ပြဇာတ်နဲ့ ရုံသွင်းပြစားခဲ့ရသော လူထူးလူဆန်းများ
0
53
Unicode
Joice Heth ဆိုတဲ့ အမျိုးသမီးကြီးအသက်ကတော့ 161 နှစ်ရှိခဲ့တာဖြစ်ပါတယ်။သူမဟာ လက်သည်းရှည်ကြီးတွေနဲ့ အရေပြားသာ ရှိသည့် လက်ချောင်းတွေ ရှိပါတယ်။သူဟာ အရမ်းအသက်ကြီလွန်းတော့ မျက်လုံးမမြင်တော့ပါဘူး။နားတော့ ကောင်းကောင်းကြားပါတယ်။သူ့ကို 1830 ခုနှစ်မှာ ရုံသွင်းပြသပါတယ်။သူက ရန်ဖြစ်တာ စကားစစ်ထိုးတာမျိုး လုပ်ပြီး ပရိသတ်ကို ရယ်အောင်လုပ်ပါတယ်။သူ့ကြောင့် အမြဲ ရုံလျှံပါတယ်။သူ့ကို ပွဲတပွဲအတွက် ဒေါ်လာ 1000 ပေးရပါတယ်။
Charles Stratton ဆိုတဲ့ အမျိုးသားကတော့ တကယ့်ငလက်မလေးဖြစ်ပြီး သူဟာ လေးနှစ်သား ကလေးလောက်ထင်ရပါတယ်။သူဟာ 25 လက်မပဲရှိပြီး ပေါင်က 15 ပေါင်သာ ရှိပါတယ်။သူ ခြောက်လသားမှာ ပုံမှန်ကလေးတွေလိုဖြစ်ပေမယ့် နောက်ပိုင်းတော့ ထပ်ကို မထွားပဲ ငလက်မဖြစ်သွားပါတယ်။သူဟာ ချစ်မွှေးတော့ ပါပါတယ်။1850 ခုနှစ် ပြဇာတ်ထဲလိုက်တော့ သူဟာ အတော်လေးပေါက်တဲ့ မင်းသားတလက်ဖြစ်ခဲ့ပါတယ်။
အပေါ်က ငလက်မလေးပြီးတော့ သူ့ညီမလို့ တင်စားခေါ်ဝေါ်သူရှိပါတယ်။သူမ နာမည်ကတော့ Lavinia ဖြစ်ပါတယ်။သူ့ညီမကတော့ Minnie Warren ဖြစ်ပါတယ်။ နှစ်ယောက်လုံးက လူပုလေးတွေဖြစ်ပြီး တကယ့်ကို မထွားတော့ပါဘူး။ကလေးတွေလို ဖြစ်နေပြီးတော့ သူတို့ဟာ ပြဇာတ်ကတဲ့အခါ သရုပ်ဆောင်ကောင်းသူတွေဖြစ်ပါတယ်။သူတို့ကို ဇာတ်ထဲခေါ်ပြီး ရုံသွင်းပြစားခဲ့ပါတယ်။
Myrtle Corbin ကတော့ ထူးဆန်းစွာ မွေးဖွားလာသူဖြစ်ပြီး သူမဟာ ခြေလေးချောင်းပါဝင်ပါတယ်။အပေါ်ပိုင်းကတော့ သာမာန်သာဖြစ်ပြီး သူဟာ လမ်းကို ပုံစံမျိုးစုံနဲ့ လျှောက်ပြတတ်ပါတယ်။သူ့ောကာင့် ဇာတ်ရုံဟာ ရုံလျှံခဲ့ပါတယ်။တပတ်ကို သူဟာ ဒေါ်လာ 450 ရရာပါတယ်။သူပါတြ့ ပွဲဆိုရင် ရုံက တပတ်ကို ဒေါ်လာ 11000 ရရှိပါတယ်။
