ျပိဳင္ပြဲက တက္လာတဲ့ အဆိုေတာ္ေတြ အကုန္လံုး Melody World က ခ်ည္းပဲလို႕ေျပာလာတဲ့ ခ်မ္းခ်မ္း

0
43

အဆိုေတာ္ “ခ်မ္းခ်မ္း” ဆိုျပီး ပရိသတ္ေတြ သတိထားမိတဲ့ အခ်ိန္ကိုျပန္ေျပာင္းၾကည့္ရင္ Melody World စတင္ခဲ့တဲ့ ၂၀၀၇ ခုႏွစ္ကေန စရမွာပါ။ အခုလက္ရွိ အဆိုျပိဳင္ပြဲေတြလို အြန္လိုင္းကေနပရိသတ္မဲေပးမႈ မရွိေသး ၊ ဆိုရွယ္မီဒီယာ မထြန္းကားေသးတဲ့ အခ်ိန္ MWD Channel ကေနေစာင့္ၾကည့္အားေပးခဲ့ရတာေပါ့။

Melody World မွာ ပထမဆံုးလူသိမ်ားခဲ့ၾကတာက ထက္ေနၾကည္ ၊ ခ်မ္းခ်မ္းနဲ႕ ေၾကြလြင့္သြားျပီျဖစ္တဲ့ ကိုကိုေမာင္ တို႕ ကေန အစျပဳပါတယ္။ ေနာက္ပိုင္းမွာ အိုင္းရင္းဇင္မာျမင့္ ၊ ေကာင္းေကာင္း၊ ျဖိဳးျပည့္စံု ၊ နီနီခင္ေဇာ္တို႕ အထိ ေမြးထုတ္ေပးခဲ့တာလည္း Melody World ပါပဲ။

ေျပာခ်င္လြန္းလို႕ ပရိသတ္ေတြကို ဒီတစ္ေခါက္မွာေတာ့ Melody World နဲ႕ပတ္သက္ျပီး ခ်မ္းခ်မ္းေျပာလာတဲ့ အေၾကာင္းေလးကို ေဝမွ်ခ်င္ပါတယ္။ ခ်မ္းခ်မ္းက Melody World ကို အခုလက္ရွိျပိဳင္ပြဲေတြနဲ႕ ဘယ္လို ယွဥ္ျပထားလဲဆိုေတာ့ …..

“ လႊင့္ရတဲ့ Channel နဲ႕လည္းဆိုင္တာေပါ့ေနာ္။ တကယ္ၾကည့္ အားေကာင္းတဲ့ channel ျဖစ္ဖို႕ လိုတယ္။ ျပီးေတာ့ အစီအစဥ္ကိုပံ့ပိုးေပးမယ့္ စပြန္ဆာလည္းအားနည္းတာ ပါတယ္။ အမတို႕ျမန္မာႏိုင္ငံမွာက ႏိုင္ငံျခားက ေမြးစားလာတဲ့ ျပင္ပလိုင္စင္ရ TheVoice တို႕ Myanmar Idol တို႕ Myanmar’s Got Talent တို႕က ပိုျပီးေတာ့ စိတ္ဝင္စားစရာေကာင္းတဲ့ အစီအစဥ္ေတြျဖစ္လို႕ အဆိုသီးသန္႕မဟုတ္ဘဲ performance ေတြေရာ ဖက္ရွင္ပိုင္းေတြေရာ ဟာသေတြေရာ အစံုေရာျပြမ္းျပီး လာ တဲ့ အခါက်ေတာ့ လူေတြက talent ခ်ည္းပဲ မၾကည့္ခ်င္ၾကေတာ့ဘူး။

ဒါေၾကာင့္ Melody World က ဒိတ္ေအာက္သြားသလိုျဖစ္သြားတာေပါ့။ ဒါေပမဲ့ အရည္အခ်င္းကေတာ့ အမတို႕ Melody World ကထြက္သမွ် အဆိုေတာ္တိုင္းသည္ အရည္ အခ်င္းအဆင့္ဆင့္ အစစ္ခံရတာျဖစ္တဲ့ အတြက္ အႏုပညာလမ္းေၾကာင္းေပၚေရာက္ရင္ သူ႕ေနရာနဲ႕သူ သူ႕မွတ္တိုင္နဲ႕သူခ်ည္းပဲ။ အမတို႕ အႏုပညာေလာကမွာ ရွိသမွ် အဆိုေတာ္ေတြ ျပိဳင္ပြဲကတက္လာတယ္ဆို ဘယ္သူလဲၾကည့္လိုက္ရင္ အကုန္ Melody World ကခ်ည္းပဲ။” လို႕ဆိုလာပါတယ္။

သီခ်င္းဆိုတတ္သူတိုင္း အဆိုရွင္မျဖစ္ႏိုင္တဲ့ အေၾကာင္းကိုလည္း ခ်မ္းခ်မ္းက…. “ အဓိကကေတာ့ အရည္အခ်င္းရွိတဲ့သူေတြဆိုတာ performance တစ္ခုတည္းနဲ႕မရဘူး။ performance ရွိျပီး အဆိုမွာ ရပ္ေနလို႕လည္း မရဘူး။သူနဲ႕ လိုက္ဖက္တဲ့ performanceလည္းရွိရမယ္။ ဆြဲေဆာင္မႈရွိတဲ့ အသံပိုင္ရွင္လည္းျဖစ္ရမယ္။ သီခ်င္းဆိုတတ္တဲ့လူတိုင္း အဆိုေတာ္မျဖစ္ဘူး။ အဓိကကေတာ့ သီခ်င္းျပိဳင္ပြဲျပီးတာနဲ႕ အဆိုေတာ္တန္းျဖစ္ျပီေျပာလို႕ မရပါဘူး။” လို႕ဆိုပါတယ္။

လက္ရွိ အႏုပညာလႈပ္ရွား မႈအေနနဲ႕ ခ်မ္းခ်မ္းက Melody World 2007 လူေဟာင္းေတြ အကုန္လံုး ဖြဲ႕ျပီး အေခြသစ္တစ္ခုလုပ္ဖို႕စီစဥ္ေနပါတယ္။ ကိုကိုေမာင္ အမွတ္တရေရာ ဆရာ ေကေအတီ ေရးေပးတဲ့့ သီခ်င္းေတြေရာ ျပန္ထည့္ျပီး Group songs လည္း ျပန္ဆိုသြားမွာျဖစ္ပါတယ္။

Unicode

အဆိုတော် “ချမ်းချမ်း” ဆိုပြီး ပရိသတ်တွေ သတိထားမိတဲ့ အချိန်ကိုပြန်ပြောင်းကြည့်ရင် Melody World စတင်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ကနေ စရမှာပါ။ အခုလက်ရှိ အဆိုပြိုင်ပွဲတွေလို အွန်လိုင်းကနေပရိသတ်မဲပေးမှု မရှိသေး ၊ ဆိုရှယ်မီဒီယာ မထွန်းကားသေးတဲ့ အချိန် MWD Channel ကနေစောင့်ကြည့်အားပေးခဲ့ရတာပေါ့။

Melody World မှာ ပထမဆုံးလူသိများခဲ့ကြတာက ထက်နေကြည် ၊ ချမ်းချမ်းနဲ့ ကြွေလွင့်သွားပြီဖြစ်တဲ့ ကိုကိုမောင် တို့ ကနေ အစပြုပါတယ်။ နောက်ပိုင်းမှာ အိုင်းရင်းဇင်မာမြင့် ၊ ကောင်းကောင်း၊ ဖြိုးပြည့်စုံ ၊ နီနီခင်ဇော်တို့ အထိ မွေးထုတ်ပေးခဲ့တာလည်း Melody World ပါပဲ။

ပြောချင်လွန်းလို့ ပရိသတ်တွေကို ဒီတစ်ခေါက်မှာတော့ Melody World နဲ့ပတ်သက်ပြီး ချမ်းချမ်းပြောလာတဲ့ အကြောင်းလေးကို ဝေမျှချင်ပါတယ်။ ချမ်းချမ်းက Melody World ကို အခုလက်ရှိပြိုင်ပွဲတွေနဲ့ ဘယ်လို ယှဉ်ပြထားလဲဆိုတော့ …..

“ လွှင့်ရတဲ့ Channel နဲ့လည်းဆိုင်တာပေါ့နော်။ တကယ်ကြည့် အားကောင်းတဲ့ channel ဖြစ်ဖို့ လိုတယ်။ ပြီးတော့ အစီအစဉ်ကိုပံ့ပိုးပေးမယ့် စပွန်ဆာလည်းအားနည်းတာ ပါတယ်။ အမတို့မြန်မာနိုင်ငံမှာက နိုင်ငံခြားက မွေးစားလာတဲ့ ပြင်ပလိုင်စင်ရ TheVoice တို့ Myanmar Idol တို့ Myanmar’s Got Talent တို့က ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်တွေဖြစ်လို့ အဆိုသီးသန့်မဟုတ်ဘဲ performance တွေရော ဖက်ရှင်ပိုင်းတွေရော ဟာသတွေရော အစုံရောပြွမ်းပြီး လာ တဲ့ အခါကျတော့ လူတွေက talent ချည်းပဲ မကြည့်ချင်ကြတော့ဘူး။

ဒါကြောင့် Melody World က ဒိတ်အောက်သွားသလိုဖြစ်သွားတာပေါ့။ ဒါပေမဲ့ အရည်အချင်းကတော့ အမတို့ Melody World ကထွက်သမျှ အဆိုတော်တိုင်းသည် အရည် အချင်းအဆင့်ဆင့် အစစ်ခံရတာဖြစ်တဲ့ အတွက် အနုပညာလမ်းကြောင်းပေါ်ရောက်ရင် သူ့နေရာနဲ့သူ သူ့မှတ်တိုင်နဲ့သူချည်းပဲ။ အမတို့ အနုပညာလောကမှာ ရှိသမျှ အဆိုတော်တွေ ပြိုင်ပွဲကတက်လာတယ်ဆို ဘယ်သူလဲကြည့်လိုက်ရင် အကုန် Melody World ကချည်းပဲ။” လို့ဆိုလာပါတယ်။

သီချင်းဆိုတတ်သူတိုင်း အဆိုရှင်မဖြစ်နိုင်တဲ့ အကြောင်းကိုလည်း ချမ်းချမ်းက…. “ အဓိကကတော့ အရည်အချင်းရှိတဲ့သူတွေဆိုတာ performance တစ်ခုတည်းနဲ့မရဘူး။ performance ရှိပြီး အဆိုမှာ ရပ်နေလို့လည်း မရဘူး။သူနဲ့ လိုက်ဖက်တဲ့ performanceလည်းရှိရမယ်။ ဆွဲဆောင်မှုရှိတဲ့ အသံပိုင်ရှင်လည်းဖြစ်ရမယ်။ သီချင်းဆိုတတ်တဲ့လူတိုင်း အဆိုတော်မဖြစ်ဘူး။ အဓိကကတော့ သီချင်းပြိုင်ပွဲပြီးတာနဲ့ အဆိုတော်တန်းဖြစ်ပြီပြောလို့ မရပါဘူး။” လို့ဆိုပါတယ်။

လက်ရှိ အနုပညာလှုပ်ရှား မှုအနေနဲ့ ချမ်းချမ်းက Melody World 2007 လူဟောင်းတွေ အကုန်လုံး ဖွဲ့ပြီး အခွေသစ်တစ်ခုလုပ်ဖို့စီစဉ်နေပါတယ်။ ကိုကိုမောင် အမှတ်တရရော ဆရာ ကေအေတီ ရေးပေးတဲ့့ သီချင်းတွေရော ပြန်ထည့်ပြီး Group songs လည်း ပြန်ဆိုသွားမှာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here