မြင်သူတိုင်း မချစ်ပဲမနေနိုင်မယ့် ကမ္ဘာ့ချစ်ဖို့အကောင်းဆုံး ခွေးအမျိုးအစား (၅) မျိုး

ခွေးတွေဆိုတာ လူတွေရဲ့ အကောင်းဆုံးသူငယ်ချင်းဆိုတဲ့ စကားလည်းရှိပါတယ်။ ဟိုးအရင်ခေတ်အဆက်ဆက်ကတည်းက ခွေးတွေဟာ လူတွေရဲ့သစ္စာရှိတဲ့အဖော်မွန်တွေအဖြစ်ရပ်တည်လာကြပြီး သခင်အတွက်ဆိုဘာပဲလုပ်ရလုပ်ရ စွန့်လွှတ်အနစ်နာခံတတ်တဲ့ခွေးလေးတွေရဲ့ ဇာတ်လမ်းတွေကိုလည် တော်တော်များများကြားဖူးကြမှာပါ။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် မြင်သူတိုင်း အသည်းတွေကြွေကျပြီးမချစ်ပဲမနေနိုင်အောင်ဖြစ်စေမယ့် ကမ္ဘာ့ချစ်ဖို့အကောင်းဆုံးခွေးအမျိုးအစားတွေကိုဖော်ပြပေးလိုက်ပါတယ်။

Golden Retrievers



GR တွေကတော့ ကမ္ဘာ့ချစ်ဖို့အကောင်းဆုံးခွေးအမျိုးအစားတွေထဲမှာတစ်ခုအပါအဝင်အဖြစ်လူတိုင်းက လက်ခံထားပြီးသားပါ။ GR တွေဟာ လူတော်တော်များများနဲ့လည်းအဆင်ပြေသလိုမျိုးနဲ့ရိုးနဲ့သဘောကောင်းတဲ့ ခွေးအမျိုးအစားတွေလည်းဖြစ်ပါတယ်။ အရာရာကိုသည်းခံတတ်ပြီး သစ္စာလည်းရှိတဲ့ GRတွေဟာ ရာသီဥတုအမျိုးမျိုးနဲ့လည်းလိုက်လျောညီထွေအောင်နေတတ်တယ်လို့သိရပါတယ်။ GR တွေကများသောအားဖြင့် အကောင်ကြီးမျိုးတွေဖြစ်ပြီး လူကြိုက်များပြီးအချစ်ခံရတဲ့ ခွေးအမျိုးအစားပါ။ သူတို့ရဲ့အရမ်းကိုသိတတ်တဲ့ မျက်နှာအမူအရာလေးတွေက သင့်ကို အသည်းနှလုံးတွေကြွေကျသွားစေမှာပါ။

Shih Tzu




Shih Tzu ဆိုတဲ့နာမည်က တရုတ်လို ခြင်္သေ့ပေါက်လေးလို့အဓိပ္ပါယ်ရပါတယ်။ Shih Tzu လေးတွေဟာ တကယ့်ကိုသေးသေးလေးတွေဖြစ်ပြီး အမွှေးလုံးလုံးအိအိလေးတွေနဲ့ နှလုံးသားတွေအရည်ပျော်အောင်လည်းချွဲတတ်ပါသေးတယ်။ သူတို့ဟာ လူရဲ့အာရုံစိုက်မှုဂရုစိုက်မှုတွေကိုအချိန်ပြည့်လိုချင်နေပြီးအမြဲတမ်းလူနားမှာ တအိအိနဲ့ချွဲနေတတ်တာကြောင့် သူတို့ကိုမွေးမိရင် ရည်းစားတစ်ယောက်ကောက်ရလိုက်သလိုပဲလို့ပြောစမှတ်ပြုကြပါတယ်။ဒါပေမယ့် Shih Tzu လေးတွေက တော်တော်လေးကိုဈေးကြီးပါတယ်တဲ့။ ဖူးဖူးမှုတ်ထားမှအဆင်ပြေမယ့် ကလေးတွေပါ။