William Henry Johnson ဆိုတာ ခေါင်းသေးတဲ့ လူဖြစ်ပါတယ်။သူ့လို လူမျိုးတွေ ရှိပါတယ်။ဒါကို ဆေးပညာအရ “Microcephaly,” လို့ ခေါ်ပြီး သူတို့ဟာ အနည်းငယ်တော့ မူမှန်ပါဘူး။သူများကိုတော့ တိုက်ခိုက်လေ့မရှိပဲ သူတို့ဟာ သူတို့တော့ ချစ်စဖွယ် အပြုအမူတွေ လုပ်တတ်ပါတယ်။သူတို့ကို ရုံသွင်းပြသတော့ သတိူု့ပုံစံနဲ့ သူတို့ ပြောတဲ့ စကားအလွဲတွေကြောင့် ပရိသတ်က သောင်းသောင်းဖြဖြ ကြိုဆိုပါတယ်။
Prince Randian ဆိုတဲ့ အမျိုးသားကို ပိုးတုံးလုံးလို့ ခေါ်ပါတယ်။သူဟာ လက်တွေရော ခြေတွေရောမပါပဲ လှိမ့်ပြီး သွားရပါတယ်။သူဟာ လူမည်းတစ်ယောက်ဖြစ်ပြီး အသက် 18 နှစ်မှာ ပြဇာတ်ထဲရောက်လာတာဖြစ်ပါတယ်။သူက ပါးစပ်တခုထဲနဲ့ ပစ္စည်းယူတာ ဆေးလိပ်သောက်တာနဲ့ မီးခြစ်တာတွေလုပ်လေ့ရှိပါတယ်။
ဒါဟာ လူရိုင်းတွေဖြစ်ပြီး သူတို့ဟာ ညီအစ်ကိုတွေဖြစ်ပါတယ်။သူတို့ဟာ သူတို့မျိုးနွယ်စုစကားကိုတတ်ပါတယ်။အစိမ်းပဲစားပြီးတော့ အက်တွေရဲ့ အရသာကို နောက်ပိုင်းမှာ ပိုကြိုက်သွားတာဖြစ်ပါတယ်။သူတို့ဟာ သန်မာပြီးတော့ သူတို့ပြောတဲ့ စကားတွေ ထူးဆန်းပါတယ်။ဒါကြောင့် ရုံသွင်းပြသခဲ့ရာမှာ အကျိုးအမြတ်များစွာ ရရှိခဲ့ပါတယ်။
Josephine Clofullia ဆိုတဲ့ အမျိုးသမီုးကို 1827 ခုနှစ်က ဆွဇ်ဇာလန်မှာ မွေးခဲ့တာဖြစ်ပြီး သူဟာ ဟော်မုန်းအပြောင်းအလဲကြောင့် မျက်နှာမှာ မုတ်ဆိတ်တွေပေါက်နေတာဖြစ်ပါတယ်။နောက်တော့ သူဟာ ယောကျင်္ားလိုပဲ ဝတ်ဆင်ခဲ့ပါတယ်။ဒါကို သိသွားတဲ့ ရုံပိုင်ရှင်ကတော့ သူ့ကို မိန်းကလေးလို ပြန်ဝတ်ခိုင်းပြီး ရုံသွင်းပြသခဲ့ပါတယ်။
Chang Yu Sing ဆိုတာ တရုတ်အမျိုးသမီးဖြစ်ပြီးတော့ သူမဟာ အရပ် 8 ပေရှိတာဖြစ်ပါတယ်။အလေးချိန်က 364 ရှိတာဖြစ်ပါတယ်။သူမကို သီးသန့်ဝတ်စုံချုပ်ပေးရပြီးတော့ တောက်တော့ တပေထပ်တိုးပြီး ရှည်ကာ 9 ပေဖြစ်သွားပါတယ်။သူ့ကို ပြပွဲမှာ ပြသရာ ရုံလျှံခဲ့ပါတယ်။
Isaac W. Sprague ဆိုတဲ့ အမျိုးသားကတော့ အရိုးစု လူသားဖြစ်ပါတယ်။သူဟာ အရိုးပေါ်အရေတင်ပြီး ဘယ်လောက်စားစား မဝတာဖြစ်ပါတယ်။သူ့ဟာ ရုပ်ပိုင်းဆိုင်ရာ အားနည်းပေမယ့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပါတယ်။သူ့ကို ရုံသွင်းပြသရာ သူဟာ သရုပ်ဆောင်ကောင်းပါတယ်။အသက် 46 နှစ်ရောက်မှ သာမာန်ရောဂါနဲ့ သေဆုံးခဲ့ပါတယ်။