ခြိမ့်ကေကိုကို ဝေဖန်လိုက်တဲ့ ဇော်ဝင်းထွဋ်

0
91

ဦးညီထွဋ်ဟာ တစ်ခေတ်တစ်ခါက တစ်နိုင်ငံလုံးမှာ လျှမ်းလျှမ်းတောက်အောင်မြင်လွှမ်းမိုးထားခဲ့တဲ့ အဆိုတော်ကြီးဖြစ်ပြီး အခုထိလည်းအောင်မြင်မှု တည်မြဲနေဆဲ အရည်အချင်းရှိအနုပညာရှင်တစ်ယောက်လို့ပြောရင် ငြင်းဆိုသူရှိမယ်မထင်ပါဘူး။ ဇော်ဝင်းထွဋ်က လက်ရှိမှာလည်း အနုပညာအလုပ်တွေ သီချင်းတွေကို တစိုက်မတ်မတ်ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သလို ဂီတလောကထဲမှာလည်း ထဲထဲဝင်ဝင်ဆက်လက်လျှောက်လှမ်းနေဆဲဖြစ်ပါတယ်။ အခုတလောမှာ အရမ်းကိုနာမည်ကြီးလာတဲ့ ဘနားနား(ခေါ်) ခြိမ့်ကေကိုနဲ့ ပတ်သက်ပြီး ဦးညီထွဋ်က Popular Journal နဲ့ Interview မှာ ဖြေကြားပေးထားပါတယ်။

ခြိမ့်ကေကိုက နာမည်ကြီးချင်လို့လုပ်တာဆိုရင်တော့ ပြဿနာမရှိကြောင်း “အဓိကက နှစ်မျိုးရှိပါတယ်။ သူနာမည်ကြီးချင်လို့ အောင်မြင်ချင်လို့လုပ်တာဆိုရင်တော့အဆင်ပြေတယ်လေ။ သူအောင်မြင်တယ်။ နာမည်ကြီးသွားတယ်။ ကျွန်တော်တို့လုပ်တဲ့ပုံစံကျတော့ ကိုယ်က မလုပ်ရရင်မနေနိုင်လို့ ရွေးချယ်မှုတစ်ခုတည်းနဲ့ကျွန်တော်ကလုပ်ရတာကိုး နာမည်မကြီးလည်းလုပ်ရမယ်ဆိုတဲ့သဘောမျိုးရှိတာပေါ့”လို့ပြောထားပါတယ်။

ဦးညီထွဋ်က ကိုယ်တိုင်လည်း စန်းထပြီးနာမည်ကြီးဖူးတာကြောင့် အဲဒါမျိုးကိုကြောက်ကြောင်းကို “တကယ့် Musician နဲ့ သူ့ဟာသူ စန်းထပြီးနာမည်ကြီးတာနဲ့တော့မတူဘူးပေါ့။ ကျွန်တော်တို့ကတော့ အဲ့လိုစန်းထပြီးနာမည်မကြီးချင်ဘူးပေါ့နော်။ အဲ့လိုကြီးရင် ကျွန်တော်တို့လည်းအရမ်းဒုက္ခရောက်တာပေါ့။ အဲ့လိုဖြစ်နေရင် ဘာမှန်းညာမှန်းမသိပဲ ဝိုင်းကြိုက်ပြီးတော့ ကိုယ်ကလည်း ဘာဆက်လုပ်ရမှန်းမသိ။ အဲ့လိုဘဝမျိုးကိုကျွန်တော်တို့လည်းရောက်ခဲ့ဖူးပါတယ်။ကိုယ့်ကိုဘာမှန်းညာမှန်းမသိပဲစွတ်ကြိုက်နေတဲ့အချိန်ပေါ့နော်။ အဲ့ဒါမျိုးကျတော့ ကိုယ်က အရမ်းဒုက္ခရောက်တာပေါ့။”လို့ ရင်ဖွင့်ထားပါတယ်။

စန်းထပြီးနာမည်ထကြီးနေတဲ့ သူတွေကို ဦးညီထွဋ်က “အဲ့လိုဖြစ်နေတဲ့ကလေးတွေကိုလည်း ဘဝမှာတစ်ခါတော့ ထိပ်ဆုံးရောက်ဖူးတာပေါ့။ အဲဒီအရသာကိုသူအပြည့်အဝခံစားလိုက်ပေါ့။ ဒါတွေက တစ်ချိန်ကျတော့ ပျောက်သွားမှာပေါ့။ အဓိကကတော့ ကိုယ်လိုချင်တာကိုရှာဖွေဖို့ပါပဲ။ ကျွန်တော်တို့လည်း အတွေ့အကြုံတွေမှာ ဘဝမှာ ကိုယ်မလိုချင်တာ ကိုယ်တကယ်မကြိုက်တဲ့ဟာတွေကို ရှာဖွေရင်းနဲ့ အချိန်တွေကုန်ခဲ့တာပေါ့။ ဘဝက တိုတိုလေးပါ။ ဒါကြောင့် ဘဝကို အရသာရှိရှိသုံးဆောင်ရင်းနဲ့ အချိန်တွေကိုဖြတ်သန်းဖို့ပဲအကြံပေးချင်ပါတယ်”လို့ ပြောထားပါတယ်။

ဦးညီထွဋ်က စန်းထပြီးနာမည်ကြီးသူတွေက Social Media နဲ့ ပေါင်းလိုက်တော့ပိုဆိုးသွားကြောင်းကို “In the future တဲ့ everyone will be famous for atleast 15 minutes ပေါ့။ အနာဂတ်မှာ လူတိုင်းလူတိုင်းက အနည်းဆုံး ဆယ့်ငါးမိနစ်တော့အောင်မြင်ကြမှာပါပဲတဲ့။ အဲဒါက Pop Culture ကိုပြောသွားတာ။ ဒါပေမယ့် အဲဒီ culture က Social Media နဲ့ပေါင်းလိုက်တော့ ပိုပြီးတော့ နာမည်ကြီးရင် ဘယ်လိုကြီးရကြီးရဆိုတာမျိုးဖြစ်လာတယ်”လို့ သုံးသပ်ပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဦးညီထွဋ်ကိုချစ်ကြလား။ ဦးညီထွဋ်ရဲ့ ဘနားနားအပေါ်အမြင်ကိုရော သဘောတူကြလား။ ဦးညီထွဋ်ရဲ့သီချင်းအသစ်တွေထွက်လာရင်ရော အားပေးကြမှာလား။

Can’t Wait To Say