Bernese Mountain Dogs



Bernese Dogs တွေကတော့ အရွယ်အစားကြီးတဲ့ခွေးကြီးတွေပါ။ သူတို့က St.Bernards တွေလောက်မကြီးပဲ Mastiffs တွေနဲ့ အကောင်ကြီးတဲ့ခွေးမျိုးစိတ်တွေနဲ့စပ်ထားတာဖြစ်ပါတယ်။ သူတို့ကတော့ Switzerland ရဲ့ နှင်းခဲတွေဖုံးလွှမ်းပြီးအေးမြနေတဲ့ တောင်တန်းတွေပေါ်မှာနေထိုင်တဲ့ ဒေသခံတွေကိုအကူအညီပေးတဲ့ ခွေးကြီးတွေဖြစ်ပါတယ်။ သူတို့ဟာ အိမ်မွေးခွေးအမျိုးအစားတွေဖြစ်ပြီး အိမ်နဲ့ခြံပတ်ပတ်လည်ကို ကူညီစောင့်ရှောက်ရာမှာကောင်းကောင်းကြီးအားကိုးရတဲ့ ခွေးအမျိုးအစားဖြစ်ပြီး အိမ်တွင်းအလုပ်တွေကိုလည်းကူညီတတ်တဲ့အသိညဏ်မြင့်မားတဲ့ မျိုးစိတ်တစ်ခုလို့လည်းဆိုနိုင်ပါတယ်။ မြင်တာနဲ့အားကိုးချင်စရာချစ်ချင်စရာခွေးကြီးတွေလို့ဆိုရင်လည်းမမှားနိုင်ပါဘူး။

Great Dane

ဂရိတ်ဒိန်းကြီးတွေကတော့ လူတွေနဲ့ရင်းနှီးပြီးသားဖြစ်သလို အရွယ်နဲ့မလိုက်ချွဲတတ်တဲ့ ခွေးကြီးတွေပါ။ ဂရိတ်ဒိန်းတွေက မြင်လိုက်တာနဲ့ ကြောက်စရာလန့်စရာခန့်ညားတဲ့အသွင်ရှိပြီး သခင်ကိုကောင်းကောင်းကြီးကာကွယ်ပေးနိုင်သူတွေဖြစ်ပါတယ်။ ဂရိတ်ဒိန်းတွေဟာ ကမ္ဘာ့အကောင်အကြီးဆုံးနဲ့ ချစ်ဖို့အကောင်းဆုံးခွေးအမျိုးအစားထဲမှာပါဝင်ပါတယ်။ သူတို့က တစ်ခါတစ်ခါ ကိုယ့်အရွယ်အစားကိုယ်မေ့ပြီး သူတို့ခန္ဓာကိုယ်ကြီးတွေနဲ့ လူပေါ်တက်ပြီးချွဲချင်သူတွေလည်းဖြစ်ပါသေးတယ်။ သူတို့ရဲ့အရွယ်နဲ့မလိုက်အောင်ချွဲတတ်တဲ့မျက်နှာပေးလေးတွေနဲ့လိမ္မာသိတတ်မှုတွေကြားမှာအသည်းတွေတဖြုတ်ဖြုတ်ကြွေရမှာအမှန်ပါပဲ။

Dalmations

Dalmations တွေကတော့ မှတ်မိလွယ်တဲ့ခွေးအမျိုးအစားဖြစ်ပြီး ချစ်စရာကောင်းတဲ့ အဖြူနဲ့အနက်အစက်အပြောက်တွေနဲ့ ပဏ္ဏာရလှပနေတဲ့ ခွေးကြီးတွေကိုချစ်ချင်သူတွေမွေးချင်သူတွေက ပေါများပါတယ်။ Dalmations မျိုးနွယ်ဟာ ခရိုအေးရှားကနေ စတင်ပျံ့နှံ့လာတာဖြစ်ပြီး သူတို့က လူကိုတွယ်တာတတ်ပြီး သခင်ကိုလည်း သစ္စာရှိရှိနဲ့ကာကွယ်ပေးတတ်သလို သခင်ဘာဖြစ်နေတယ်ဆိုတာကိုလည်းအရိပ်အကဲကြည့်ရုံနဲ့သိတတ်တဲ့ ညဏ်ရည်မြင့်မားတဲ့ မျိုးနွယ်တွေဖြစ်ကြပါတယ်။

အခုပြောပြသွားတာကတော့ ကမ္ဘာ့ချစ်ဖို့အကောင်းဆုံးခွေးမျိုးစိတ်တွေအကြောင်းပါ။ ပရိသတ်ကြီးရော ဘယ်မျိုးစိတ်ကိုအချစ်ဆုံးလဲ။ ကိုယ့်အိမ်မှာမွေးထားတဲ့ သားသားမီးမီးလေးတွေရှိရင်လည်း ဓာတ်ပုံလေးတွေ ဝေမျှခဲ့ကြပါဦး။

Unicode



Golden Retrievers


Shih Tzu


Bernese Mountain Dogs


Great Dane


Dalmations



Tags: