ျမက္ခင္းစိမ္းေပၚကေန နည္းျပဘဝသို႔ ကူးေျပာင္းခ်င္ေနတဲ့ ရြန္းေန

0
78

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ့ ဂႏၱဝင္ကစားသမားေဟာင္း၊ အဂၤလန္အသင္းၾကီးရဲ့ အသင္းေခါင္းေဆာင္ေဟာင္း တိုက္စစ္မွဴးၾကီး ဝိန္းရြန္းနီကေတာ့ သူေဘာလံုး ကစားသမားဘဝက အနားယူပါက ျပဳလုပ္ခ်င္ေနတဲ့ ဆႏၵတစ္ခုကိုေတာ့ ထုတ္ေဖာ္ေျပာၾကားသြား ခဲ့ျပီျဖစ္ပါတယ္။ တိုက္စစ္မွဴး ရြန္းေနကေတာ့ သူေဘာလံုးကစားသမားဘဝ မွ အနားယူခဲ့ပါက နည္းျပတေယာက္အျဖစ္ ရပ္တည္သြားဖို႔ ဆႏၵရွိတယ္ဟု ေျပာခဲ့ပါတယ္။ ရြန္းနီရဲ့ အဂၤလန္အသင္းေဖာ္ေဟာင္းေတြ ျဖစ္တဲ့ ဂ်ရတ္နဲ႔ လမ္းပတ္တို႔ကလည္း လက္ရွိခ်ိန္မွာေတာ့ နည္းျပကိုယ္စီလုပ္ကိုင္ေနတာေၾကာင့္ ရြန္းေနကလည္း သူတို႔လိုလမ္းစဥ္ကိုလိုက္ဖို႔ စိတ္အား ထက္သန္ေနတာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ရြန္းေနဟာ ေမဂ်ာလိပ္ကလပ္တစ္ခုျဖစ္တဲ့ ဒီစီယူႏိုက္တက္မွာ ကစားေနတာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း သူ႔အေနနဲ႔ တဖက္တြင္ ဥေရာပေဘာလံုးအဖြဲ႔အစည္းရဲ့ နည္းျပ ဘီ လိုင္စင္ရရွိေအာင္လည္း ၾကိဳးစားေနေၾကာင္း သိရပါတယ္။ ရြန္းေနဟာ အဲဗာတန္အသင္းကေန ထြက္ခဲ့ျပီး ဒီစီယူႏိုက္တက္နဲ႔ ၂၀၂၂ ထိ စာခ်ဳပ္ခ်ဳပ္ဆိုထားတာေၾကာင့္ သူ႔အေနနဲ႔ကေတာ့ စာခ်ဳပ္ကုန္တဲ့အထိ ေဘာလံုးဆက္လက္ ကစားဖိ႔ု ဆႏၵရွိေနျပီး သက္တမ္းကုန္သြားရင္ေတာ့ နည္းျပေလာကကို ကူးေျပာင္းဖို႔ ရည္ရြယ္ထားတာလည္း ျဖစ္ပါတယ္။

ရြန္းေနကေတာ့ သူ႔ရဲ့ ဆႏၵေတြနဲ႔ ပတ္သက္ျပီး “ကြ်န္ေတာ္ရဲ့ ဘဝတေလွ်ာက္လံုးမွာ ေဘာလံုးကန္ရင္းနဲ႔ ၾကီးျပင္းလာရတာ ျဖစ္ျပီး ေဘာလံုးနဲ႔ပဲ အသက္ရွက္လာတာပါ။ ဒါေၾကာင့္ေဘာလံုးေလာကဆိုတာ ကြ်န္ေတာ္ရင္းႏီီွးေနတဲ့ အလုပ္တစ္ခုပါပဲ။ ကြ်န္ေတာ္တို႔ေတြအေနနဲ႔ ငယ္ငယ္ေလးကတည္းက ေဘာလံုးကစားလာၾကျပီး ေအာင္ျမင္လာခဲ့ၾကတာပါ။ ဒါေၾကာင့္လက္ရွိခ်ိန္ ေဘာလံုးသမားဘဝမွ အနားယူသြားတဲ့အခ်ိန္မွာေတာ့ ေဘာလံုးေလာကၾကီးကို ေက်ာခိုင္းသြားတာဟာ ရွက္စရာေကာင္းပါတယ္။ ေဘာလံုးေၾကာင့္ ကြ်န္ေတာ္တို႔ အမ်ားၾကီး တိုးတက္ခဲ့တာေၾကာင့္ ေဘာလံုးကို ျပန္ေပးဆပ္ရပါမယ္။ အနားယူလိုက္တာနဲ႔ ေဘာလံုးပြဲေတြကို ေက်ာခိုင္းသြားတယ္ဆိုတာ မျဖစ္သင့္တဲ့ ကိစၥပါ”

ဆက္လက္ျပီး “ဂ်ရတ္နဲ႔ လမ္းပတ္တို႔ဟာ ေဘာလံုးျမက္ခင္းေတြေပၚကေန စီမ့ခန္႔ခြဲရတဲ့ နည္းျပဘက္ကို ကူးေျပာင္းသြားၾကပါျပီ။ ဒါဟာေကာင္းမြန္တဲ့အခ်က္ျဖစ္ျပီး ဒီလမ္းဟာေကာင္းတယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္။ လက္ရွိခ်ိန္မွာ ငယ္ငယ္နဲ႔ အရည္ခ်င္းရွိတဲ့ အဂၤလိပ္နည္းျပေတြ မ်ားမ်ားေပၚထြက္လာဖိ႔ု လိုအပ္ပါတယ္။ ကြ်န္ေတ္ာကေတာ့ ေနာက္ ၄ ႏွစ္ေလာက္ဆိုရင္ေတာ့ သူတို႔လိုနည္းျပေတြ ပရီးမီးယားလိဂ္လို အဆင့္ျမင့္တဲ့ လိဂ္ေတြမွာ နည္းျပႏိုင္မယ္လို႔ ေျပာရဲပါတယ္။ တကယ္တမ္းကေတာ့ ေဘာလံုးကစားရတာထက္ အသင္းတသင္းကို စီမ့ခန္႔ခြဲရတာက ပိုျပီးေတာ့ ခက္တယ္လို႔ ထင္ပါတယ္” ဟုေျပာၾကားသြားခဲ့ပါတယ္။

unicode

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း၊ အင်္ဂလန်အသင်းကြီးရဲ့ အသင်းခေါင်းဆောင်ဟောင်း တိုက်စစ်မှူးကြီး ဝိန်းရွန်းနီကတော့ သူဘောလုံး ကစားသမားဘဝက အနားယူပါက ပြုလုပ်ချင်နေတဲ့ ဆန္ဒတစ်ခုကိုတော့ ထုတ်ဖော်ပြောကြားသွား ခဲ့ပြီဖြစ်ပါတယ်။ တိုက်စစ်မှူး ရွန်းနေကတော့ သူဘောလုံးကစားသမားဘဝ မှ အနားယူခဲ့ပါက နည်းပြတယောက်အဖြစ် ရပ်တည်သွားဖို့ ဆန္ဒရှိတယ်ဟု ပြောခဲ့ပါတယ်။ ရွန်းနီရဲ့ အင်္ဂလန်အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ ဂျရတ်နဲ့ လမ်းပတ်တို့ကလည်း လက်ရှိချိန်မှာတော့ နည်းပြကိုယ်စီလုပ်ကိုင်နေတာကြောင့် ရွန်းနေကလည်း သူတို့လိုလမ်းစဉ်ကိုလိုက်ဖို့ စိတ်အား ထက်သန်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရွန်းနေဟာ မေဂျာလိပ်ကလပ်တစ်ခုဖြစ်တဲ့ ဒီစီယူနိုက်တက်မှာ ကစားနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့အနေနဲ့ တဖက်တွင် ဥရောပဘောလုံးအဖွဲ့အစည်းရဲ့ နည်းပြ ဘီ လိုင်စင်ရရှိအောင်လည်း ကြိုးစားနေကြောင်း သိရပါတယ်။ ရွန်းနေဟာ အဲဗာတန်အသင်းကနေ ထွက်ခဲ့ပြီး ဒီစီယူနိုက်တက်နဲ့ ၂၀၂၂ ထိ စာချုပ်ချုပ်ဆိုထားတာကြောင့် သူ့အနေနဲ့ကတော့ စာချုပ်ကုန်တဲ့အထိ ဘောလုံးဆက်လက် ကစားဖို့ ဆန္ဒရှိနေပြီး သက်တမ်းကုန်သွားရင်တော့ နည်းပြလောကကို ကူးပြောင်းဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

ရွန်းနေကတော့ သူ့ရဲ့ ဆန္ဒတွေနဲ့ ပတ်သက်ပြီး “ကျွန်တော်ရဲ့ ဘဝတလျှောက်လုံးမှာ ဘောလုံးကန်ရင်းနဲ့ ကြီးပြင်းလာရတာ ဖြစ်ပြီး ဘောလုံးနဲ့ပဲ အသက်ရှက်လာတာပါ။ ဒါကြောင့်ဘောလုံးလောကဆိုတာ ကျွန်တော်ရင်းနီီှးနေတဲ့ အလုပ်တစ်ခုပါပဲ။ ကျွန်တော်တို့တွေအနေနဲ့ ငယ်ငယ်လေးကတည်းက ဘောလုံးကစားလာကြပြီး အောင်မြင်လာခဲ့ကြတာပါ။ ဒါကြောင့်လက်ရှိချိန် ဘောလုံးသမားဘဝမှ အနားယူသွားတဲ့အချိန်မှာတော့ ဘောလုံးလောကကြီးကို ကျောခိုင်းသွားတာဟာ ရှက်စရာကောင်းပါတယ်။ ဘောလုံးကြောင့် ကျွန်တော်တို့ အများကြီး တိုးတက်ခဲ့တာကြောင့် ဘောလုံးကို ပြန်ပေးဆပ်ရပါမယ်။ အနားယူလိုက်တာနဲ့ ဘောလုံးပွဲတွေကို ကျောခိုင်းသွားတယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စပါ”

ဆက်လက်ပြီး “ဂျရတ်နဲ့ လမ်းပတ်တို့ဟာ ဘောလုံးမြက်ခင်းတွေပေါ်ကနေ စီမ့ခန့်ခွဲရတဲ့ နည်းပြဘက်ကို ကူးပြောင်းသွားကြပါပြီ။ ဒါဟာကောင်းမွန်တဲ့အချက်ဖြစ်ပြီး ဒီလမ်းဟာကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ လက်ရှိချိန်မှာ ငယ်ငယ်နဲ့ အရည်ချင်းရှိတဲ့ အင်္ဂလိပ်နည်းပြတွေ များများပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ ကျွန်တေ်ာကတော့ နောက် ၄ နှစ်လောက်ဆိုရင်တော့ သူတို့လိုနည်းပြတွေ ပရီးမီးယားလိဂ်လို အဆင့်မြင့်တဲ့ လိဂ်တွေမှာ နည်းပြနိုင်မယ်လို့ ပြောရဲပါတယ်။ တကယ်တမ်းကတော့ ဘောလုံးကစားရတာထက် အသင်းတသင်းကို စီမ့ခန့်ခွဲရတာက ပိုပြီးတော့ ခက်တယ်လို့ ထင်ပါတယ်” ဟုပြောကြားသွားခဲ့ပါတယ်။