတဲ့လောကကြီးမဟုတ်ဘူးပေါ့နော်။တကယ်ချပြတဲ့အချိန်မှ တကယ်အမှန်ပေါ့။ အမှန်အတိုင်းပြောရရင်ဘယ်ဟာပဲဘာပဲဖြစ်နေပါစေ ကိုယ် Focus ထားပြီးကိုယ်တန်ဖိုးထားတာ ဒီအလုပ်တစ်ခုတည်းပါပဲ”လို့ ဖြေကြားထားပါတယ်။

အော်န်ဆိုင်းက သဘောကျတဲ့ယောက်ျားလေးတွေပုံစံကိုလည်း “ကျွန်မက တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံတဲ့အချိန် respect ရှိတဲ့အမျိုးသားကိုသဘောကျတယ်။ကိုယ့်တစ်ယောက်တည်းကို Respect ရှိတာမျိုးမဟုတ်ဘူး၊ကိုယ့်တစ်ယောက်တည်းကိုတန်ဖိုးထားတာမဟုတ်ဘူး။ အခြားလူတွေကိုပါ respect နဲ့ ဆက်ဆံတတ်တဲ့လူ၊ အတွေးအခေါ်ကောင်းတဲ့လူ၊စာရိတ္တကောင်းတဲ့လူမျိုးကိုသဘောကျတယ်” လို့ပြောပြထားပြီး

အချစ်ကိုဦးစားပေးတတ်တဲ့လူမျိုးမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ်မြင်မိကြောင်းကိုလည်း “အော်န်ဆိုင်းက ပွင့်ပွင့်လင်းလင်းပြောရရင် အချစ်ကိုဦးစားပေးတတ်တဲ့ လူတွေထဲမှာလုံးဝမပါဘူး။ ဘာကြောင့်ရယ်လို့တော့ ကျွန်မလည်းအဖြေမရှိဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်လိုက်တဲ့အချိန်မှာ၊ပတ်ဝန်းကျင်မှာပြန် compare နှိုင်းယှဉ်ကြည့်တဲ့အချိန်မှာ သြော် ..ကိုယ်တော်တော်လေးကို အချစ်ကိုဦးစားမပေးတဲ့ထဲမှာပါတယ်ပေါ့နော်”လို့ ပြုံးပြီးဖြေကြားထားပါသေးတယ်။

နောက်ပြီး အော်န်ဆိုင်းက ကိုယ့်ကိုယ်ကိုယ် အချစ်ရေးကံကောင်းတယ်ကံဆိုးတယ်လို့ ဘယ်တော့မှမဝေခွဲဘူး ဆိုတဲ့အကြောင်းကိုလည်း “အချစ်ရေးတာ ကံကောင်းတယ်ကံဆိုးတယ်ဆိုတာ ကျွန်မက ဘယ်တော့မှမဝေခွဲဘူး၊ဘာလို့လဲဆိုတော့ ကံကောင်းတယ်ကံဆိုးတယ်ဆိုတာ သုံးသပ်ဖို့ဆိုတာ သြော်အခုအချိန်ကံဆိုးတယ်ဆိုပေမယ့်နောက်သုံးလေးငါးနှစ် ဆိုရင်ကံကောင်းဖို့ဖြစ်လာမယ်ဆိုရင်လည်း ကျွန်မပြောချင်တာ အခုအချိန်မှာ ကံကောင်းလားကံဆိုးလားဆိုတာ ပြောချင်တာဘယ်အရာကိုမဆိုပြောဖို့အရမ်းစောတယ်။ဘာလို့ဆိုအဆုံးသတ်မဟုတ်သေးဘူးပေါ့နော်”လို့ စဉ်းစဉ်းစားစားနဲ့ပဲပြုံးရွှင်စွာဖြေကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးထဲမှာရော အော်န်ဆိုင်းကိုချစ်တဲ့ပရိသတ်တွေရှိကြလား။ အော်န်ဆိုင်းရဲ့ချစ်သူဖြစ်မယ့် ကံကောင်းတဲ့ကောင်လေးကဘယ်သူလို့ထင်လဲ..ပြောခဲ့ကြဦးနော်။

Can’t Wait To Say

Unicode







Can’t Wait To Say