ျမင္လိုက္တာနဲ႔ ႏႈတ္ဆြံ႕အသြားေစမယ့္ ေဟာလိဝုက ကမၻာေက်ာ္ေတြရဲ႕. ငယ္႐ုပ္ျမင္ကြင္းမ်ား

လူတေယာက္ကို ျမင္လိုက္ရံုနဲ႔ သူ႕ရဲ႕ငယ္႐ုပ္ကို နဲ႕ ငယ္ဘဝပံုစံေတြကို ခန္႔မွန္းေတြးဆၾကည့္ဖို႔ အေတာ္ခက္ပါလိမ့့္မယ္။ ဒီလိုလူေတြထဲမွာ တကမၻာလုံးက ပရိသတ္ေတြ သဲသဲလႈပ္အားေပးရပါတယ္ဆိုတဲ့ ခန္႕ ညားေခ်ာမာလွပလြန္းလွပါတယ္ဆိုတဲ့ ေဟာလိဝုက ကမၻာေက်ာ္ႀကီးေတြလည္း ပါဝင္ပါတယ္။

သူတို႔ရဲ႕ ငယ္႐ုပ္သြင္ျပင္ကို ျမင္ရင္ တျခားတေယာက္မ်ား လူစားထိုးခဲ့သလားလို႔ ထင္မွတ္မွားေလာက္စရာ နာမည္ေက်ာ္ ေဟာလိဝု စတားႀကီးေတြရဲ႕ ငယ္ဘဝဓာတ္ပံုေတြနဲ႔ သူတို႔ရဲ႕ ငယ္က်ိဳးငယ္႐ုပ္ေတြကို ေဖာ္သြားေတာ့မွာ ျဖစ္ပါတယ္ေနာ္။

အဲ့ဒီအခ်ိန္ သူတို႔ငယ္ရြယ္စဥ္ ကမၻာေက်ာ္စတားႀကီးေတြ မျဖစ္ခင္က ဆံပင္ပံုစံ ဝတ္စားထားတဲ့ဖက္႐ွင္ပံုစံ သြားအထိန္းတပ္ထားတာမ်ိဳးေတြ အေတာ္ ဆန္းဆန္းျပားျပားျမင္ေတြ႕ရမွာပါ။ အခုခ်ိန္မွာေတာ့ အသက္အရြယ္နဲ႔ အမ်ွ ခန္႕ညားေတာက္ပၿပီး ခမ္းနားလွတဲ့ ႏွစ္ခ်ိဳ႕ဝိုင္ေတြလို ေျပာင္းလဲသြားခဲ့ၾကၿပီဆုိတာလည္း ထည့္ေျပာပါရေစ။ ကဲ စမယ္ေနာ္။



တြမ္ခ႐ုဇ္




မင္းသားႀကီး တြမ္ကေတာ့ ပ်ိဳေမတို႕အႀကိဳက္ ညႇိဳ႕အားျပင္းမင္းသားအျဖစ္ လက္႐ွိအခ်ိန္အထိ အေခ်ာမပ်က္ ႐ုပ္မက် ဘဲ ဗိုလ္ဝင္ခံတဲ၊ အမ်ိဳးသမီးေလးေတြရဲ႕ အိပ္မက္သခင္ေလးျဖစ္ေနဆဲပါေနာ္။ သူငယ္ငယ္ကက်ေတာ့ သြားက်ိဳးေလးနဲ႔ အေတာ္႐ုပ္ဆိုးတာကလား။

ဟီလာရီဒပ္ဖ္



ဟီလာရီဒပ္ဖ္လည္း အခုခ်ိန္မွသာ ၾကည့္ေကာင္းလို႔သာ ၾကည့္ေကာင္းေနေတာ့တာ… က်က္သေရ႐ွိ႐ွိအလွအပကိုလည္း ပိုင္ဆိုင္ထားပါတယ္။ ငယ္ငယ္ကက်ေတာ့ ဘယ္လို႐ုပ္ေလးမ်ိဳးလဲေနာ္။ ေၾကာင္ေခ်း႐ုပ္ဆိုတာမ်ိဳးလားပဲ။

မာ့ခ္ရက္ဖဲလို

သြားအထိန္းအမည္းေလးနဲ႔ ခန္႔ေခ်ာႀကီး မာ့ခ္ကိုျမင္ေတြ႕ ၾကရမွာပါ။ နည္းနည္းေတာ့ အသည္းနာဖို႔ေကာင္းပါတယ္ေနာ္။ သူငယ္ငယ္က အဲ့ေလာက္ႀကီး႐ုပ္မဆိုးခဲ့ေတာ့ ထိုးႏွက္စရာမ႐ွိေတာ့လို့ပါ။

ူဒ႐ူးဘယ္ရီမိုး

မင္းသမီး ဒ႐ူးဘယ္ရီမိုးက ငယ္႐ုပ္မေပ်ာက္တဲ့သူေတြထဲက ထိပ္တန္းလို္႔ ေျပာရမွာပါ။ အသက္ေလးအရြယ္ေလးရလာတာကလြဲရင္ ကေလးေလးလို အျပစ္ကင္းစင္လွတဲ့ မ်က္ႏွာေပါက္က တပံုစံတည္းကိုးဗ်။

႐ိုင္ယန္ဆီးကရက္စ္

႐ိုင္ယန္ရဲ႕ ငယ္႐ုပ္ကိုလည္း ၾကည့္ၾကပါဦး။ American Idol စင္ျမင့္ေပၚမွာ ဟိတ္ဟန္အျပည့္နဲ႕ တင္ဆက္ေနၿပိီး အမ်ိဳးသမီးထုကိုဖမ္းစားထားေပမဲ့ ငယ္ငယ္တုန္းက မ်က္မွန္နဲ႔ ဝဝကစ္ကစ္ေလး ဆိုတာေတာ့ ဆက္ညာလို႔မရေတာ့ပါဘူး။

ဘရစ္တနီစပီးယားစ္

ဘရစ္တနီရဲ႕ ငယ္႐ုပ္ပံုစံေလးက အေတာ္ေလးအိေျႏၵရေနေတာ့ ေျပာစရာမဲ့ေစပါတယ္။ သူလည္း ကံအေတာ္ေကာင္းသူလို႔ ဆိုရမွာျဖစ္ၿပီး ငယ္မ်က္ႏွာ နဲ႔ ငယ္မူငယ္ေသြးက ေပၚလြင္ထင္က်န္ေနေစပါတယ္။

Unicode

လူတယောက်ကို မြင်လိုက်ရုံနဲ့ သူ့ရဲ့ငယ်ရုပ်ကို နဲ့ ငယ်ဘဝပုံစံတွေကို ခန့်မှန်းတွေးဆကြည့်ဖို့ အတော်ခက်ပါလိမ့်မယ်။ ဒီလိုလူတွေထဲမှာ တကမ္ဘာလုံးက ပရိသတ်တွေ သဲသဲလှုပ်အားပေးရပါတယ်ဆိုတဲ့ ခန့် ညားချောမာလှပလွန်းလှပါတယ်ဆိုတဲ့ ဟောလိဝုက ကမ္ဘာကျော်ကြီးတွေလည်း ပါဝင်ပါတယ်။

သူတို့ရဲ့ ငယ်ရုပ်သွင်ပြင်ကို မြင်ရင် တခြားတယောက်များ လူစားထိုးခဲ့သလားလို့ ထင်မှတ်မှားလောက်စရာ နာမည်ကျော် ဟောလိဝု စတားကြီးတွေရဲ့ ငယ်ဘဝဓာတ်ပုံတွေနဲ့ သူတို့ရဲ့ ငယ်ကျိုးငယ်ရုပ်တွေကို ဖော်သွားတော့မှာ ဖြစ်ပါတယ်နော်။

အဲ့ဒီအချိန် သူတို့ငယ်ရွယ်စဉ် ကမ္ဘာကျော်စတားကြီးတွေ မဖြစ်ခင်က ဆံပင်ပုံစံ ဝတ်စားထားတဲ့ဖက်ရှင်ပုံစံ သွားအထိန်းတပ်ထားတာမျိုးတွေ အတော် ဆန်းဆန်းပြားပြားမြင်တွေ့ရမှာပါ။ အခုချိန်မှာတော့ အသက်အရွယ်နဲ့ အမျှ ခန့်ညားတောက်ပပြီး ခမ်းနားလှတဲ့ နှစ်ချို့ဝိုင်တွေလို ပြောင်းလဲသွားခဲ့ကြပြီဆိုတာလည်း ထည့်ပြောပါရစေ။ ကဲ စမယ်နော်။

တွမ်ခရုဇ်

မင်းသားကြီး တွမ်ကတော့ ပျိုမေတို့အကြိုက် ညှို့အားပြင်းမင်းသားအဖြစ် လက်ရှိအချိန်အထိ အချောမပျက် ရုပ်မကျ ဘဲ ဗိုလ်ဝင်ခံတဲ၊ အမျိုးသမီးလေးတွေရဲ့ အိပ်မက်သခင်လေးဖြစ်နေဆဲပါနော်။ သူငယ်ငယ်ကကျတော့ သွားကျိုးလေးနဲ့ အတော်ရုပ်ဆိုးတာကလား။

ဟီလာရီဒပ်ဖ်

ဟီလာရီဒပ်ဖ်လည်း အခုချိန်မှသာ ကြည့်ကောင်းလို့သာ ကြည့်ကောင်းနေတော့တာ… ကျက်သရေရှိရှိအလှအပကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ငယ်ငယ်ကကျတော့ ဘယ်လိုရုပ်လေးမျိုးလဲနော်။ ကြောင်ချေးရုပ်ဆိုတာမျိုးလားပဲ။

မာ့ခ်ရက်ဖဲလို

သွားအထိန်းအမည်းလေးနဲ့ ခန့်ချောကြီး မာ့ခ်ကိုမြင်တွေ့ ကြရမှာပါ။ နည်းနည်းတော့ အသည်းနာဖို့ကောင်းပါတယ်နော်။ သူငယ်ငယ်က အဲ့လောက်ကြီးရုပ်မဆိုးခဲ့တော့ ထိုးနှက်စရာမရှိတော့လို့ပါ။

ူဒရူးဘယ်ရီမိုး

မင်းသမီး ဒရူးဘယ်ရီမိုးက ငယ်ရုပ်မပျောက်တဲ့သူတွေထဲက ထိပ်တန်းလို့် ပြောရမှာပါ။ အသက်လေးအရွယ်လေးရလာတာကလွဲရင် ကလေးလေးလို အပြစ်ကင်းစင်လှတဲ့ မျက်နှာပေါက်က တပုံစံတည်းကိုးဗျ။

ရိုင်ယန်ဆီးကရက်စ်

ရိုင်ယန်ရဲ့ ငယ်ရုပ်ကိုလည်း ကြည့်ကြပါဦး။ American Idol စင်မြင့်ပေါ်မှာ ဟိတ်ဟန်အပြည့်နဲ့ တင်ဆက်နေပြီး အမျိုးသမီးထုကိုဖမ်းစားထားပေမဲ့ ငယ်ငယ်တုန်းက မျက်မှန်နဲ့ ဝဝကစ်ကစ်လေး ဆိုတာတော့ ဆက်ညာလို့မရတော့ပါဘူး။

ဘရစ်တနီစပီးယားစ်

ဘရစ်တနီရဲ့ ငယ်ရုပ်ပုံစံလေးက အတော်လေးအိန္ဒြေရနေတော့ ပြောစရာမဲ့စေပါတယ်။ သူလည်း ကံအတော်ကောင်းသူလို့ ဆိုရမှာဖြစ်ပြီး ငယ်မျက်နှာ နဲ့ ငယ်မူငယ်သွေးက ပေါ်လွင်ထင်ကျန်နေစေပါတယ်။

Tags: